Thursday, September 20, 2018

နံပါတ်​(၂)စည်းမျဉ်း အပိုင်​း(၁)

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၁)
*******************
တက်ထွက်နှစ်ထွေ အစဉ်နေ
ရှေ့နေ အတက်ပေ။

အတက်(ကျမ်းတက်)မည်ပုံ
**********
သစ်ပင်တက်ရာ၌ အထက်အောက် ခေါ်ဝေါ်သကဲ့သို့ အထက်အောက်မရကောင်းသော အနက်၌အထက်အောက်ဟု ခေါ်ဝေါ်သောကြောင့်
ရုက္ခာရုဠှနည်းဖြင့် အတက်(ကျမ်းတက်)ဟု အမည်ခေါ်ဆိုခြင်း ဖြစ်ပါသည်။

ရှင်လင်းချက်။ ။ ရုက္ခာရုဠှ-သစ်ပင်တက်နည်းဖြစ်သည်။ သစ်ပင်တက်ရာ၌ မရောက်အပ်သေးသော နေရာကို အထက်၊ တက်ခဲ့ပြီးသော နေရာကို အောက်ဟု ဆိုသည်။
ထိုအတူ ရှေ့ဆိုခဲ့ပြီးသော ဝါကျသည် တက်ပြီးသောသစ်ပင်နေရာနှင့်တူသောကြောင့် အောက်ဟုဆို၍ နောက်နောက်ဝါကျတို့သည် မတက်ရသေးသော သစ်ပင်၏နေရာနှင့်တူသောကြောင့် အထက်ဟုဆိုရသည်။
ထို့ကြောင့် ရှေ့ဆိုခဲ့ပြီးသော အောက်ဝါကျ, သံဝဏ္ဏေတဗ္ဗပုဒ်,ပါဠိတော်
တို့မှ အထက်ဖြစ်သော နောက်နောက်ဝါကျ, သံဝဏ္ဏနာ, အဋ္ဌကထာ(ဋီကာ) စကားရပ်တို့သို့ စကားဆက်စပ်ခြင်း, မေးမြန်ခြင်း,စောဒနာခြင်း, တောင်ပန်ခြင်း သဘောကို အတက်ဟု ခေါ်ပါသည်။
############

ကျမ်းရိုးတက်/ထွက် (၄)နည်း
************************
(ဆောင်) နု-စော-ပုစ္ဆာ အဘိယာ
လေးဖြာ ကျမ်း-တက်/ထွက်။ ။

၁။ အနုသန္ဓေတက်/ထွက်နည်း
(စကားဆက်စပ်ခြင်း)

၂။ ပုစ္ဆာတက်/ထွက်နည်း
( မေးမြန်ခြင်း)

၃။ စောဒနာတက်/ထွက်နည်း
(အပြစ်တင်မေးခြင်း)

၄။ အဘိယာစကတက်/ထွက်နည်း
(တောင်ပန်ခြင်း)

မှတ်ချက်။ ။ထိုလေးမျိုးကိုပင် - - -
၁။ ဝါကျတက်/ထွက်နည်း
၂။ ပိဏ္ဍတ္ထတက်/ထွက်နည်း
၃။ အဓိပ္ပါယ်တက်/ထွက်နည်း တိုဖြင့် သုံးမျိုးစီ သင့်သလို တက်/ထွက်ပြုနိုင်ကြောင်း မှတ်သားထားပါ။(၄×၃=၁၂)

တနည်း
၁။ သဒ္ဒါတက်/ထွက်နည်း
၂။ ပညတ်တက်/ထွက်နည်း
၃။ ပရမတ်တက်/ထွက်နည်း တိုဖြင့် သုံးမျိုးစီ သင့်သလို တက်/ထွက်ပြုနိုင်ကြောင်း ဟူ၍လည်းကောင်း မှတ်သားထားပါ။(၄×၃=၁၂)
#############

အနုသန္ဓေမည်ပုံ
*********
အနုသဒ္ဓဟနံ အနုသန္ဓိ၊ သမ္ဗန္ဓမေဝ- ရှေ့နောက်စပ်၍, တက်သရွေ့, မှတ်လေ နုသန္ဓေ-ဟူသည်နှင့်အညီ ရှေ့စကားနှင့် နောက်စကားကို ဆိုလိုရင်းအဓိပါယ်ပေါ်အောင် ရှေ့နောက်စကားနှစ်ရပ်ကို ဆက်စပ်ပေးခြင်းကို  အနုသန္ဓေ ဟုခေါ်ပါသည်။
###########

အနုသန္ဓေ (၂)ပိုင်း
***********
၁။ ပုဗ္ဗာနုသန္ဓေ
၂။ အပရာနုသန္ဓေ
#########

ပုဗ္ဗာနုသန္ဓေအင်္ဂါ(၄)ပါး
*********
(ဆောင်) နိဒသ်-ကရဏ, ကမ္မ-ဝိသေ, ဤလေးထွေ, ပုဗ္ဗာနုသန္ဓေ။
၁။ ဤသို့      =နိဒဿနပုဒ်
၂။ (---)ဖြင့်    =ကရဏပုဒ်
၃။ (---)ကို     =ကမ္မပုဒ်
၄။ ပြဆိုပြီး၍ =ကြိယာဝိသေသနပုဒ်
############

အပရာနုသန္ဓေအင်္ဂါ(၈)ပါး
*********
(ဆောင်) အာဓာ-သမ္ဗန်, ကံ-သမ္ပဒန်နှင့်, တုလျံဝိသေ, တစ်ထွေကတ်-ကံ,ကြိယံ, ရှစ်တန်း အပရာနု။

၁။ ယခုအခါ၌      =အာဓါရပုဒ်
၂။ (---)၏      =သမ္ဗန္ဓပုဒ်
၃။ (---)ကို     =ကမ္မပုဒ်
၄။ ပြဆိုခြင်းငှါ=သမ္ပဒါန်ပုဒ်
၅။ အလိုရှိတော်မူသော=တုလျာဓိကရဏဝိသေသနပုဒ်
၆။ (အရှင်အဋ္ဌကထာဆရာ)သည်=ကတ္တားပုဒ်
၇။ (---)ကို     =ကမ္မပုဒ်
၈။ မိန့်တော်မူ၏ =ကြိယာပုဒ်
############

အနုသန္ဓေတက်
************
(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

(ဝါကျတက်ဖြင့်)

ဤသို့, (က)ဝါကျ ဖြင့်, (ပက္ခ)ဝါကျကို, ပြဆိုတော်မူပြီး၍၊
ယခုအခါ၌ ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ကို ပြဆိုတော်မူခြင်းငှါ, အလိုရှိတော်မူသော, (အဋ္ဌကထာဆရာ)သည် (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ
(ပိဏ္ဍတ္ထတက်နည်းဖြင့်)

ဤသို့ (က-ဝါကျ)ဖြင့်(အဘိဓာနတ္ထ)ကို ပြဆိုပြီး၍၊

ယခုအခါ၌,  (အဘိဓာနတ္ထ)၏,    (အဘိဓေယျတ္ထ)ကို, ပြဆိုခြင်းငှာ, အလိုရှိတော်မူသော, (အဋ္ဌကထာဆရာ)သည်, (ခ)ကို, မိန့်တော်မူ၏။

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ
(အဓိပ္ပာယ်တက်နည်းဖြင့်)

ဤသို့ (က-ဝါကျ)ဖြင့်(သိတတ်သောကြောင့် ဗုဒ္ဓမည်သည်၏)ကို ပြဆိုပြီး၍၊

ယခုအခါ၌,  (ဗုဒ္ဓ)၏, (အရ)ကို, ပြဆိုခြင်းငှာ, အလိုရှိတော်မူသော, (အဋ္ဌကထာဆရာ)သည်, (ခ)ကို, မိန့်တော်မူ၏။

ဝါကျ(၁၈)မျိုးကို အနုသန္ဓေတက်နည်းဖြင့် လေ့ကျင့်ပါ။
############
မှတ်ရန်
အနုသန္ဓေ (၃)မျိုး
၁။ သာမည အနုသန္ဓေ
၂။ ဝိသေသ အနုသန္ဓေ
၃။ သာဘောဂ အနုသန္ဓေ

သာမည အနုသန္ဓေတက်ဟူသည်
************
ရှေ့ဝါကျနှင့် နောက်ဝါကျတို့၌လာသော ဝစနတ္ထ, အဘိဓေယျတ္ထ, အဓိပ္ပါယတ္ထ- စသောထူးခြားချက်တို့ကို မဖော်ဘဲ ဝါကျအတိုင်း, ပါဌ်အတိုင်း သာမညအားဖြင့် တက်ခြင်းကို သာမည အနုသန္ဓေတက် ဟု ခေါ်ပါသည်။

ဝိသေသ အနုသန္ဓေတက်ဟူသည်
*************
ရှေ့ဝါကျနှင့် နောက်ဝါကျတို့၌လာသော ဝစနတ္ထ, အဘိဓေယျတ္ထ, အဓိပ္ပါယတ္ထ- စသောထူးခြားချက်တို့ကို ဖော်ပြလျက် အထူးအားဖြင့် တက်ခြင်းကို ဝိသေသ အနုသန္ဓေတက် ဟု ခေါ်ပါသည်။

သာဘောဂ အနုသန္ဓေတက်ဟူသည်
**********
အပရာနုသန္ဓေ စကားရပ်၌ အာဘော်ပါအောင် တက်ခြင်းကို အာဘောဂ အနုသန္ဓေတက် ဟု ခေါ်ပါသည်။
###########
ဓမ္မာစရိယအလင်းအိမ်

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362

ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362

ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362

No comments:

Post a Comment