Thursday, September 20, 2018

နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
************
တဒ္ဓိတ်ဉာသ်ကောက်နည်းအကျဉ်း
*********
သာမံ ဗျယ, ပုဒ်ဘာဝ, သွတ္ထ တဒ္ဓိတ်ပုဒ်။
မုချောပစာရ, ပစ္စယ, သုံးဝ အကောက်ထုတ်။
တဒ္ဓိတ်ဟူက, ပုဒ်အရ, မုချ ဌာနူလုပ်။
ပစ္စည်းအတွက်, နောက်ပုဒ်နက်, ဆက်ဆက် အကောက်ထုတ်။
တဒ္ဓိတ်ပစ္စယ, ဟောနေကျ, မုချ နောက်ပုဒ်နက်သာတည်း။
တဒ္ဓိတ်ဘာဝ, ဝါစက, ဟောကြ သဒ္ဒပဝတ္တနိမိတ်ကိုသာတည်း။
အရမကွဲ, ပုဒ်ပစ္စဲ, ယူမြဲ သွတ္ထ တဒ္ဓိတ်တည်း။
############
တနည်း
(၁) သာမံ ဗျယ, ပုဒ်ဘာဝ, သွတ္ထ တဒ္ဓိတ်ပုဒ်။
(၂) ဝိဂြိုဟ်-နက်ပါ, ပုဒ်မည်ဖြာ, ခွဲပါ ရှေ့လေးပါး။
မုချောပစာ, အရပါ, ကောက်ရာ နောက်သုံးပါး။
(၃) မုချောပစာ, ပစ္စယာ, သုံးဖြာ ကောက်ထုတ် တဒ္ဓိတ်ပုဒ်။
(၄) မုချ-ပုဒ်ယူ, စပ်-ဌာနူ, ပစ္စူ နောက်ထုတ် တဒ္ဓိတ်ပုဒ်။
(၅) သာမံ-ဗျယ, ဘိဓေယျ, ကောက်ကြ ပစ္စည်းရ။
(၆) တဒ္ဓိတ်ဘာဝ, ဟောညွန်ပြ,  သဒ္ဒ ပဝတ္တနိမိတ်ရ။
(၇) အရမကွဲ, ပုဒ်ပစ္စဲ, ယူမြဲ သွတ္ထ တဒ္ဓိတ်တည်း။
#########

တဒ္ဓိတ်(၄)မျိုး
***********
သာမံ ဗျယ, ပုဒ်ဘာဝ, သွတ္ထ တဒ္ဓိတ်ပုဒ်။
(၁) သာမည တဒ္ဓိတ်
(၂) အဗျယ တဒ္ဓိတ်
(၃) ဘာဝ တဒ္ဓိတ်
(၄) သွတ္ထ တဒ္ဓိတ် ဟူ၍ တဒ္ဓိတ်လေးမျိုး ရှိသည်။
##########

တဒ္ဓိတ်ဉာသ်ကောက်အစဉ်(၇)ပါး
***********
ဝိဂြိုဟ်-နက်ပါ, ပုဒ်မည်ဖြာ, ခွဲပါ ရှေ့လေးပါး။
မုချောပစာ, အရပါ, ကောက်ရာ နောက်သုံးပါး။

(၁) ဝိဂြိုဟ်ပြု
(၂) အနက်ပေး
(၃) ဝိဂြိုဟ်အမည်၊ ပုဒ်အမည်
(၄) ပုဒ်+ပစ္စည်းခွဲ

(၅) မုချကောက်
(၆) ဥပစာကောက်
(၇) အနက်အရကောက်

မှတ်ချက်။ သွတ္ထတဒ္ဓိတ်၌ ဥပစာကောက် မရသည်ကို သတိပြုပါ။
##########

တဒ္ဓိတ်(၄)မျိုးကောက်နည်း
***********
(၁) သာမည တဒ္ဓိတ်ကောက်
**********
မုချောပစာ, ပစ္စယာ, သုံးဖြာ ကောက်ထုတ် တဒ္ဓိတ်ပုဒ်။
မုချ-ပုဒ်ယူ, စပ်-ဌာနူ, ပစ္စူ နောက်ထုတ် တဒ္ဓိတ်ပုဒ်။
သာမံ-ဗျယ, ဘိဓေယျ, ကောက်ကြ ပစ္စည်းရ။
၁။ မုချကောက်
၂။ ဥပစာကောက်
၃။ ပစ္စည်းကောက်ဟူ၍ သုံးမျိုးကောက်ရသည်
ထိုသုံးမျိုးတွင်လည်း
၁။ တဒ္ဓိတ်(အတွင်း)ပုဒ်၏အရ(သို့မဟုတ်)ဝါကျ၌ ရှေ့ပုဒ်၏အရကို မုချကောက်
၂။ (အတွင်း)ပုဒ်နှင့်ပစ္စည်းအစပ်ကို ဥပစာကောက်
၃။ သာမညတဒ္ဓိတ်နှင့် အဗျယတဒ္ဓိတ်တို့၌ ဝိဂြိုဟ်အတွင်း၌ နောက်ပုဒ်၏အနက်အရဖြစ်သော အဘိဓေယျတ္ထကို ပစ္စည်းအရကောက်ရသည်။

ပုံစံ။ ဗုဒ္ဓေါ။
(၁) ဗုဒ္ဓံ အဿ အတ္ထီတိ ဗုဒ္ဓေါ။
(၂) အဿ-ထိုမြတ်စွာဘုရား၏၊ဝါ-မှာ၊ (တနည်း) အဿ-ထိုမြတ်စွာဘုရားအား၊ ဗုဒ္ဓံ -သိတတ်သောဉာဏ်တော်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-တသ္မာ -ထိုကြောင့်၊
ဗုဒ္ဓေါ-ဗုဒ္ဓမည်၏။
(၃) ဗုဒ္ဓံ အဿ အတ္ထီတိ -ကား အဿတ္ထိတဒ္ဓိတ်ဝိဂြိုဟ်၊  ဗုဒ္ဓေါ- ကား အဿတ္ထိတဒ္ဓိတ်ပုဒ်။
(၄) ဗုဒ္ဓပုဒ် + ဏပစ္စည်း။
(၅) ဗုဒ္ဓ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား သဗ္ဗညုတဉာဏ်တော်သည် မုချအားဖြင့်ရ၏။
(၆) ဗုဒ္ဓ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား
သဗ္ဗညုတဉာဏ်တော်၏ ဏ-ပစ္စည်းအရ မြတ်စွာဘုရားဒြဗ်နှင့် ဂုဏ်, ဂုဏေး အဖြစ်ဖြင့် စပ်ခြင်း သမ္ဗန်သည် ဌာနူပစာအားဖြင့်ရ၏။
(၇) ဏ-ပစ္စည်းအရကား ထိုမုချ+ဌာနူပစာတို့ဖြင့် မှတ်အပ်သော မြတ်စွာဘုရားရှင်ရ၏။
#########

(၂) အဗျယ တဒ္ဓိတ်ကောက်
*********
မုချောပစာ, ပစ္စယာ, သုံးဖြာ ကောက်ထုတ် တဒ္ဓိတ်ပုဒ်။
မုချ-ပုဒ်ယူ, စပ်-ဌာနူ, ပစ္စူ နောက်ထုတ် တဒ္ဓိတ်ပုဒ်။
သာမံ-ဗျယ, ဘိဓေယျ, ကောက်ကြ ပစ္စည်းရ။

၁။ မုချကောက်
၂။ ဥပစာကောက်
၃။ ပစ္စည်းကောက်ဟူ၍ သုံးမျိုးကောက်ရသည်
ထိုသုံးမျိုးတွင်လည်း
၁။ တဒ္ဓိတ်(အတွင်း)ပုဒ်၏အရကို မုချကောက်
၂။ (အတွင်း)ပုဒ်နှင့်ပစ္စည်းအစပ်ကို ဥပစာကောက်
၃။ သာမညတဒ္ဓိတ်နှင့် အဗျယတဒ္ဓိတ်တို့၌ ဝိဂြိုဟ်အတွင်း၌ရှိသော နောက်ပုဒ်၏အနက်အရဖြစ်သော အဘိဓေယျတ္ထကို ပစ္စည်းအရကောက်ရသည်။

ပုံစံ။ သဗ္ဗထာ။
(၁) သဗ္ဗေန ပကာရေန သဗ္ဗထာ။
(၂)  သဗ္ဗေန-ခပ်သိမ်းသော၊ဝါအလုံးစုံသော၊ ပကာရေန-အပြားအားဖြင့်၊ သဗ္ဗထာ-ခပ်သိမ်းသော အပြားအားဖြင့်။
(၃) သဗ္ဗေန ပကာရေန  -ကား အဗျယတဒ္ဓိတ်ဝိဂြိုဟ်၊  သဗ္ဗထာ- ကား အဗျယတဒ္ဓိတ်ပုဒ်။
(၄) သဗ္ဗပုဒ်+ထာပစ္စည်း။
(၅) သဗ္ဗ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား သကလဘောဂုဏ်သည် မုချအားဖြင့်ရ၏။
(၆) သဗ္ဗ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား
သကလဘောဂုဏ်၏ ထာ-ပစ္စည်းအရ ပကာရဘောဂုဏ်နှင့် ဂုဏ်, ဂုဏေး အဖြစ်ဖြင့် စပ်ခြင်း သမ္ဗန်သည် ဌာနူပစာအားဖြင့်ရ၏။
(၇) ထာ-ပစ္စည်းအရကား ထိုမုချ+ဌာနူပစာတို့ဖြင့် မှတ်အပ်သော ပကာရဘောဂုဏ်ရ၏။
#########

(၃) ဘာဝ တဒ္ဓိတ်ကောက်
*********
မုချောပစာ, ပစ္စယာ, သုံးဖြာ ကောက်ထုတ် တဒ္ဓိတ်ပုဒ်။
မုချ-ပုဒ်ယူ, စပ်-ဌာနူ, ပစ္စူ နောက်ထုတ် တဒ္ဓိတ်ပုဒ်။
တဒ္ဓိတ်ဘာဝ, ဟောညွန်ပြ,  သဒ္ဒ ပဝတ္တနိမိတ်ရ။

၁။ မုချကောက်
၂။ ဥပစာကောက်
၃။ ပစ္စည်းကောက်ဟူ၍ သုံးမျိုးကောက်ရသည်
ထိုသုံးမျိုးတွင်လည်း
၁။ တဒ္ဓိတ်(အတွင်း)ပုဒ်၏အရကို မုချကောက်
၂။ (အတွင်း)ပုဒ်နှင့်ပစ္စည်းအစပ်ကို ဥပစာကောက်
၃။ ဘာဝတဒ္ဓိတ်၌ ဝိဂြိုဟ်အတွင်း၌ရှိသော နောက်ပုဒ်၏အနက်အရဖြစ်သော ဇာတ်,ဂုဏ်,ကြိယာ,ဒြဗ်,နာမည်ဟူသော သဒ္ဒပဝတ္တနိမိတ်(၅)မျိုးတွင် တစ်မျိုးမျိုးကို ပစ္စည်းအရကောက်ရသည်။

ပုံစံ။ ဂေါတ္တံ။
(၁) ဂေါဿ ဘာဝေါ ဂေါတ္တံ။
(၂)  ဂေါဿ-နွား၏၊ ဘာဝေါ-အဖြစ်တည်း၊ဂေါတ္တံ-နွား၏အဖြစ်တည်း။ ဝါ-
နွားဟူသော အသိဉာဏ်နှင့် ဂေါသဒ္ဒါ၏ ဖြစ်ကြောင်းဖြစ်ရာနွားဇာတ်တည်း။
(၃) ဂေါဿ ဘာဝေါ -ကား ဘာဝတဒ္ဓိတ်ဝိဂြိုဟ်၊  ဂေါတ္တံ- ကား ဘာဝတဒ္ဓိတ်ပုဒ်။
(၄) ဂေါပုဒ်+တ္တပစ္စည်း။
(၅) ဂေါ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား နွားဒြဗ်သည် မုချအားဖြင့်ရ၏။
(၆) ဂေါ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား
နွားဒြဗ်၏ တ္တ-ပစ္စည်းအရ တ္တ-ပစ္စည်းအရ သဒ္ဒပဝတ္တနိမိတ်ဖြစ်သော နွားဇာတ်နှင့် နိဿိတ,နိဿယ အဖြစ်ဖြင့် စပ်ခြင်း သမ္ဗန်သည် ဌာနူပစာအားဖြင့်ရ၏။
(၇) တ္တ-ပစ္စည်းအရကား ထိုမုချ+ဌာနူပစာတို့ဖြင့် မှတ်အပ်သော သဒ္ဒပဝတ္တနိမိတ်ဖြစ်သော နွားဇာတ်ရ၏။

မှတ်ချက်။ ထူးခြားသော ဘာဝတဒ္ဓိတ်ပုံစံအကောက်များကို နောက်တွင်ပြမည်။
#########

(၄) သွတ္ထ တဒ္ဓိတ်ကောက်
**********
အရမကွဲ, ပုဒ်ပစ္စဲ, ယူမြဲ သွတ္ထ တဒ္ဓိတ်တည်း။

ပုံစံ။ ဒေဝတာ။
(၁) ဒေဝေါ ယေဝ ဒေဝတာ။
(၂) ဒေဝေါ ယေဝ-နတ်သည်ပင်၊ ဒေဝတာ-ဒေဝတာမည်၏။
(၃) ဒေဝေါ ယေဝ -ကား သွတ္ထတဒ္ဓိတ်ဝိဂြိုဟ်၊  ဒေဝတာ- ကား သွတ္ထတဒ္ဓိတ်ပုဒ်။
(၄) ဒေဝပုဒ်+တာပစ္စည်း။
(၅) ဒေဝ-ဟူသော တဒ္ဓိတ်ပုဒ်၏ အရကား နွားဒြဗ်သည် မုချအားဖြင့်ရ၏။
(၆) တာ-ပစ္စည်းအရကား သွတ္ထတဒ္ဓိတ်တို့၏ သဘောသည် ပုဒ်အရ ပစ္စည်းအရ အထူးမရှိသောကြောင့် နတ်ရ၏။

မှတ်ချက်။ တဒ္ဓိတ်ဉာသ်ကောက်အကျယ်ကို နောက်၌ ပြမည်။

တဒ္ဓိတ်ဉာသ်ကောက်အကျဉ်းပြီး၏။
##########
ဓမ္မာစရိယအလင်းအိမ်

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=671308899911011&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=671996893175545&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၄)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=674968226211745&id=555132068195362

No comments:

Post a Comment