Friday, September 21, 2018

နံပါတ်(၄)စည်းမျဉ်း အပိုင်း(၅)

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၄)စည်းမျဉ်း အပိုင်း(၅)
*******
သဗ္ဗနာမ်, ဥပသာရပုဒ်,နိပါတ်ပုဒ်,ဝိဘတ် ဉာသ်ကောက်နည်း
*********
ပုဒ်စစ်ကျမ်းလာ သဗ္ဗနာမ်ဉာသ်ကောက်, ဥပသာရပုဒ်ဉာသ်ကောက်,နိပါတ်ပုဒ်ဉာသ်ကောက်,ဝိဘတ် ဉာသ်ကောက်တို့ကိုလည်း လိုအပ်ချိန် အသုံးပြုနိုင်ရန် ကြည့်ရှုထားသင့်၍ ဖော်ပြပေးပါမည်။
#######

သဗ္ဗနာမ်ပုဒ်ဉာသ်ကောက်နည်း
*******

သဗ္ဗနာမ်ပုဒ်ဉာသ်ကောက်မှတ်ဖွယ်
*****
လိင်၏အမည်, ဖြစ်ကြောင်းသည်, ခေါ်မည် သဗ္ဗနာမ်။
အပဓာန, ဒြဗ်ရ, ဂုဏ ပဓာန သဗ္ဗနာမ်ရ။

သဗ္ဗေသံ ဣတ္ထိပုမနပုံသကာနံ နာမာနိသဗ္ဗနာမာနိ-ဟူသော ဝစနတ္ထနှင့်အညီ ဣတ္ထိလိင်, ပုလ္လိင်, နပုံလိင်တို့၏အမည်ဖြစ်သောကြောင့် သဗ္ဗနာမ်မည်၏။
သဗ္ဗနာမံ သာမညဝါစကံ-ဟူသည်နှင့်အညီ သဗ္ဗနာမ်ပုဒ်တို့၏အရ ဒြဗ်ကို အပဓာနကောက်, ဂုဏ်ကို ပဓာနကောက်ရမည်။

ယ-သဒ္ဒါကောက်
*****
ပုံစံ။ ယော ဘဂဝါ။
ယော ဘဂဝါ-ဟူသောပြယုဂ်၌
၁။ ယ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား ဘုရားဒြဗ်သည် အပဓာနအားဖြင့် ရ၏။
၂။ ဘုရားဒြဗ်၏ (အနိယမ သာမည)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

တ-သဒ္ဒါကောက်
******
ပုံစံ။ သော ဘဂဝါ။
သော ဘဂဝါ-ဟူသောပြယုဂ်၌
၁။ တ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (နိယမ သာမည)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
********
ပုံစံ။ တဿ ဘဂဝတော။
တဿ ဘဂဝတော-ဟူသောပြယုဂ်၌
၁။ တ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား (အလွန်ဝေးစွာသော အရပ်၌ တည်ရှိနေသော) ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (ပရံမုခ သာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

ဧတ-သဒ္ဒါကောက်
******
ပုံစံ။ ဧတဿ ဘဂဝတော။
ဧတဿ ဘဂဝတော-ဟူသောပြယုဂ်၌
၁။ တ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား (မနီးမဝေးသော အရပ်၌ တည်ရှိနေသော) ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (နာတိဒူရနာတိသမီပ သာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

ဣမ-သဒ္ဒါကောက်
*******
ပုံစံ။ ဣမဿ ဘဂဝတော။
ဣမဿ ဘဂဝတော-ဟူသောပြယုဂ်၌
၁။ ဣမ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား (အလွန်နီးသော အရပ်၌ တည်ရှိနေသော) ဘုရားဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ဘုရားဒြဗ်၏ (အစ္စန္တသမီပသာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။
############

အမှ-သဒ္ဒါကောက်
********
ပုံစံ။ အဟံ ဗုဒ္ဓံ နတွာ။
အဟံ ဗုဒ္ဓံ နတွာ-ဟူသောပြယုဂ်၌
၁။ အမှ-ဟူသော သဗ္ဗနာမ်ပုဒ်၏ အရကား ရှိခိုးလိုသော ခန္ဓာကိုယ်ဒြဗ်သည် အပဓာနအားဖြင်ရ၏။
၂။ ခန္ဓာကိုယ်ဒြဗ်၏ (သာမညာကာရ)ဂုဏ်သည် ပဓာနအားဖြင့် ရ၏။

သဗ္ဗနာမ်ပုဒ်ဉာဝ်ကောက်အကျဉ်းပြီး၏။
############

ဥပသာရပုဒ်ဉာသ်ကောက်အကျဉ်း
*******
ဝိ-ဥပသာရပုဒ်ကောက်
******
ပုံစံ။ ဝိသုဒ္ဓိ။
ဝိသုဒ္ဓိဟူသော ပြယုဂ်၌
၁။ ဝိသဒ္ဒါသည် (ဝိသေသတ္ထ) ဇောတကဥပသာရပုဒ် ဖြစ်ကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ ဝိ-ဟူသော ဥပသာရပုဒ်၏ အရကား အထူးသဖြင့် စင်ကြယ်သော ပဟာနပဟာန်ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
#######

သံ-ဥပသာရပုဒ်ကောက်
******
ပုံစံ။ သမ္ပာပကံ။
သမ္ပာပကံ ဟူသော ပြယုဂ်၌
၁။ သံသဒ္ဒါသည် (သမ္မာအတ္ထ) ဇောတကဥပသာရပုဒ် ဖြစ်ကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ သံ-ဟူသော ဥပသာရပုဒ်၏ အရကား အဖြစ်တည်းဟူသော ဘောဂုဏ် ရ၏။
#######

သု-ဥပသာရပုဒ်ကောက်
******
ပုံစံ။ သုဝုတ္တံ။
သုဝုတ္တံ ဟူသော ပြယုဂ်၌
၁။ သု သဒ္ဒါသည် (သုန္ဒရတ္ထ) ဇောတကဥပသာရပုဒ် ဖြစ်ကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ သု-ဟူသော ဥပသာရပုဒ်၏ အရကား ကောင်းသည်၏အဖြစ်ဟူသော ဘောဂုဏ် ရ၏။

ဥပသာရပုဒ် ဉာသ်ကောက်အကျဉ်းပြီး၏။
#############

နိပါတ်ပုဒ်ဉာသ်ကောက်အကျဉ်း
*******
အ-နိပါတ်ပုဒ်ကောက်
******
ပုံစံ။ အသုဒ္ဓံ။
အသုဒ္ဓံဟူသော ပြယုဂ်၌
၁။ အ-သဒ္ဒါသည် (ဝိရုဒ္ဓတ္ထ)ဇောတကနိပါတ်ပုဒ်ဖြစ်သောကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ အ-ဟူသောနိပါတ်ပုဒ်၏ အရကား ပုထုဇဉ်, သောတာပန်, သကာဒါဂါမ်, အနာဂါမ်ပုဂ္ဂိုလ်တို့သည် အပဓာနအားဖြင့် ရ၏။
၃။ ကိလေသာဆယ်ပါးတည်းဟူသော ဝိရုဒ္ဓဘောဂုဏ်သည် ပဓာနအားဖြင့် ရ၏။
####

စ-နိပါတ်ပုဒ်ကောက်
******
ပုံစံ။ ကစ္စာယနဉ္စ။
ကစ္စာယနဉ္စ ဟူသော ပြယုဂ်၌
၁။ စ-သဒ္ဒါသည် (သမုစ္စယတ္ထ)ဇောတကနိပါတ်ပုဒ်ဖြစ်သောကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ စ-ဟူသောနိပါတ်ပုဒ်၏ အရကား အရှင်မဟာကစ္စည်း တည်ဟူသော သမုစ္စေတဗ္ဗသည် ပဓာနအားဖြင့် ရ၏။
၃။ ဘုရား,တရား,သံဃာတည်းဟူသော ပဋိယောဂီဖြစ်သော သမုစ္စေတဗ္ဗသည် အပဓာနအားဖြင့် ရ၏။
####

ဟိ-နိပါတ်ပုဒ်ကောက်
******
ပုံစံ။ ဝုတ္တံ ဟေတံ။
ဝုတ္တံ ဟေတံဟူသော ပြယုဂ်၌
၁။ ဟိ-သဒ္ဒါသည် (ဒဠှီယတ္ထ)ဇောတကနိပါတ်ပုဒ်ဖြစ်သောကြောင့် ဝိဂြိုဟ်မပြုကောင်း၊
၂။ ဟိ-ဟူသောနိပါတ်ပုဒ်၏ အရကား ဒဠှိယဖြစ်သော ရှေးဝါကျသည် ပဓာနအားဖြင့် ရ၏။
၃။ ဒဠှီကရဏဖြစ်သော နောက်ဝါကျသည် အပဓာနအားဖြင့် ရ၏။
မှတ်ချက်။ နိပါတ်ပုဒ်၏ ဇောတကကို သတိပြုပါ။ ရှေးဝါကျ, ရှေ့စကားကို ထွန်ပြသော သမုစ္စည်းစသော နိပါတ်ပုဒ်မျိုးကို ပဓာန, အပဓာဟူ၍လည်းကောင်း၊
အရကိုသာထွန်းပြသော နိပါတ်ပုဒ်မျိုးကို အပဓာန,ပဓာန ဟူ၍လည်းကောင်း သတိပြုထုတ်ပါ။

နိပါတ်ပုဒ်ဉာသ်ကောက်အကျဉ်းပြီး၏။
####

ဝိဘတ်ဉာသ်ကောက်အကျဉ်း
*******
ကမ္မာဒိဝသေန ဧကတ္တာဒိဝသေန စ လိင်္ဂတ္ထံ ဝိဘဇတီတိ ဝိဘတ္တိ-ဟူသည်နှင့်အညီ ကံ-အစရှိသောအစွမ်းအားဖြင့် လည်းကောင်း၊ ဧကဝုစ်-အစရှိသောအစွမ်းအားဖြင့် လည်းကောင်း ပုရိသအစရှိသော လိင်အနက်ကို ဝေဘန်တတ်သောကြောင့် ဝိဘတ်မည်၏။

အံဝိဘတ်ကောက်
*****
ပုံစံ။ ဗုဒ္ဓံ နတွာ။
ဗုဒ္ဓံ နတွာ-ဟူသော ပြယုဂ်၌
(ကံ)-အနက်၌ သက်အပ်သော ဒုတိယဧကဝုစ် (အံ)ဝိဘတ်၏အရကား နတွာ၌ နမုဓာတ်၏အရ ပဏာမ စေတနာ အားတပ်သော ဘုရားဂုဏ်ဟု ဆိုအပ်သော အာရမ္မဏ ပစ္စယသတ္တိ တည်းဟူသော ကမ္မကာရက တခုတည်းအဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။

နာဝိဘတ်(၂)မျိုး
****
ကတ္တားဟောနာဝိဘတ်
ကရိုဏ်းဟောနာဝိဘတ်
*****
ကတ္တားဟောနာဝိဘတ်
******
ပုံစံ။ ဂရုဠေန ဟတော နာဂေါ။
ဂရုဠေန ဟတော နာဂေါ-ဟူသော ပြယုဂ်၌
(ကတ္တား)-အနက်၌ သက်အပ်သော တတိယဧကဝုစ် (နာ)ဝိဘတ်၏အရကား သတ်ခြင်းကြိယာကို ပြီးစေတတ်သော ဝဓကစေတနာ၏ ကြိယညနိပ္ဖါဒန သတ္တိ တည်းဟူသော (ကတ္တု)ကာရက တခုတည်းအဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
*****
ကရိုဏ်းဟောနာဝိဘတ်
*****
ပုံစံ။ ရုက္ခံ တစ္ဆတိ ဝါသိယာ။
ရုက္ခံ တစ္ဆတိ ဝါသိယာ-ဟူသော ပြယုဂ်၌
(ကရိုဏ်)-အနက်၌ သက်အပ်သော တတိယဧကဝုစ် (နာ)ဝိဘတ်၏အရကား ရွေခြင်းငှါအလိုရှိသော သူ၏ စိတ္တုပ္ပါဒ်အားတပ်သောပဲခွပ်၏ ပကတူပနိဿယ သတ္တိတည်းဟူသော ကရဏကာရက,တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

စတုတ္ထီသဝိဘတ်ကောက်
*****
ပုံစံ။ ဒါနံ ဒဒါတိ သံဃဿ။
ဒါနံ ဒဒါတိ သံဃဿ-ဟူသော ပြယုဂ်၌
(သမ္ပဒါန်)-အနက်၌ သက်အပ်သော စတုတ္ထီ ဧကဝုစ် (သ)ဝိဘတ်၏အရကား ဒါနစေတနာအား တပ်သော သံဃာတော်၏ အာရမ္မဏပစ္စယသတ္တိ တည်းဟူသော သမ္ပဒါနကာရက,တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

သ္မာ-ဝိဘတ်ပုံစံ
*****
ပုံစံ။ ဂါမာ အပေန္တိ မုနယော။
ဂါမာ အပေန္တိ မုနယော-ဟူသော ပြယုဂ်၌
(အပါဒါန်)-အနက်၌ သက်အပ်သော ပဉ္စမီ  ဧကဝုစ် (သ္မာ)ဝိဘတ်၏အရကား ဖဲလိုသော စိတ္တုပ္ပါဒ်အား တပ်သော ရွာ၏ ပကတူပနိဿယ သတ္တိ တည်းဟူသော အပါဒါနကာရက,တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

ဆဋ္ဌီသ-ဝိဘတ်ပုံစံ
*****
ပုံစံ။ ဘိက္ခုနော ပတ္တစီဝရံ။
ဘိက္ခုနော ပတ္တစီဝရံ-ဟူသော ပြယုဂ်၌
(သမ္ဗန်)-အနက်၌ သက်အပ်သော ဆဋ္ဌီ  ဧကဝုစ် (သ)ဝိဘတ်၏အရကား ရဟန်း၏ သပိတ်သင်္ကန်း စသည်နှင့် သံ+သာမီ အဖြစ်ဖြင့် စပ်ခြင်းဟုဆိုအပ်သော ကာရက, အကာရကသမ္ဗန် တစ်ခုတည်း အဖြစ်တည်းဟူသော ဧကဝုစ်သင်္ချာရ၏။
#######

သု-ဝိဘတ်ပုံစံ
*****
ပုံစံ။ ပါဒေသု ပတိတွာ ရောဒိ။
ပါဒေသု ပတိတွာ ရောဒိ-ဟူသော ပြယုဂ်၌
(သြကာသ)-အနက်၌ သက်အပ်သော သတ္တမီ  ဗဟုဝုစ် (သု)ဝိဘတ်၏အရကား ငိုလိုသော စိတ္တုပ္ပါဒ်အား တပ်သော ခြေ၏ ပကတူပနိဿယ
သတ္တိတည်းဟူသော သြကာသကာရက, များသည်၏ အဖြစ်တည်းဟူသော ဗဟုဝုစ်သင်္ချာရ၏။

မှတ်ချက်။ ဤဝိဘတ်ကောက်ကို သတိပြုက ပဋ္ဌာန်းစာစပ်နှင့် အဋ္ဌသာလိနီ နံပါတ်(၁၀) ပဋ္ဌာန်နည်း မျိုးခွဲစဉ်းစာရာ၌ သဘောပေါက်လွယ် ရန် အထောက်အကူ ဖြစ်စေပါသည်။
ပထမာဝိဘတ်သည် ဝါစကမတပ်သောကြောင့် ပထမာဝိဘတ်၏ အရကို မကောက်ရပါ။

ဝိဘတ်ဉာသ်ကောက်အကျဉ်းပြီး၏
#######
ဓမ္မာရိယအလင်းအိမ်

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362

ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362

ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=674838566224711&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=671308899911011&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=671996893175545&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=674968226211745&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=675929246115643&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=676712269370674&id=555132068195362

Thursday, September 20, 2018

နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
*******
အာချာတ်ကြိယာဉာသ်ကောက်မှတ်ဖွယ်
********
ကြိယံ အာချာယတီတိ အာချာတံ-ဟူသည်နှင်အညီ ကြိယာကို ပဓာနအားဖြင့် ဟောတတ်သောကြောင့် အာချာတ်မည်၏။
အာချာတ်ကြိယာဟူသည် ပရမတ္ထသဘောတရားတည်း။ အာချာတ်အရကောက်ကို သိလိုသူသည် ရှေးဦးစွာ ပရမတ္ထသဘောတရားကို အရင်နားလည်သဘောပေါက်ရမည်ဟု ဆရာတို့ မိန့်လေ့ရှိကြသည်။
#######

အာချာတ်ဉာသ်ကောက်လင်္ကာ
*********
၁။ မုချ-ဖလူ, ကာရဏူ, လွယ်ကူ သိစေမင်း။
၂။ ပစ္စုပ္ပန်​မူ, မုချယူ, ကာရဏူကို နောက်စိတ်သွင်း။
၃။ ဝိဘတ်အရ, ဝစနတ္ထ, ကောက်ကြ မှန်မယွင်း။
၎။ ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်မင်း။
#######

အာချာတ်ဉာသ်ကောက်ရှေ့ဦးမှတ်ဖွယ်
********
[[ပရဿပဒမာချာတံ၊
ကတ္တရိယေဝ ဝတ္တတိ။
အတ္တနော တီသု ဝိညေယျံ၊
ဘာဝေ ကမ္မနိ ကတ္တရိ။]]

ပရဿဟု, ရှေ့ခြောက်ခု, ဟောမှု ကတ္တားသာ၊
နောက်အတ္တနော, ဝါစကော, ဘောဟော ကံကတ္တား။
ကတ်-ကံ-ဘောပါ, အာချာတ်မှာ, ဟောရာ ဉာသ်ကောက်ရ။
*****
အာချာတ်ပုဒ်တို့၏ ဝါစတ္ထသည်-
၁။ ကတ္တားအနက်ဟော ကတ္တားဟောကြိယာ
၂။ ကံအနက်ဟော ကံဟောကြိယာ
၃။ ဘောအနက်ဟော ဘောဟောကြိယာ-ဟူ၍ သုံးမျိုးဟောသောကြောင့်
အာချာသ်ပုဒ် ဉာသ်ကောက်ကိုလည်း
၁။ ကတ္တားဟောကြိယာကောက်
၂။ ကံဟောကြိယာကောက်
၃။ ဘောဟောကြိယာကောက် ဟူ၍ သုံးမျိုးရှိသည်။

ဝတ္တမာန်စသော အာချာတ်ပုဒ်များကို
၁။ ပရဿပုဒ် (၆)လုံး
၂။ အတ္တနောပုဒ် (၆)လုံးဟူ၍ ခွဲခြားထားသည်။
ပရဿပုဒ် (၆)လုံးသည် ကတ္တားဟော ဖြစ်၍ အတ္တနောပုဒ် (၆)လုံးသည် ကတ္တား,ကံ,ဘောသုံးမျိုးလုံးဟောနိုင်သည်။
###############.####.

အာချာတ်အရကောက်(၃)ချက်
*********
အာချာတ်ကောက်ရာ၌
၁။ ဓာတ်ကောက်
၂။ ပစ္စည်းကောက်
၃။ ဝိဘတ်ကောက် ဟူ၍ သုံးနေရာကောက်ရမည်။
#######

အာချာတ်ကောက်(၃)မျိုး
******
၁။ ကတ္တားဟောကောက်
၂။ ကံဟောကောက်
၃။ ဘောဟောကောက်
######

(ပညတ္တိ)ကတ္တားဟော
အာချာတ်ကြိယာ ဉာသ်ကောက်အစဉ်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်ရ-မုချ, ရှေ့-ဖလ၊ နောက်ရ ကာရဏ။
(ဂ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝ ဘောဂုဏ်ရ။
(ဃ) ဝိဘတ်-ကတ္တား,ကြိယာထား, ကောက်ငြား ချာတ်ကတ္တား, ပညတ္တ။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်အရ မုချကောက်
(၃) ဓာတ်အရ၏ ရှေးစိတ္တုပ္ပါဒ်၊ ရှေးအကြောင်းကို ဖလူပစာကောက်
(၄) ဓာတ်အရ၏ နောက်စိတ္တုပ္ပါဒ်၊နောက်အကျိုးကို ကာရဏူပစာကောက်
(၅) ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
(၆) ဝိဘတ်အရ ကတ္တားပုဒ်အရကို အပဓာနကောက်
(၇) ဝိဘတ်အရ ကတ္တားပုဂ္ဂိုလ်၏ သန္တာန်၌တည်ရှိသောကြိယာကို ပဓာနကောက်
######

(ပညတ္တိ)ကတ္တားဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
******
ပုံစံ။ ဂစ္ဆတိ ။
၁။ ဂစ္ဆတိ ဟူသော ကတ္တားဟော ပြယုဂ်၌ ဂမုဓာတ်+အပစ္စည်း+တိဝိဘတ်။
၂။ ဂမုဓာတ်အရကား ထိုထိုအရပ်ဒေသသို့ သွားခြင်းငှါ အလိုရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော သတိ,ဝီရိယ,ဉာဏ်ပညာ စသည်ပြဋ္ဌာန်းသော စိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
၃။ ယောနိသောမနသိကာရ အစရှိသော ရှေးရှေးသော စိတ္တုပ္ပါဒ်သည် ဖလူပစာအားဖြင့် ရ၏။
၎။ သွားခြင်းကြိယာ ပြီးဆုံးသဖြင့် အဆင့်ဆင့်အကျိုးကို ပြီးစေတတ်သော နောက်နောက်သော  စိတ္တုပ္ပါဒ်သည် ကာရဏူပစာအားဖြင့် ရ၏။
၅။ အပစ္စည်း၏အရကား (အ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ (ဘူဝါဒိဂဏိက ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
၆။ တိဝိဘတ်၏အရကား (တိဝိဘတ္တိ ပထမာယ ဇောတကံ ကတ္တုကာရကံ ဝဒေ) ဟူသည်နှင်အညီ သွားတတ်သော ပုဂ္ဂိုလ် ဟုဆိုအပ်သော ကတ္တားသည် အပဓာနအားဖြင့်ရ၏။
၇။ ခပ်သိမ်းသော ကြိယာတို့၏ သဘောသည် ကြိယာကို ပဓာနအားဖြင့် ဟောမြဲဖြစ်သောကြောင့် [ကတ္တုဋ္ဌကြိယာသည်သာလျှင်]ကတ္တားပုဂ္ဂိုလ်၌တည်းရှိသော သွားခြင်းကြိယာသည်သာလျှင် ပဓာနအားဖြင့် ရ၏။
#########

(ပရမတ္ထ)ကတ္တားဟော အာချာတ်ကြိယာ ဉာသ်ကောက်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်ရ-မုချ, ပစ်-ဘောရနှင့်၊
ဝိဘတ်-နာမ်ထား, ကြိယာထား, ကောက်ငြား ချာတ်ကတ္တား ပရမတ္ထ။
(ဂ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်မင်း။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်အရ မုချကောက်
(၃) ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
(၄) ဝိဘတ်အရ နာမ်ကို အပဓာနကောက်
(၅) ဝိဘတ်အရ နာမ်တရား၏ကြိယာကို ပဓာနကောက်
######

(ပရမတ္ထ)ကတ္တားဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
******
ပုံစံ။ ပဇာနာတိ ။
၁။ ပဇာနာတိ ဟူသော ကတ္တားဟော ပြယုဂ်၌ ပရှေ့ရှိသော ဉာဓာတ်+နာပစ္စည်း+တိဝိဘတ်။
၂။ ပရှေ့ရှိသော ဉာဓာတ်အရကား ပဇာနနသတ္တိ ပဇာနနလက္ခဏာ ပဇာနနသဘာဝသည် မုချအားဖြင့်ရ၏။
၃။ နာပစ္စည်း၏အရကား (နာ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ ( ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
၎။ တိဝိဘတ်၏အရကား ( သတ္တိမန္တ လက္ခဏဝန္တ သဘာဝန္တ)ဖြစ်သော ပညာစေတသိက်သည် အပဓာနအားဖြင့်ရ၏။
၅။ ခပ်သိမ်းသော ကြိယာတို့၏ သဘောသည် ကြိယာကို ပဓာနအားဖြင့် ဟောမြဲဖြစ်သောကြောင့် ကတ္တားပုဂ္ဂိုလ်၌တည်းရှိသော အပြားအားဖြင့်သိခြင်းကတ္တုဋ္ဌကြိယာသည်သာလျှင် ပဓာနအားဖြင့် ရ၏။
#########

ကံဟော အာချာတ်ကြိယာ ဉာသ်ကောက်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်-ကတ်မုချ, ကံ-ဖလ, ပစ်ရ ဘောဂုဏ်သာ။
(ဂ)ဝိဘတ်-ကတ္တား,ကြိယာထား, ကောက်ငြား ချာတ်ကမ္မာ ။
(ဃ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်ရ။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်အရ ကတ္တုဋ္ဌကြိယာ မုချကောက်
(၃) ဓာတ်အရ ကမ္မဋ္ဌကြိယာ ဖလူပစကောက်
(၄) ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
(၅) ဝိဘတ်အရ ဒြဗ် အပဓာနကောက်
(၇) ဝိဘတ်အရ ဒြဗ်၏ကြိယာကို ပဓာနကောက်
***********

ကံဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
*******
ပုံစံ။ ဟညတေ။
၁။ ဟညတေ-ဟူသော  ကံဟော ပြယုဂ်၌ ဟနဓာတ်+ယပစ္စည်း+တေဝိဘတ်။
၂။ ဟနဓာတ်အရ ကတ္တုဋ္ဌကြိယာကား သတ်တတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော ဝဓကစေတနာ ပြဋ္ဌာန်းသော ဒောသမူစိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
၃။ ကမ္မဋ္ဌပြိယာအရကား သတ်အပ်သောပုဂ္ဂိုလ်၏ အာရမ္မဏပစ္စယသတ္တိသည် ဖလူပစာအားဖြင့် ရ၏။
၎။  ယပစ္စည်း၏အရကား (ယ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ ( ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
၆။ တေ-ဝိဘတ်၏အရကား (တေ)ဝိဘတ္တိ ပထမာယ ဇောတကံ ကတ္တုကာရကံ ဝဒေ- ဟူသည်နှင်အညီ ထိုမုချ,ဖလူပစာတို့ဖြင်မှတ်အပ်သော သတ်အပ်သောပုဂ္ဂိုလ်ဒြဗ်သည် အပဓာနအားဖြင့် ရ၏။
၇။ ခပ်သိမ်းသော ကြိယာတို့၏ သဘောသည် ကြိယာကို ပဓာနအားဖြင့် ဟောမြဲဖြစ်သောကြောင့် [ဓါတွတ္ထကြိယာသည်သာလျှင်] သတ်ခြင်းကြိယာသည်သာလျှင် ပဓာနအားဖြင့်ရ၏၊
#########

ဘောဟော အာချာတ်ကြိယာ ဉာသ်ကောက်
*******
(က) ဓာတ်-ပစ်-ဝိဘတ်, ခွဲပြအပ်, ဖြေအပ် ရှေ့ပိုင်းမှာ။
(ခ) ဓာတ်-ဝိမုချ, ပစ်ဘောရ, ကောက်ကြ ချာတ်ဘောမှာ။
(ဂ) ပစ္စယတ္ထ, သိလိဋ္ဌ, ဘာဝဘောဂုဏ်ရ။

(၁) ဓာတ်ပစ္စည်းဝိဘတ်ခွဲ
(၂) ဓာတ်နှင့်ဝိဘတ်အရ မုချကောက်
(၃)  ပစ္စည်းအရ ရူပသိဒ္ဓိမတ္တ သိလိဋ္ဌဘောဂုဏ်ကောက်
***********

ဘောဟော အာချာတ်ကြိယာ ဉာသ်ကောက်ပုံစံ
******
ပုံစံ။ ဘူယတေ။
၁။ ဘူယတေ-ဟူသော  ဘောဟော ပြယုဂ်၌ ဘူဓာတ်+ယပစ္စည်း+တေဝိဘတ်။
၂။ ဘူဓာတ်+တေဝိဘတ်တို့၏ အရကား ဘာဝဝါစက ဖြစ်သော ပုဒ်တို့၏ သဘောသည် ဓာတ်အရ ပစ္စည်းအရ အထူးမရှိသောကြောင့် သွားခြင်းကြိယာ ရ၏။
၃။ ယပစ္စည်း၏အရကား (ယ)ပစ္စယော ရူပသိဒ္ဓိမတ္တောဝ ဇာယတိ-ဟူသည်နှင့်အညီ ( ရူပသိဒ္ဓိမတ္တ ပဒသိလိဋ္ဌတာ)ဟု ဆိုအပ်သော ဘောဂုဏ် ရ၏။
#########
ဓမ္မာစရိယအလင်အိမ်
ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=671308899911011&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=671996893175545&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=674968226211745&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=675929246115643&id=555132068195362

နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
*******
ကိတ်ဉာသ်ကောက်နည်း
********
ကိတ်ဉာသ်ကောက်နည်းအကျဉ်း
*********
၁။ မုချ-ဖလူ, ကာရဏူ, လွယ်ကူ သိစေမင်း။
၂။ ပစ္စုပ္ပန်​မူ, မုချယူ, ရှေ့ဖလူ, ကာရဏူကို နောက်စိတ်သွင်း။(ကတ္တုဖို့)
၃။ ဖလူမုချ, ဓာတ်အရ, မှတ်ကြ မြဲသေချာ။
၎။ မုချယူရ, ကတ္တုဋ္ဌ, မှတ်ကြ သောတုနာ။
၅။ ကမ္မာဒိက, ပဉ္စက, ဖလ မြဲသေချာ။(ကမ္မသာဓနဖို့)
၆။ ဘာဝသာဓန, ဟူတုံက, ဓာတ်ရ ပစ္စည်းတူသတည်း။(ဘာဝသာဓနဖို့)
#######

ကိတ်သာဓန(၇)ပါး
********
၁။ ကတ်-ကံ-ကရ, သမ်-ပါ-အ, ဘာဝ ခွန်ပြ သာဓန။
၂။ ကတ္တ-ကမ္မ, ကရဏနှင့်၊ သမ္ပဒါနာ, အပါဒါတည့်၊ အဓိကရဏ-ဘော, မှတ်ကြလော, ကိတ်ဟော သာဓန။(အခြေပြုသဒ္ဒါကိတ်နိဒါန်း)
၃။ ကတ္တား-တတ်ဆို, ကံ-အပ်ဆို၍၊ ကြောင့်ကို ကရဏ, သမ္ပဒါနာ, အပါဒါတည့်၊ အဓိကရိုဏ်, ဤသုံးဂိုဏ်းမှာ, ရာချည်သာဟော, ခြင်းမှာ-ဘော, မှတ်လောအနက်ပြ။(အခြေပြုသဒ္ဒါကိန်နိဒါန်း)
၎။ ပတတ်တစ်ကောင်, အပ်တစ်စင်း, ကြောင်တစ်သင်း, ရာသုံးခင်း, ခြင်းတစ်လုံး။(ရှေး)

ကိတ်သာဓန(၇)ပါး
*********
၁။ ကတ်-ကံ-ကရ, သမ်-ပါ-အ, ဘာဝ ခွန်ပြ သာဓန။
၁။ ကတ္တုသာဓန(၂) = တတ်
၂။ ကမ္မသာဓန(၂)   = အပ်
၃။ ကရဏသာဓန   = ကြောင့်
၎။ သမ္ပဒါနသာဓန   = ရာ
၅။ အပါဒါနသာဓန  = ရာ
၆။ အဓိကရဏသာဓန  = ရာ
၇။ ဘာဝသာဓန  = ခြင်း
#######

ကတ္တု,ကမ္မ သာဓန (၂)မျိုးစီ
********
ကတ်နှင့်ကံမှာ, သုတ်ဟေလာ, နှစ်ဖြာ မျိုးခွဲထား။

၁။ သုဒ္ဓကတ္တုသာဓန
၂။ ဟေတုကတ္တုသာဓန

၁။ သုဒ္ဓကမ္မသာဓန
၂။ ဟေတုကမ္မသာဓန
########

ကိတ်အရကောက်
*******
ဓာတ်-ပစ္စယ, ကိတ်ပဒ, အရ နှစ်မျိုးပြ။
မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။

ကိတ်ပုဒ်၌
၁။ ဓာတ်အရနှင့်
၂။ ပစ္စည်းအရ ဟူ၍ အရ နှစ်မျိုးရှိသည်။
ထိုနှစ်မျိုးကိုပင်
၁။ မုချကောက်
၂။ ဥပစာကောက်
၃။ပစ္စည်းကောက်ဟု ယေဘုယျအားဖြင့်  သုံးမျိုးကောက်သည်။
#######

၁း၁။ သုဒ္ဓကတ္တုသာဓန
*****
သုဒ္ဓကတ္တုသာဓနကောက်စဉ်(၈)ပါး
*****
(၁) ဝိဂြိုဟ်-နက်ပါ, ပုဒ်မည်ဖြာ, ခွဲပါ ရှေ့လေးပါး။
ဓာတ်ရ-မုချ, ရှေ့-ဖလနှင့်၊ နောက် ကာရဏ၊ ပစ်ရ-ဘိဓေ, ဤလေးထွေ, ကောက်လေ သုဒ်ကတ္တား။

(၁) ဝိဂြိုဟ်
(၂) နက်ပေး
(၃) ဝိဂြိုဟ်အမည်၊ပုဒ်အမည်
(၄) ဓာတ်+ပစ္စည်းခွဲ

(၅) ဓာတ်ရမုချကောက်
(၆) ဓာတ်ရ၏ရှေးကို ဖလူပစာကောက်
(၇) ဓာတ်ရ၏နောက်ကို ကာရဏူပစကောက်
(၈) ပစ္စည်းအရကောက်
########

သုဒ္ဓကတ္တုသာဓနကောက်ပုံစံ
*******
(က) မုချ-ဖလူ, ကာရဏူ, ပစ္စူ သုဒ်ကတ်မှာ။
(ခ)ဓာတ်ရ-မုချ, ရှေ့-ဖလနှင့်၊ နောက် ကာရဏ, ပစ်ရ-ဘိဓေ, ဤလေးထွေ, ကောက်လေ သုဒ်ကတ္တား။
ဟေတုသာဓ်မျိုး, ကြောင်းကျိုးကြိယာ, ထိုနှစ်ဖြာတွင်, ကျိုးမှာမုချ, ကြောင်းရဖလူ, ပစ္စည်းမူ, ဖလူမှတ်ကာပြ။(ရွှေ-၅၅၁)

ပုံစံ။ ဗုဒ္ဓေါ။
(၁) သဗ္ဗဓမ္မေ ဗုဇ္ဈတီတိ ဗုဒ္ဓေါ။
(၂) သဗ္ဗဓမ္မေ-အလုံးစုံသော တရားတို့ကို၊ ဗုဇ္ဈတိ-သိတတ်၏၊ ဣတိတသ္မာ-ထိုသို့သိတတ်သောကြောင့်၊ ဗုဒ္ဓေါ-ဗုဒ္ဓမည်၏။ ဗုဒ္ဓေါ-အလုံးစုံသော တရားတို့ကို သိတော်မူတတ်သော မြတ်စွာဘုရား။
(၃) သဗ္ဗဓမ္မေ ဗုဇ္ဈတီတိ-ကား (သုဒ္ဓ)ကတ္တုသာဓန ကိတ်ဝိဂြိုဟ်၊ ဗုဒ္ဓေါ-ကား (သုဒ္ဓ)ကတ္တုသာဓန ကိတ်ပုဒ်။
(၄) ဗုဓဓာတ်+တပစ္စည်း။
(၅) ဗုဓဓာတ်၏ အရကား သဗ္ဗညုတဉာဏ်​ တော်သည် မုချအားဖြင့်ရ၏။
(၆) ရှေးရှေး၌ဖြစ်(ခဲ့)သော ပါရမီဉာဏ်,မဂ်ဉာဏ်,ဖိုလ်ဉာဏ် စသည်တို့သည် ဖလူပစာအားဖြင့်ရ၏။
(၇) နောက်နောက်၌ ဖြစ်(လတ္တံ့)သော ဣန္ဒြိယပရောပရိတ္တိဉာဏ်,အာသယာနုသယဉာဏ်,ဒေသနာဉာဏ် စသည်တို့သည် ကာရဏူပစာအားဖြင့် ရ၏။
(၈) တ ပစ္စည်းအရကား ထိုမုချ,ဖလူ, ကာရဏူပစာတို့ဖြင့် မှတ်အပ်သောအလုံးစုံသော တရားတို့ကို ထိုးထွင်း၍ သိမြင်တတ်သော မြတ်စွာဘုရားဒြဗ်ရ၏။
##########

၁း၂။ ဟေတုကတ္တုသာဓန
*******
ဟေတုကတ္တုသာဓနကောက်စဉ်(၇)ပါး
*****
(၁) ဝိဂြိုဟ်-နက်ပါ, ပုဒ်မည်ဖြာ, ခွဲပါ ရှေ့လေးပါး။
ဓာတ်ရကိုပင်, သုဒ်ကတ်-မုချ, ဟေ-ဖလ, ပစ်ရ ဘိဓေယျ, ဟေကတ်ရ။

(၁) ဝိဂြိုဟ်
(၂) နက်ပေး
(၃) ဝိဂြိုဟ်အမည်၊ပုဒ်အမည်
(၄) ဓာတ်+ပစ္စည်းခွဲ

(၅) ဓာတ်အရ သုဒ္ဓကတ္တုဋ္ဌကြိယာအရ မုချကောက်
(၆) ဓာတ်အရ ဟေတုကတ္တုဋ္ဌကြိယာအရ ဖလူပစာကောက်
(၇) ပစ္စည်းအရ အဘိဓေယျတ္ထကောက်
########

ဟေတုကတ္တုသာဓနကောက်ပုံစံ
*****
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ဓာတ်ရကိုပင်, သုဒ်ကတ်-မုချ, ဟေ-ဖလ, ပစ်ရ ဘိဓေယျ, ဟေကတ်ရ။

ပုံစံ။ ပုတ္တော။
(၁) မာတာပိတူနံ ဟဒယံ ပူရေတီတိ ပုတ္တော။
(၂) မာတာပိတူနံ-မိခင်ဖခင်တို့၏၊ ဟဒယံ-စိတ်နှလုံးကို၊ ပူရေတိ-ပြည်စေတတ်၏၊ ဣတိတသ္မာ-ထိုကြောင့်၊ ပုတ္တော-ပုတ္တမည်၏၊ ပုတ္တော-မိဘတို့၏စိတ်နှလုံးကိုပြည့်စေတတ်သောသား၊
(၃)  မာတာပိတူနံ ဟဒယံ ပူရေတီတိ-ကား (ဟေတု)ကတ္တုသာဓန ကိတ်ဝိဂြိုဟ်၊ ပူရိသော-ကား (ဟေတု)ကတ္တုသာဓန ကိတ်ပုဒ်။
(၄) ပူရဓာတ်+ဣသပစ္စည်း။
(၅) ပူရဓာတ်၏ အရ သုဒ္ဓကတ္တုဋ္ဌကြိယာအရကား မိဘတို့၏ သပ္ပီတိကတဏှာပြဋ္ဌာန်းသော လောဘမူစိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
(၆) ဟေတုတ္တုဋ္ဌကြိယာအရကား သားဒြဗ်၏ အာရမ္မဏပစ္စယသတ္တိ,ဥပနိဿယပစ္စယသတ္တိသည် ဖလူပစာအားဖြင့်ရ၏။
(၇) ဣသ ပစ္စည်း၏ အရကား ထိုမုချ,ဖလူပစာတို့ဖြင့် မှတ်အပ်သော သားယောက်ျားဒြဗ်ရ၏။
##########

၂း၁။ သုဒ္ဓကမ္မသာဓန
*****
သုဒ္ဓကမ္မသာဓနကောက်စဉ်(၇)ပါး
*****
(၁) ဝိဂြိုဟ်-နက်ပါ, ပုဒ်မည်ဖြာ, ခွဲပါ ရှေ့လေးပါး။
ဓာတ်ရကိုပင်, သုဒ်ကတ်-မုချ, ကမ္မ-ဖလ, ပစ်ရ ဘိဓေယျ, ဟေကတ်ရ။

(၁) ဝိဂြိုဟ်
(၂) နက်ပေး
(၃) ဝိဂြိုဟ်အမည်၊ပုဒ်အမည်
(၄) ဓာတ်+ပစ္စည်းခွဲ

(၅) ဓာတ်အရ သုဒ္ဓကတ္တုဋ္ဌကြိယာအရ မုချကောက်
(၆) ဓာတ်အရ ကမ္မဋ္ဌကြိယာအရ ဖလူပစာကောက်
(၇) ပစ္စည်းအရ အဘိဓေယျတ္ထကောက်
########

သုဒ္ဓကမ္မသာဓနကောက်ပုံစံ
*******
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ကတ္တုဌ်-မုချ, ကံ-ဖလ, ပစ်ရ ဘိဓေယျ, သုဒ်ကံရ။

ပုံစံ။ ကမ္မံ။
(၁) (ဘိက္ခုနာ သေနာသနဝတ္တံ ကမ္မံ) ကရီယတေတိ ကမ္မံ။
(၂) (ဘိက္ခုနာ-ရဟန်းသည်၊ သေနာသနဝတ္တံ-ကျောင်းအိပ်ရာနေရာကျင့်ဝတ်ဖြစ်သော၊ ကမ္မံ-အမှုကို၊) ကရီယတေ-ပြုအပ်၏၊ ဣတိတသ္မာ-ထိုကြောင့်၊ ကမ္မံ-ကမ္မမည်၏။ ကမ္မံ-(ရဟန်သည်)+ပြုအပ်သော+(သေနာသနကျင့်ဝတ်)အမှုလုပ်ငန်း။
(၃) (ဘိက္ခုနာ သေနာသနဝတ္တံ ကမ္မံ) ကရီယတေတိ-ကား (သုဒ္ဓ)ကမ္မသာဓန ကိတ်ဝိဂြိုဟ်၊ ကမ္မံ-ကား (သုဒ္ဓ)ကမ္မသာဓန ကိတ်ပုဒ်။
(၄) ကရဓာတ်+ရမ္မပစ္စည်း။
(၅) ကရဓာတ်၏ အရ သုဒ္ဓကတ္တုဋ္ဌကြိယာအရကား (သေနာသနဝတ်အမှုကိုပြုသော (ရဟန်း)ပုဂ္ဂိုလ်၏ သန္တန်၌ဖြစ်သော ဝီရိယပြဋ္ဌာန်သောသော မဟာကုသိုလ်စိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
(၆) ကမ္မဋ္ဌကြိယာအရကား ထိုဝီရိယပြဋ္ဌာန်းသော မဟာကုသိုလ်စိတ္တုပ္ပါဒ်အားတပ်သော(သေနာသနဝတ်)အမှုလုပ်ငန်း၏ အာရမ္မဏပစ္စယသတ္တိသည် ဖလူပစာအားဖြင့်ရ၏။
(၇) ရမ္မ ပစ္စည်း၏ အရကား ထိုမုချ,ဖလူပစာတို့ဖြင့် မှတ်အပ်သော (သေနာသနဝတ်)အမှုလုပ်ငန်းရ၏။
##########

၂း၂။ ဟေတုကမ္မသာဓန
********
ဟေတုကမ္မသာဓနကောက်စဉ်(၇)ပါး
*****
(၁) ဝိဂြိုဟ်-နက်ပါ, ပုဒ်မည်ဖြာ, ခွဲပါ ရှေ့လေးပါး။
ဓာတ်ရကိုပင်, သုဒ်ကတ်-မုချ, ဟေကံ-ဖ, ပစ်ရ ဘိဓေယျ, ဟေကတ်ရ။

(၁) ဝိဂြိုဟ်
(၂) နက်ပေး
(၃) ဝိဂြိုဟ်အမည်၊ပုဒ်အမည်
(၄) ဓာတ်+ပစ္စည်းခွဲ

(၅) ဓာတ်အရ သုဒ္ဓကတ္တုဋ္ဌကြိယာအရ မုချကောက်
(၆) ဓာတ်အရ ဟေတုကမ္မဋ္ဌကြိယာအရ ဖလူပစာကောက်
(၇) ပစ္စည်းအရ အဘိဓေယျတ္ထကောက်
########

ဟေတုကမ္မသာဓနကောက်ပုံ
******
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ဟေကတ်-မုချ, ဟေကံ-ဖ, ပစ်ရ ဘိဓေယျ, ဟေကံရ။

ပုံစံ။ သာဒနီယံ။
(၁) (ပုရိသေန ဣတ္ထိရူပံ) သာဒီယတေတိ သာဒနီယံ။
(၂) (ပုရိသေန-ယောက်ျားသည်၊ ဣတ္ထိရူပံမိန်းမရုပ်ပုံကို၊) သာဒီယတေ-နှစ်သက်သာယာစေအပ်၏၊ ဣတိတသ္မာ-ထိုကြောင့်၊ သာဒနီယံ-သာဒနီယမည်၏။ သာဒနီယံ-နှစ်သက်သာယာစေအပ်သော။
(၃) (ပုရိသေန ဣတ္ထိရူပံ) သာဒီယတေတိ -ကား (ဟေတု)ကမ္မသာဓန ကိတ်ဝိဂြိုဟ်၊ သာဒနီယံ-ကား (ဟေတု)ကမ္မသာဓန ကိတ်ပုဒ်။
(၄) သဒဓာတ်+အနီယပစ္စည်း။
(၅) ကရဓာတ်၏ အရ သုဒ္ဓကတ္တုဋ္ဌကြိယာအရကား (မိန်းမရုပ်ပုံကို နှစ်သက်သာယာသော) (ယောက်ျား)၏ သန္တန်၌ဖြစ်သော ရာဂတဏှာစသည်ပဋ္ဌာန်သောသော လောဘမူစိတ္တုပ္ပါဒ်သည် မုချအားဖြင့်ရ၏။
(၆) ဟေတုကမ္မဋ္ဌကြိယာအရကား ထိုရာဂတဏှာစသည်ပြဋ္ဌာန်းသော လောဘမူ စိတ္တုပ္ပါဒ်အားတပ်သော (မိန်းမရုပ်ပုံ)၏ အာရမ္မဏပစ္စယသတ္တိသည် ဖလူပစာအားဖြင့်ရ၏။
(၇) အနီယပစ္စည်း၏ အရကား ထိုမုချ,ဖလူပစာတို့ဖြင့် မှတ်အပ်သော (ယောက်ျားသည်နှစ်သက်စေအပ်သော) မိန်းမရုပ်ပုံရ၏။
##########

၃။ ကာရဏသာဓန
*********
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ကတ္တုဌ်-မုချ, ကာ-ဖလ, ပစ်ရ ဘိဓေယျ, ကရဏ။

၎။ သမ္ပဒါနသာဓန
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ကတ္တုဌ်-မုချ, သမ်-ဖလ, ပစ်ရ ဘိဓေယျ, သမ္ပဒါန။

၅။ အပါဒါနသာဓန
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ကတ္တုဌ်-မုချ, အ-ဖလ, ပစ်ရ ဘိဓေယျ, အပါဒါန်ရ။

၆။ အဓိကရဏသာဓန
(က) မုချောပစာ, ပစ္စယာ, သုံးဖြာ ကိတ်ပုဒ် အကောက်ထုတ်။
(ခ) ကတ္တုဌ်-မုချ, ဓိ-ဖလ, ပစ်ရ ဘိဓေယျ, အဓိကရဏ။

မှတ်ချက်။ ကရဏသာဓန၊ သမ္ပဒါနသာဓန၊ အပါဒါနသာဓန၊ အဓိကရဏသာဓန-ဟူသော(၄)မျိုးတို့သည် သုဒ္ဓကမ္မသာဓနအကောက်နှင့်တူသည်။ ကမ္မဋ္ဌကြိယာ နေရာ၌ ကရဏဋ္ဌ၊ သမ္ပဒါနဋ္ဌ၊ အပါဒါနဋ္ဌ၊ အဓိကရဏဋ္ဌ ဟူ၍ ဆိုရုံသာ ထူးသည်။
#########

၇။ ဘာဝသာဓန
******
(ခ) ဓာတ်-ပစ္စယ, ရတူပြ, ဘာဝ သာဓန။

ပုံစံ။ မောဟော။
(၁) မုယှနံ မောဟော။
(၂) မုယှနံ-တွေဝေခြင်း၊ မောဟော-တွေဝေုခင်း။
(၃) မုယှနံ-ကား ဘာဝသာဓန ကိတ်ဝိဂြိုဟ်၊ မောဟော-ကား ဘာဝသာဓနကိတ်ပုဒ်။
(၄) မုဟဓာတ်+ဏပစ္စည်း။
(၅) မုဟဓာတ်အရကား တွေဝေခြင်းကြိယာ(မောဟ)ရ၏။
(၆) ဏပစ္စည်းအရကား ဘာဝသာဓနတို့၏ သဘောသည် ဓာတ်အရ+ပစ္စည်းအရ အထူးမရှိသောကြောင့် တွေဝေခြင်းကြိယာ(မောဟ) ရ၏။
ကိတ်ဉာသ်ကောက်အကျဉ်းပြီး၏
##########
ဓမ္မာစရိယအလင်းအိမ်

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=671308899911011&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=671996893175545&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=674968226211745&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=675929246115643&id=555132068195362