Saturday, October 13, 2018

နံပါတ် (၅) စည်းမျဉ်း အပိုင်း(၁)

ပါရာဇိကဏ်လက်စွဲ
နံပါတ် (၅) စည်းမျဉ်း အပိုင်း(၁)
************
ပါရာဇိကဏ် နံပါတ်(၅)ပုစ္ဆာ၌ ဓာတ်, ပစ္စည်း,ဝိဘတ်, ကာရက, ကြိယာ လိင်တို့၏ အနက်,အဓိပ္ပါယ်ကိုလည်း​ကောင်း၊ ပုဒ်​တို့၏အမည်​, လိင်​, ဂိုဏ်း, ကာရန်​ အဆုံးအဖြတ်ကိုလည်း​ကောင်း မေးလေ့ရှိသည်။
#######

နံပါတ် (၅) စည်းမျဉ်း ​လေ့လာနည်း
********
ဓာတ်-ပစ်-ဝိဘတ်, လိင်-ကာမှတ်,ကြိယတ် ခြောက်စုံမှာ။
မေးပုဒ်​ရှုကာ, စီစစ်ပါ, လျော်ရာ ဖြေဆိုရ။
ပုဒ်​နှင့်​လိင်​မှန်​, ဂိုဏ်း-ကာရန်​, ​လေးတန်​ တနည်းကြံ။

၁။ ဓာတ်​,ဓာတ်​နက်​,
၂။ ပစ္စည်း,ပစ္စည်းအနက်​,
၃။ ဝိဘတ်​,ဝိဘတ်​အနက်​,
၎။ လိင်​,လိင်​အနက်​,
၅။ ကာရက,ကာရကအနက်​,
၆။ ကြိယာ,ကြိယာအနက်​ တို့ကို ​မေး​သောပုစ္ဆာကိုရှု၍ သင့်​​လျော်​ရာကို ​ဖြေဆိုပါ
၇။ ပုဒ်​အမည်​, လိင်​,(လိင်​အနက်​),
ဂိုဏ်း, ကာရန်​တို့ကို အဋ္ဌသာလီနိ၌ ​မေ့​လေ့ရှိ​သော်​လည်း ဤပါရာဇိကဏ်​၌ ရံခါ ​မေ့​လေ့ရှိ​သော​ကြောင့်​ ဒုတိယပိုင်းအဖြစ်​​လေ့လာထားပါ။
########

ပုဒ်​တစ်​ပုဒ်​ကို ​တွေ့ရာ၌
ပထမပိုင်းအဖြစ်​= ဓာတ်​(နှင့်​ ဓာတ်​နက်),​ပစ္စည်း(နှင့်​ ပစ္စည်းအနက်​),(ဝိဘတ်​နှင့်​ဝိဘတ်​အနက်​)တို့ကို စဉ်းစာစီးစစ်​ပါ။

ဒုတိယပိုင်းအဖြစ်​=ပုဒ်​အမည်​,လိင်​(နှင့်​ လိင်​အနက်​),ဂိုဏ်း,ကာရန်​,တို့ကို စဉ်းစာစီးစစ်​ပါ။

ထိုသို့ စဉ်းစားစီးစစ်​နိုင်​ရန်​ စည်းမျဉ်းဆိုင်​ရာ သိထားသင့်​​သော အရာများကို ပြဆိုပါမည်​။
########

ပထမပိုင်းအတွက်​ မှတ်ဖွယ် (၆) စုံ
**********
ဓာတ်-ပစ်-ဝိဘတ်, လိင်-ကာမှတ်,ကြိယတ် ခြောက်စုံမှာ။
မေးပုဒ်​ရှုပါ, စီစစ်ကာ, လျော်စွာ ဖြေဆိုရ။

၁။ ဓာတ်​,ဓာတ်​နက်​,
၂။ ပစ္စည်း,ပစ္စည်းအနက်​,
၃။ ဝိဘတ်​,ဝိဘတ်​အနက်​,
၎။ လိင်​,လိင်​အနက်​,
၅။ ကာရက,ကာရကအနက်​,
၆။ ကြိယာ,ကြိယာအနက်​ တို့ကို ​လေ့လာပါ။

မှတ်​ချက်​။ ဓာတ်​ကို ​တွေ့လျှင်​ ဓာတ်​၏အနက်​ကိုပါ သတိပြုပါ။

ပစ္စည်းကို ​တွေ့လျှင်​ ပစ္စည်း၏အနက်​ကိုပါ သတိပြုပါ။

ဝိဘတ်​ကို ​တွေ့လျှင်​ ဝိဘတ်​၏အနက်​ကိုပါ သတိပြုပါ။

လိင်​,ကို ​တွေ့လျှင်​ လိင်​၏အနက်​,ဂိုဏ်း, ကာရန်​တို့ကိုပါ သတိပြုပါ။

ကာရကကို ​တွေ့လျှင်​ ကာရက၏အနက်​ကိုပါ သတိပြုပါ။

ကြိယာကို ​တွေ့လျှင်​ ကြိယာ၏အနက်​ကိုပါ သတိပြုပါ။
#############

၁။ ဓာတု နှင့် ဓာတွတ္ထ(ဓာတ်နှင့်ဓာတ်နက်)
၂။ ပစ္စယ နှင့် ပစ္စယတ္ထ(ပစ္စည်းနှင့်ပစ္စည်းနက်)
၃။ ဝိဘတ္တိ နှင့် ဝိဘတျတ္ထ (ဝိဘတ်နှင့် ဝိဘတ်နက်)
၎။ လိင်္ဂနှင့် လိင်္ဂတ္ထ(လိင်နှင့်လိင်နက်)
၅။ ကာရကနှင့် ကာရကတ္ထ (ကာရကနှင့်ကာရကအနက်)
၆။ ကြိယာနှင့် ကြိယာတ္ထ(ကြိယာနှင့် ကြိယာအနက်
########

(၁) ဓာတု နှင့် ဓာတွတ္ထ(ဓာတ်နှင့်ဓာတ်နက်)
********
ဂမု,ပစ-စသော အာချာတ်ဓာတ်များနှင့် ကိတ်ဓာတ်များကို (ဓာတု-ဓာတ်)ဟု ခေါ်သည်။
ဂမုဓာတ်၏ ဂတိအနက်, ပစဓာတ်၏ ပါကအနက် စသော ဓာတ်၏အနက်များကို (ဓာတွတ္ထ-ဓာတ်၏အနက်)ဟု ခေါ်သည်။

မှတ်​ချက်​။ ဓာတ်​နက်​များကို အလွယ်​ဆုံးဖြတ်​နိုင်​ရန်​ အ​ခြေပြုသဒ္ဒါသုတ်​နက်​ကျမ်းပါ ဓာတ်​အနက်​​လောက်​ကို​တော့ အာဂုံ​ဆောင်​ထားသင့်​ပါသည်​။ ထိုထက်​ပိုစွမ်းနိုင်​ပါက ဓာတွတ္ထပန်းကုံးသည်​ ဓာတ်​​ပေါင်း(၁၉၂၅)လုံးဖြင့်​ တည်း​ဆောက်​ထားသည်​ဖြစ်​ရာ ဓာတွတ္ထပန်းကုံး၌ပါ​သော ဓာတ်​(၁၉၂၅)လုံးကို တ​စ်​​နေ့ မိမိနိုင်​သ​လောက်​ စာသင်​သားနှင့်​တန်​​သော အာဂုံ​ဆောင်​နည်းဖြင့်​ ​ဆောင်​ထားသင့်​ပါသည်​။
###########

(၂) ပစ္စယ နှင့် ပစ္စယတ္ထ(ပစ္စည်းနှင့်ပစ္စည်းနက်)
********
အာ,ဤ,ဣနီ-စသော နာမ်ပစ္စည်းများ၊ ခ,ဆ,သ-စသော အာချာတ်ပစ္စည်းများ၊ တ-စသော ကိတ်ပစ္စည်းများ၊ ဏ-စသော တဒ္ဓိတ်ပစ္စည်းများကို (ပစ္စယ-ပစ္စည်း) ဟု ခေါ်သည်။

နာမ်ပစ္စည်း, အာချာတ်ပစ္စည်းတို့၏ ဇောတေတဗ္ဗတ္ထ စသော အနက်များ၊ ကိတ်ပစ္စည်းတို့၏ ကတွတ္ထ စသော အနက်များ၊ တဒ္ဓိတ်ပစ္စည်းတို့၏ အပစ္စ စသော အနက်များကို (ပစ္စယတ္ထ-ပစ္စည်း၏အနက်) ဟု ခေါ်သည်။
###############

(၃)ဝိဘတ္တိ နှင့် ဝိဘတျတ္ထ (ဝိဘတ်နှင့် ဝိဘတ်နက်)
**************
သိ, ယော- စသော နာမ်ဝိဘတ်များ၊
တိ, အန္တိ -စသော အာချာတ်ဝိဘတ်များကို (ဝိဘတ္တိ-ဝိဘတ်)ဟု ခေါ်သည်။

နာမ်ဝိဘတ်တို့၏ လိင်္ဂတ္ထ-စသော အနက်များ၊
အာချာတ်ဝိဘတ်တို့၏ ကတွတ္ထ-စသော အနက်များကို  (ဝိဘတျတ္ထ-ဝိဘတ်၏အနက်)ဟု ခေါ်သည်။
############

(၄) လိင်္ဂနှင့် လိင်္ဂတ္ထ(လိင်နှင့်လိင်နက်)
***********
ပုလ္လိင်, နပုလ္လိင်, ဣတ္ထိလိင်, ဒွိလိင်, တိလိင်, အလိင်-တို့ကို (လိင်္ဂပဒ-လိင်)ဟု ခေါ်သည်။

ပုလ္လိင်, နပုလ္လိင်, ဣတ္ထိလိင်, ဒွိလိင်, တိလိင်, အလိင်-တို့၏ သကတ်-စသောအနက်(၅)မျိုးနှင့် သစ်ပင်-စသော အနက်တို့ကို (လိင်္ဂတ္ထ-လိင်၏အနက်)ဟု ခေါ်သည်။
###########

(၅) ကာရကနှင့် ကာရကတ္ထ
*************
ကတ္တ္တုကာရက-စသည်နှင့် အာလပန-စသော အကာရကတို့ကို (ကာရက)ဟု ခေါ်သည်။

ကတ္တ္တုကာရက-စသည်တို့၏ ကတ္တုအနက်,စသည်တို့နှင့် အာလပန-စသော အကာရကတို့၏အာလုပ်စသောအနက်တို့ကို (ကာရကတ္ထ-ကာရက၏အနက်)ဟု ခေါ်သည်။
#######

(၆) ကြိယာနှင့် ကြိယာတ္ထ(ကြိယာနှင့် ကြိယာအနက်
**************
အာချာတ်ကြိယာနှင့် ကိတ်ကြိယာတို့ကို (ကြိယာ)ဟု ခေါ်သည်။
အာချာတ်ကြိယာနှင့် ကိတ်ကြိယာတို့၏ ကတ္တားအနက်,ကံအနက်စသည်တို့ကို (ကြိယာတ္ထ-ကြိယာ၏အနက်)ဟု ခေါ်သည်။

ထိုဓာတ်ပစ္စည်း စသည်ခွဲ ခြာတတ်ရန် ပုဒ်တို့၏သဘောကို ရှေ့ဦးစွာ သိထားရမည်။ ပုဒ်ဓာတ်ပစ္စည်းကို ခွဲခြာတတ်မှသာ ဝိဂြိုဟ်ပြုနည်းကို ကျွမ်းကျင်ပိုင်နိုင်ပါမည်။
###########
ဓမ္မာစရိယအလင်​အိမ်

Friday, September 21, 2018

နံပါတ်(၄)စည်းမျဉ်း အပိုင်း(၅)

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၄)စည်းမျဉ်း အပိုင်း(၅)
*******
သဗ္ဗနာမ်, ဥပသာရပုဒ်,နိပါတ်ပုဒ်,ဝိဘတ် ဉာသ်ကောက်နည်း
*********
ပုဒ်စစ်ကျမ်းလာ သဗ္ဗနာမ်ဉာသ်ကောက်, ဥပသာရပုဒ်ဉာသ်ကောက်,နိပါတ်ပုဒ်ဉာသ်ကောက်,ဝိဘတ် ဉာသ်ကောက်တို့ကိုလည်း လိုအပ်ချိန် အသုံးပြုနိုင်ရန် ကြည့်ရှုထားသင့်၍ ဖော်ပြပေးပါမည်။
#######

သဗ္ဗနာမ်ပုဒ်ဉာသ်ကောက်နည်း
*******

သဗ္ဗနာမ်ပုဒ်ဉာသ်ကောက်မှတ်ဖွယ်
*****
လိင်၏အမည်, ဖြစ်ကြောင်းသည်, ခေါ်မည် သဗ္ဗနာမ်။
အပဓာန, ဒြဗ်ရ, ဂုဏ ပဓာန သဗ္ဗနာမ်ရ။

သဗ္ဗေသံ ဣတ္ထိပုမနပုံသကာနံ နာမာနိသဗ္ဗနာမာနိ-ဟူသော ဝစနတ္ထနှင့်အညီ ဣတ္ထိလိင်, ပုလ္လိင်, နပုံလိင်တို့၏အမည်ဖြစ်သောကြောင့် သဗ္ဗနာမ်မည်၏။
သဗ္ဗနာမံ သာမညဝါစကံ-ဟူသည်နှင့်အညီ သဗ္ဗနာမ်ပုဒ်တို့၏အရ ဒြဗ်ကို အပဓာနကောက်, ဂုဏ်ကို ပဓာနကောက်ရမည်။

ယ-သဒ္ဒါကောက်
*****
ပုံစံ။ ယော ဘဂဝါ။
ယော ဘဂဝါ-ဟူသောပြယုဂ်၌
၁။ ယ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား ဘုရားဒြဗ်သည် အပဓာနအားဖြင့် ရ၏။
၂။ ဘုရားဒြဗ်၏ (အနိယမ သာမည)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

တ-သဒ္ဒါကောက်
******
ပုံစံ။ သော ဘဂဝါ။
သော ဘဂဝါ-ဟူသောပြယုဂ်၌
၁။ တ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (နိယမ သာမည)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
********
ပုံစံ။ တဿ ဘဂဝတော။
တဿ ဘဂဝတော-ဟူသောပြယုဂ်၌
၁။ တ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား (အလွန်ဝေးစွာသော အရပ်၌ တည်ရှိနေသော) ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (ပရံမုခ သာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

ဧတ-သဒ္ဒါကောက်
******
ပုံစံ။ ဧတဿ ဘဂဝတော။
ဧတဿ ဘဂဝတော-ဟူသောပြယုဂ်၌
၁။ တ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား (မနီးမဝေးသော အရပ်၌ တည်ရှိနေသော) ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (နာတိဒူရနာတိသမီပ သာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

ဣမ-သဒ္ဒါကောက်
*******
ပုံစံ။ ဣမဿ ဘဂဝတော။
ဣမဿ ဘဂဝတော-ဟူသောပြယုဂ်၌
၁။ ဣမ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား (အလွန်နီးသော အရပ်၌ တည်ရှိနေသော) ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (အစ္စန္တသမီပသာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

အမှ-သဒ္ဒါကောက်
********
ပုံစံ။ အဟံ ဗုဒ္ဓံ နတွာ။
အဟံ ဗုဒ္ဓံ နတွာ-ဟူသောပြယုဂ်၌
၁။ အမှ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား ရှိခိုးလိုသော ခန္ဓာကိုယ်ဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ခန္ဓာကိုယ်ဒြဗ်၏ (သာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။

သဗ္ဗနာမ်ပုဒ်ဉာဝ်ကောက်အကျဉ်းပြီး၏။
############

ဥပသာရပုဒ်ဉာသ်ကောက်အကျဉ်း
*******
ဝိ-ဥပသာရပုဒ်ကောက်
******
ပုံစံ။ ဝိသုဒ္ဓိ။
ဝိသုဒ္ဓိဟူသော ပြယုဂ်၌
၁။ ဝိသဒ္ဒါသည် (ဝိသေသတ္ထ) ဇောတကဥပသာရပုဒ် ဖြစ်ကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ ဝိ-ဟူသော ဥပသာရပုဒ်၏ အရကား အထူးသဖြင့် စင်ကြယ်သော ပဟာနပဟာန်ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
#######

သံ-ဥပသာရပုဒ်ကောက်
******
ပုံစံ။ သမ္ပာပကံ။
သမ္ပာပကံ ဟူသော ပြယုဂ်၌
၁။ သံသဒ္ဒါသည် (သမ္မာအတ္ထ) ဇောတကဥပသာရပုဒ် ဖြစ်ကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ သံ-ဟူသော ဥပသာရပုဒ်၏ အရကား အဖြစ်တည်းဟူသော ဘောဂုဏ် ရ၏။
#######

သု-ဥပသာရပုဒ်ကောက်
******
ပုံစံ။ သုဝုတ္တံ။
သုဝုတ္တံ ဟူသော ပြယုဂ်၌
၁။ သု သဒ္ဒါသည် (သုန္ဒရတ္ထ) ဇောတကဥပသာရပုဒ် ဖြစ်ကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ သု-ဟူသော ဥပသာရပုဒ်၏ အရကား ကောင်းသည်၏အဖြစ်ဟူသော ဘောဂုဏ် ရ၏။

ဥပသာရပုဒ် ဉာသ်ကောက်အကျဉ်းပြီး၏။
#############

နိပါတ်ပုဒ်ဉာသ်ကောက်အကျဉ်း
*******
အ-နိပါတ်ပုဒ်ကောက်
******
ပုံစံ။ အသုဒ္ဓံ။
အသုဒ္ဓံဟူသော ပြယုဂ်၌
၁။ အ-သဒ္ဒါသည် (ဝိရုဒ္ဓတ္ထ)ဇောတကနိပါတ်ပုဒ်ဖြစ်သောကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ အ-ဟူသောနိပါတ်ပုဒ်၏ အရကား ပုထုဇဉ်, သောတာပန်, သကာဒါဂါမ်, အနာဂါမ်ပုဂ္ဂိုလ်တို့သည် အပဓာနအားဖြင့် ရ၏။
၃။ ကိလေသာဆယ်ပါးတည်းဟူသော ဝိရုဒ္ဓဘောဂုဏ်သည် ပဓာနအားဖြင့် ရ၏။
####

စ-နိပါတ်ပုဒ်ကောက်
******
ပုံစံ။ ကစ္စာယနဉ္စ။
ကစ္စာယနဉ္စ ဟူသော ပြယုဂ်၌
၁။ စ-သဒ္ဒါသည် (သမုစ္စယတ္ထ)ဇောတကနိပါတ်ပုဒ်ဖြစ်သောကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ စ-ဟူသောနိပါတ်ပုဒ်၏ အရကား အရှင်မဟာကစ္စည်း တည်ဟူသော သမုစ္စေတဗ္ဗသည် ပဓာနအားဖြင့် ရ၏။
၃။ ဘုရား,တရား,သံဃာတည်းဟူသော ပဋိယောဂီဖြစ်သော သမုစ္စေတဗ္ဗသည် အပဓာနအားဖြင့် ရ၏။
####

ဟိ-နိပါတ်ပုဒ်ကောက်
******
ပုံစံ။ ဝုတ္တံ ဟေတံ။
ဝုတ္တံ ဟေတံဟူသော ပြယုဂ်၌
၁။ ဟိ-သဒ္ဒါသည် (ဒဠှီယတ္ထ)ဇောတကနိပါတ်ပုဒ်ဖြစ်သောကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ ဟိ-ဟူသောနိပါတ်ပုဒ်၏ အရကား ဒဠှိယဖြစ်သော ရှေးဝါကျသည် ပဓာနအားဖြင့် ရ၏။
၃။ ဒဠှီကရဏဖြစ်သော နောက်ဝါကျသည် အပဓာနအားဖြင့် ရ၏။
မှတ်ချက်။ နိပါတ်ပုဒ်၏ ဇောတကကို သတိပြုပါ။ ရှေးဝါကျ, ရှေ့စကားကို ထွန်ပြသော သမုစ္စည်းစသော နိပါတ်ပုဒ်မျိုးကို ပဓာန, အပဓာဟူ၍လည်းကောင်း၊
အရကိုသာထွန်းပြသော နိပါတ်ပုဒ်မျိုးကို အပဓာန,ပဓာန ဟူ၍လည်းကောင်း သတိပြုထုတ်ပါ။

နိပါတ်ပုဒ်ဉာသ်ကောက်အကျဉ်းပြီး၏။
####

ဝိဘတ်ဉာသ်ကောက်အကျဉ်း
*******
ကမ္မာဒိဝသေန ဧကတ္တာဒိဝသေန စ လိင်္ဂတ္ထံ ဝိဘဇတီတိ ဝိဘတ္တိ-ဟူသည်နှင့်အညီ ကံ-အစရှိသောအစွမ်းအားဖြင့် လည်းကောင်း၊ ဧကဝုစ်-အစရှိသောအစွမ်းအားဖြင့် လည်းကောင်း ပုရိသအစရှိသော လိင်အနက်ကို ဝေဘန်တတ်သောကြောင့် ဝိဘတ်မည်၏။

အံဝိဘတ်ကောက်
*****
ပုံစံ။ ဗုဒ္ဓံ နတွာ။
ဗုဒ္ဓံ နတွာ-ဟူသော ပြယုဂ်၌
(ကံ)-အနက်၌ သက်အပ်သော ဒုတိယဧကဝုစ် (အံ)ဝိဘတ်၏အရကား နတွာ၌ နမုဓာတ်၏အရ ပဏာမ စေတနာ အားတပ်သော ဘုရားဂုဏ်ဟု ဆိုအပ်သော အာရမ္မဏ ပစ္စယသတ္တိ တည်းဟူသော ကမ္မကာရက တခုတည်းအဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။

နာဝိဘတ်(၂)မျိုး
****
ကတ္တားဟောနာဝိဘတ်
ကရိုဏ်းဟောနာဝိဘတ်
*****
ကတ္တားဟောနာဝိဘတ်
******
ပုံစံ။ ဂရုဠေန ဟတော နာဂေါ။
ဂရုဠေန ဟတော နာဂေါ-ဟူသော ပြယုဂ်၌
(ကတ္တား)-အနက်၌ သက်အပ်သော တတိယဧကဝုစ် (နာ)ဝိဘတ်၏အရကား သတ်ခြင်းကြိယာကို ပြီးစေတတ်သော ဝဓကစေတနာ၏ ကြိယညနိပ္ဖါဒန သတ္တိ တည်းဟူသော (ကတ္တု)ကာရက တခုတည်းအဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
*****
ကရိုဏ်းဟောနာဝိဘတ်
*****
ပုံစံ။ ရုက္ခံ တစ္ဆတိ ဝါသိယာ။
ရုက္ခံ တစ္ဆတိ ဝါသိယာ-ဟူသော ပြယုဂ်၌
(ကရိုဏ်)-အနက်၌ သက်အပ်သော တတိယဧကဝုစ် (နာ)ဝိဘတ်၏အရကား ရွေခြင်းငှါအလိုရှိသော သူ၏ စိတ္တုပ္ပါဒ်အားတပ်သောပဲခွပ်၏ ပကတူပနိဿယ သတ္တိတည်းဟူသော ကရဏကာရက,တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

စတုတ္ထီသဝိဘတ်ကောက်
*****
ပုံစံ။ ဒါနံ ဒဒါတိ သံဃဿ။
ဒါနံ ဒဒါတိ သံဃဿ-ဟူသော ပြယုဂ်၌
(သမ္ပဒါန်)-အနက်၌ သက်အပ်သော စတုတ္ထီ ဧကဝုစ် (သ)ဝိဘတ်၏အရကား ဒါနစေတနာအား တပ်သော သံဃာတော်၏ အာရမ္မဏပစ္စယသတ္တိ တည်းဟူသော သမ္ပဒါနကာရက,တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

သ္မာ-ဝိဘတ်ပုံစံ
*****
ပုံစံ။ ဂါမာ အပေန္တိ မုနယော။
ဂါမာ အပေန္တိ မုနယော-ဟူသော ပြယုဂ်၌
(အပါဒါန်)-အနက်၌ သက်အပ်သော ပဉ္စမီ  ဧကဝုစ် (သ္မာ)ဝိဘတ်၏အရကား ဖဲလိုသော စိတ္တုပ္ပါဒ်အား တပ်သော ရွာ၏ ပကတူပနိဿယ သတ္တိ တည်းဟူသော အပါဒါနကာရက,တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

ဆဋ္ဌီသ-ဝိဘတ်ပုံစံ
*****
ပုံစံ။ ဘိက္ခုနော ပတ္တစီဝရံ။
ဘိက္ခုနော ပတ္တစီဝရံ-ဟူသော ပြယုဂ်၌
(သမ္ဗန်)-အနက်၌ သက်အပ်သော ဆဋ္ဌီ  ဧကဝုစ် (သ)ဝိဘတ်၏အရကား ရဟန်း၏ သပိတ်သင်္ကန်း စသည်နှင့် သံ+သာမီ အဖြစ်ဖြင့် စပ်ခြင်းဟုဆိုအပ်သော ကာရက, အကာရကသမ္ဗန် တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

သု-ဝိဘတ်ပုံစံ
*****
ပုံစံ။ ပါဒေသု ပတိတွာ ရောဒိ။
ပါဒေသု ပတိတွာ ရောဒိ-ဟူသော ပြယုဂ်၌
(သြကာသ)-အနက်၌ သက်အပ်သော သတ္တမီ  ဗဟုဝုစ် (သု)ဝိဘတ်၏အရကား ငိုလိုသော စိတ္တုပ္ပါဒ်အား တပ်သော ခြေ၏ ပကတူပနိဿယ
သတ္တိတည်းဟူသော သြကာသကာရက, များသည်၏ အဖြစ်တည်းဟူသော ဗဟုဝုစ်သင်္ချာရ၏။

မှတ်ချက်။ ဤဝိဘတ်ကောက်ကို သတိပြုက ပဋ္ဌာန်းစာစပ်နှင့် အဋ္ဌသာလိနီ နံပါတ်(၁၀) ပဋ္ဌာန်နည်း မျိုးခွဲစဉ်းစာရာ၌ သဘောပေါက်လွယ် ရန် အထောက်အကူ ဖြစ်စေပါသည်။
ပထမာဝိဘတ်သည် ဝါစကမတပ်သောကြောင့် ပထမာဝိဘတ်၏ အရကို မကောက်ရပါ။

ဝိဘတ်ဉာသ်ကောက်အကျဉ်းပြီး၏
#######
ဓမ္မာရိယအလင်းအိမ်

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362

ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362

ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=674838566224711&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=671308899911011&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=671996893175545&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=674968226211745&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=675929246115643&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=676712269370674&id=555132068195362

Thursday, September 20, 2018

နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
*******
အာချာတ်ကြိယာဉာသ်ကောက်မှတ်ဖွယ်
********
ကြိယံ အာချာယတီတိ အာချာတံ-ဟူသည်နှင်အညီ ကြိယာကို ပဓာနအားဖြင့် ဟောတတ်သောကြောင့် အာချာတ်မည်၏။
အာချာတ်ကြိယာဟူသည် ပရမတ္ထသဘောတရားတည်း။ အာချာတ်အရကောက်ကို သိလိုသူသည် ရှေးဦးစွာ ပရမတ္ထသဘောတရားကို အရင်နားလည်သဘောပေါက်ရမည်ဟု ဆရာတို့ မိန့်လေ့ရှိကြသည်။
#######

အာချာတ်ဉာသ်ကောက်လင်္ကာ
*********
၁။ မုချ-ဖလူ, ကာရဏူ, လွယ်ကူ သိစေမင်း။
၂။ ပစ္စုပ္ပန်​မူ, မုချယူ, ကာရဏူကို နောက်စိတ်သွင်း။
၃။ ဝိဘတ်အရ, ဝစနတ္ထ, ကောက်ကြ မှန်မယွင်း။
၎။ ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်မင်း။
#######

အာချာတ်ဉာသ်ကောက်ရှေ့ဦးမှတ်ဖွယ်
********
[[ပရဿပဒမာချာတံ၊
ကတ္တရိယေဝ ဝတ္တတိ။
အတ္တနော တီသု ဝိညေယျံ၊
ဘာဝေ ကမ္မနိ ကတ္တရိ။]]

ပရဿဟု, ရှေ့ခြောက်ခု, ဟောမှု ကတ္တားသာ၊
နောက်အတ္တနော, ဝါစကော, ဘောဟော ကံကတ္တား။
ကတ်-ကံ-ဘောပါ, အာချာတ်မှာ, ဟောရာ ဉာသ်ကောက်ရ။
*****
အာချာတ်ပုဒ်တို့၏ ဝါစတ္ထသည်-
၁။ ကတ္တားအနက်ဟော ကတ္တားဟောကြိယာ
၂။ ကံအနက်ဟော ကံဟောကြိယာ
၃။ ဘောအနက်ဟော ဘောဟောကြိယာ-ဟူ၍ သုံးမျိုးဟောသောကြောင့်
အာချာသ်ပုဒ် ဉာသ်ကောက်ကိုလည်း
၁။ ကတ္တားဟောကြိယာကောက်
၂။ ကံဟောကြိယာကောက်
၃။ ဘောဟောကြိယာကောက် ဟူ၍ သုံးမျိုးရှိသည်။

ဝတ္တမာန်စသော အာချာတ်ပုဒ်များကို
၁။ ပရဿပုဒ် (၆)လုံး
၂။ အတ္တနောပုဒ် (၆)လုံးဟူ၍ ခွဲခြားထားသည်။
ပရဿပုဒ် (၆)လုံးသည် ကတ္တားဟော ဖြစ်၍ အတ္တနောပုဒ် (၆)လုံးသည် ကတ္တား,ကံ,ဘောသုံးမျိုးလုံးဟောနိုင်သည်။
###############.####.

အာချာတ်အရကောက်(၃)ချက်
*********
အာချာတ်ကောက်ရာ၌
၁။ ဓာတ်ကောက်
၂။ ပစ္စည်းကောက်
၃။ ဝိဘတ်ကောက် ဟူ၍ သုံးနေရာကောက်ရမည်။
#######

အာချာတ်ကောက်(၃)မျိုး
******
၁။ ကတ္တားဟောကောက်
၂။ ကံဟောကောက်
၃။ ဘောဟောကောက်
######

(ပညတ္တိ)ကတ္တားဟော
အာချာတ်ကြိယာ ဉာသ်ကောက်အစဉ်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်ရ-မုချ, ရှေ့-ဖလ၊ နောက်ရ ကာရဏ။
(ဂ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝ ဘောဂုဏ်ရ။
(ဃ) ဝိဘတ်-ကတ္တား,ကြိယာထား, ကောက်ငြား ချာတ်ကတ္တား, ပညတ္တ။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်အရ မုချကောက်
(၃) ဓာတ်အရ၏ ရှေးစိတ္တုပ္ပါဒ်၊ ရှေးအကြောင်းကို ဖလူပစာကောက်
(၄) ဓာတ်အရ၏ နောက်စိတ္တုပ္ပါဒ်၊နောက်အကျိုးကို ကာရဏူပစာကောက်
(၅) ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
(၆) ဝိဘတ်အရ ကတ္တားပုဒ်အရကို အပဓာနကောက်
(၇) ဝိဘတ်အရ ကတ္တားပုဂ္ဂိုလ်၏ သန္တာန်၌တည်ရှိသောကြိယာကို ပဓာနကောက်
######

(ပညတ္တိ)ကတ္တားဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
******
ပုံစံ။ ဂစ္ဆတိ ။
၁။ ဂစ္ဆတိ ဟူသော ကတ္တားဟော ပြယုဂ်၌ ဂမုဓာတ်+အပစ္စည်း+တိဝိဘတ်။
၂။ ဂမုဓာတ်အရကား ထိုထိုအရပ်ဒေသသို့ သွားခြင်းငှါ အလိုရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော သတိ,ဝီရိယ,ဉာဏ်ပညာ စသည်ပြဋ္ဌာန်းသော စိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
၃။ ယောနိသောမနသိကာရ အစရှိသော ရှေးရှေးသော စိတ္တုပ္ပါဒ်သည် ဖလူပစာအားဖြင့် ရ၏။
၎။ သွားခြင်းကြိယာ ပြီးဆုံးသဖြင့် အဆင့်ဆင့်အကျိုးကို ပြီးစေတတ်သော နောက်နောက်သော  စိတ္တုပ္ပါဒ်သည် ကာရဏူပစာအားဖြင့် ရ၏။
၅။ အပစ္စည်း၏အရကား (အ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ (ဘူဝါဒိဂဏိက ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
၆။ တိဝိဘတ်၏အရကား (တိဝိဘတ္တိ ပထမာယ ဇောတကံ ကတ္တုကာရကံ ဝဒေ) ဟူသည်နှင်အညီ သွားတတ်သော ပုဂ္ဂိုလ် ဟုဆိုအပ်သော ကတ္တားသည် အပဓာနအားဖြင့်ရ၏။
၇။ ခပ်သိမ်းသော ကြိယာတို့၏ သဘောသည် ကြိယာကို ပဓာနအားဖြင့် ဟောမြဲဖြစ်သောကြောင့် [ကတ္တုဋ္ဌကြိယာသည်သာလျှင်]ကတ္တားပုဂ္ဂိုလ်၌တည်းရှိသော သွားခြင်းကြိယာသည်သာလျှင် ပဓာနအားဖြင့် ရ၏။
#########

(ပရမတ္ထ)ကတ္တားဟော အာချာတ်ကြိယာ ဉာသ်ကောက်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်ရ-မုချ, ပစ်-ဘောရနှင့်၊
ဝိဘတ်-နာမ်ထား, ကြိယာထား, ကောက်ငြား ချာတ်ကတ္တား ပရမတ္ထ။
(ဂ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်မင်း။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်အရ မုချကောက်
(၃) ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
(၄) ဝိဘတ်အရ နာမ်ကို အပဓာနကောက်
(၅) ဝိဘတ်အရ နာမ်တရား၏ကြိယာကို ပဓာနကောက်
######

(ပရမတ္ထ)ကတ္တားဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
******
ပုံစံ။ ပဇာနာတိ ။
၁။ ပဇာနာတိ ဟူသော ကတ္တားဟော ပြယုဂ်၌ ပရှေ့ရှိသော ဉာဓာတ်+နာပစ္စည်း+တိဝိဘတ်။
၂။ ပရှေ့ရှိသော ဉာဓာတ်အရကား ပဇာနနသတ္တိ ပဇာနနလက္ခဏာ ပဇာနနသဘာဝသည် မုချအားဖြင့်ရ၏။
၃။ နာပစ္စည်း၏အရကား (နာ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ ( ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
၎။ တိဝိဘတ်၏အရကား ( သတ္တိမန္တ လက္ခဏဝန္တ သဘာဝန္တ)ဖြစ်သော ပညာစေတသိက်သည် အပဓာနအားဖြင့်ရ၏။
၅။ ခပ်သိမ်းသော ကြိယာတို့၏ သဘောသည် ကြိယာကို ပဓာနအားဖြင့် ဟောမြဲဖြစ်သောကြောင့် ကတ္တားပုဂ္ဂိုလ်၌တည်းရှိသော အပြားအားဖြင့်သိခြင်းကတ္တုဋ္ဌကြိယာသည်သာလျှင် ပဓာနအားဖြင့် ရ၏။
#########

ကံဟော အာချာတ်ကြိယာ ဉာသ်ကောက်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်-ကတ်မုချ, ကံ-ဖလ, ပစ်ရ ဘောဂုဏ်သာ။
(ဂ)ဝိဘတ်-ကတ္တား,ကြိယာထား, ကောက်ငြား ချာတ်ကမ္မာ ။
(ဃ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်ရ။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်အရ ကတ္တုဋ္ဌကြိယာ မုချကောက်
(၃) ဓာတ်အရ ကမ္မဋ္ဌကြိယာ ဖလူပစကောက်
(၄) ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
(၅) ဝိဘတ်အရ ဒြဗ် အပဓာနကောက်
(၇) ဝိဘတ်အရ ဒြဗ်၏ကြိယာကို ပဓာနကောက်
***********

ကံဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
*******
ပုံစံ။ ဟညတေ။
၁။ ဟညတေ-ဟူသော  ကံဟော ပြယုဂ်၌ ဟနဓာတ်+ယပစ္စည်း+တေဝိဘတ်။
၂။ ဟနဓာတ်အရ ကတ္တုဋ္ဌကြိယာကား သတ်တတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော ဝဓကစေတနာ ပြဋ္ဌာန်းသော ဒောသမူစိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
၃။ ကမ္မဋ္ဌပြိယာအရကား သတ်အပ်သောပုဂ္ဂိုလ်၏ အာရမ္မဏပစ္စယသတ္တိသည် ဖလူပစာအားဖြင့် ရ၏။
၎။  ယပစ္စည်း၏အရကား (ယ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ ( ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
၆။ တေ-ဝိဘတ်၏အရကား (တေ)ဝိဘတ္တိ ပထမာယ ဇောတကံ ကတ္တုကာရကံ ဝဒေ- ဟူသည်နှင်အညီ ထိုမုချ,ဖလူပစာတို့ဖြင်မှတ်အပ်သော သတ်အပ်သောပုဂ္ဂိုလ်ဒြဗ်သည် အပဓာနအားဖြင့် ရ၏။
၇။ ခပ်သိမ်းသော ကြိယာတို့၏ သဘောသည် ကြိယာကို ပဓာနအားဖြင့် ဟောမြဲဖြစ်သောကြောင့် [ဓါတွတ္ထကြိယာသည်သာလျှင်] သတ်ခြင်းကြိယာသည်သာလျှင် ပဓာနအားဖြင့်ရ၏၊
#########

ဘောဟော အာချာတ်ကြိယာ ဉာသ်ကောက်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်-ဝိမုချ, ပစ်ဘောရ, ကောက်ကြ ချာတ်ဘောမှာ။
(ဂ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်ရ။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်နှင့်ဝိဘတ်အရ မုချကောက်
(၃)  ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
***********

ဘောဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
******
ပုံစံ။ ဘူယတေ။
၁။ ဘူယတေ-ဟူသော  ဘောဟော ပြယုဂ်၌ ဘူဓာတ်+ယပစ္စည်း+တေဝိဘတ်။
၂။ ဘူဓာတ်+တေဝိဘတ်တို့၏ အရကား ဘာဝဝါစက ဖြစ်သော ပုဒ်တို့၏ သဘောသည် ဓာတ်အရ ပစ္စည်းအရ အထူးမရှိသောကြောင့် သွားခြင်းကြိယာ ရ၏။
၃။ ယပစ္စည်း၏အရကား (ယ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ ( ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
#########
ဓမ္မာစရိယအလင်အိမ်
ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=671308899911011&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=671996893175545&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=674968226211745&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=675929246115643&id=555132068195362