ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၅)
*****************
အယုတ္တ စောဒနာဟူသည်
*****************
ကထံ ကသ္မာ ကိမတ္ထံတိ၊ လက္ချာ အယုတ္တစော ဒနာ-ဟူသည်နှင့်အညီ အသင့်ယုတ္တိ မရှိ၊ မသင့်လျှော်သော အားဖြင့် အာဘော် ထား၍ ကထံ-အဘယ်သို့၊ ကသ္မာ -အဘယ်ကြောင့်၊ကိမတ္ထံ-အဘယ်အကျိုးငှါ-တို့ဖြင့် မေးလျက် တက်ခြင်းကို အယုတ္တ စောဒနာ ဟုခေါ်သည်။
မှတ်ချက်။ ။အယုတ္တ စောဒနာသည် ရှေ့ဝါကျ၌ မနှစ် သက်ဖွယ်ရှိ၍ တက်လာသော ဝါကျမျိုး၌ ရကောင်း၏ဟု ဆရာမြတ်တို့ အဆိုရှိသောကြောင့် ဒေါသတင်ဖွယ် ရှိသော ဝါကျသည် မနှစ်သက်ဖွယ် ရှိသည်သာတည်း။ ထိုကြောင့် ဒေါသတင်ဖွယ်ရှိသော ဝါကျတိုင်း၌ အဓိပ္ပါယ်တက်နည်းဖြင့် အယုတ္တ စောဒနာတက်နိုင်သည်ဟု ပေါ့ပေါ့ပါးပါး အကြမ်း ပြင်း မှတ်ထားပါ။
အယုတ္တ စောဒနာ(၃)မျိုး
*****************
၁။ ကထံဖြင့် မှတ်အပ်သော အယုတ္တစောဒနာတက်
၂။ ကသ္မာဖြင့် မှတ်အပ်သော အယုတ္တစောဒနာတက်
၂။ ကိမတ္ထံဖြင့် မှတ်အပ်သော အယုတ္တစောဒနာတက် ဟူ၍ အယုတ္တစောဒနာတက် သုံးမျိုးရှိသည်။
အယုတ္တ စောဒနာ(၃)မျိုး အလွယ်ခွဲခြားနည်း
*****************
၁။ အကြောင်းပြ၀ါကျကို ဌပနာထားရာ၌ ပုစ္ဆာကို ကသ္မာ -ဖြင့် မှတ်သားအပ်သည့် အဘယ်ကြောင့်-ဟူသော အယုတ္တ စောဒနာသံ ပါအောင် အမေးလုပ်ရသည်။
၂။ အကျိုးပြ၀ါကျကို ဌပနာထားရာ၌ ပုစ္ဆာကို ကိမတ္ထံ-ဖြင့် မှတ်သားအပ်သည့် အဘယ်အကျိုးငှါ-ဟူသော အယုတ္တ စောဒနာသံ ပါအောင် အမေးလုပ်ရသည်။
၃။ ထိုနှစ်မျိုးမှ ကြွင်းသော ပါဠိတော်၊ သာမည၀ါကျ၊ ရိုးရိုးဝိတ္ထာရ၀ါကျ၊ အာကာရ၀ါကျတို့ကို ဌပနာထားရာ၌ ပုစ္ဆာကို ကထံ -ဖြင့် မှတ်သားအပ်သည့် အဘယ်သို့-ဟူသော အယုတ္တ စောဒနာသံ ပါအောင် အမေးလုပ်ရသည်။
ရံခါ ထိုသုံးမျိုး၏ရှေ့၌ (ထိုသို့ဖြစ်ပါလျက်)-ဟူသော ၀ိသေသလက္ခဏာစကားရပ်လည်း ပါနိုင်သေး၏။
ဥပမာ- -ထိုသို့ဖြစ်ပါလျက် (အဘယ်ကြောင့်)-စသည်တည်း။
မှတ်ချက်။ ။ပုစ္ဆာစကားကိုပင် အယုတ္တ စောဒနာသံဖြင့် အမည်နာမည်ပေးထားခြင်းဖြစ်ရာ အယုတ္တ စောဒနာ တက်ဟု သာမညမေးလျှင် ဒေါသတင် ဖွယ် မလို အာဘော်ထည့်ဖွယ် မလိုဘဲ ၁။ဌပနာ ၂။ပုစ္ဆာ၌ ကထံ-အဘယ်သို့၊ ကသ္မာ -အဘယ်ကြောင့်၊ ကိမတ္ထံ-အဘယ်အကျိုးငှါ-ဟူသော အယုတ္တစောဒနာ၏ သင်္ကေတ-သုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် အမေးလုပ်၍ တက်ခြင်းသာ ပဓာနဖြစ်သည်။
သို့သော် ယခုအခါ၌ ပုစ္ဆကဆရာတော်များက စာသင်သား တို့ မပင်ပန်းစေခြင်းငှါလည်းကောင်း၊ ပုစ္ဆာတက်၊ စောဒနာတက် ကွဲပြားစေခြင်း မရောထွေးစေ မရှုတ်ထွေး စေခြင်းငှါလည်းကောင်း စောဒနာအင်္ဂါရပ် (၅)ပါးနှင့်အညီ (၁)ဌပနာ(၂)အယုတ္တစောဒနာသံပါသောပုစ္ဆာ (၃)အာဘော် (၄)ဒေါသတင် (၅) အဓိပ္ပါယ်ပြန်-တို့ဖြင့် ဖြေဆိုနည်းကို အလေးပေး၍ ဒေါသတင်ဖွယ် မလို (သို့မဟုတ်) အာဘော် မလို (သို့မဟုတ်) အဓိပ္ပါယ်ပြန်ရန် မလို စသည်ဖြင့် ၀ိသေသ အထူးပြု၍ မေ့မြန်းလေ့ရှိ သောကြောင့် အယုတ္တ စောဒနာတက်အတွက် စောဒနာ အင်္ဂါရပ်ကို နိုင်ထား လျှင်ပင် ဒွိဟဖြစ်ဖွယ် မလိုတော့ပါ။
******** ******** ********
၎း၁။။ အယုတ္တ စောဒနာတက်/ထွက်အင်္ဂါ
*****************
(ဆောင်) ၏+ဌပနာ, နည်း+ပုစ္ဆာနှင့်, လောမှာ အာဘော်, ဒေါသဖော်၍, နောက်သော် ဓိပ္ပါယ်, ဤငါးသွယ်, မှတ်ဖွယ် စောဒနာ။
(ဆောင်) ဌ-ပုစ်-အာ-ဒေါ, ဓိပ္ပါယ်နှော, ထုတ်လော စောဒနာ။
(ဌ-ပုစ်-အာ-ဒေါ-ပြန်)
၁။ ဌပနာ
၂။ အယုတ္တ စောဒနာသံပါသောပုစ္ဆာ (ကထံ ကသ္မာ ကိမတ္ထံ)
၃။ အာဘော်
၎။ ဒေါသတင်
၅။ အဓိပ္ပါယ်ပြန်ဟူသော အင်္ဂါငါးပါး ပါရှိ၍ အဓိပ္ပါယ်တက် နည်း တစ်မျိုးတည်းဖြင့်သာ တက်နိုင်ပါသည်။
******** ******** ********
၎း၁။ အယုတ္တ စောဒနာတက်
(အယုတ္တာဘောဂစာဒနာတက်)
(အယုတ္တသာဘောဂစာဒနာတက်)
*****************
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)
(၁၃၁၇-ခုနှစ်မေး အယုတ္တသာဘောဂစောဒနာတက်)
(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ခ) တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)
(ဒဠှီယ ဒဠှီကရဏ)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
ဆရာ၏စကားသည် အဘယ်သို့ သင်ပါအံ့နည်း။
မင်းတို့သိမ်းယူအပ်သော ပစ္စည်း ဝတ္ထု မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရပုံဒဠှီ စကားရပ်ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဒဠှီယ ဒဠှီကရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ)သင့်ရောက်ရာ၏။
ဤသို့, စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏ ဒဠှီစကားရပ်ကို ငါပြ ဆိုသည်သာ ဖြစ်သောကြောင့် သင်တင် အပ်သော ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
မှတ်ချက်။ ဒေါသတင်ဖွယ်မလိုဟု အထူးပြုစကားရပ်ပါရာ၌ ဒေါသတင်ဖြုတ်၍ အဓိပ္ပါယ်ပြန်ရာ၌လည်း ဒေါသတင်အဖြေ စကားရပ် ဖြုတ်ထားပါ။
အဓိပ္ပာယ်ကား--(ခ)၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာဂေါ ဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ် ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု မြို့ကို ယူရခြင်း၏ ဒဠှီစကားရပ်ကို ပြဆိုထားသောကြောင့် သင့်ပါ ၏-ဟူလိုသော်ဝ်။
(တနည်း)ဖလ ကရဏကြံ
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-ဟူသည် ရာဇဂြိုဟ် အမည်ရှိသော မြို့ဖြစ်သည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
အဘယ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟု ဆိုအပ်ပါ သနည်း။
မင်းတို့သိမ်းယူအပ်သော မြို့မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရခြင်း၏ အကြောင်းကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဖလ ကာရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ) သင့်ရောက်ရာ၏။
ဤသို့, စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား--(ခ)၀ါကျဖြင့်မန္ဓာတ်မင်း, မဟာဂေါ ဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏ အကြောင်းကို ငါပြဆိုသည်သာ ဖြစ်သော ကြောင့် သင်တင်အပ်သောဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
မှတ်ချက်။ ။ထိုအယုတ္တစောဒနာတက်ကိုပင် အယုတ္တစောဒ နာပုစ္ဆာ၏ နောက်ကအာဘော်ထားခြင်းကြောင့် အယုတ္တာ ဘောဂစာဒနာတက်ဟူ၍လည်း ခေါ်သည်။
ထိုအပြင် ဌပနာနောက် အာဘော် ပြီးမှ ပုစ္ဆာ စဉ်လျက် (ဌ-အာ-ပုစ်-ဒေါ-ပြန်)၄င်းကို သာဘောဂါယုတ္တစောဒနာတက် ဟူ၍လည်း တနည်း ခေါ်ဆိုကြပါသည်။
၎း၂။ (တနည်း)သာဘောဂါယုတ္တစောဒနာတက်
*****************
(ဌ-အာ-ပုစ်-ဒေါ-ပြန်)အဓိပ္ပါယ် တက်သာ ရနိုင်)
(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ခ) တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
မင်းတို့သိမ်းယူအပ်သော ပစ္စည်း ဝတ္ထု မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ဆရာ၏စကားသည် အဘယ်သို့ သင်ပါအံ့နည်း။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရပုံဒဠှီ စကားရပ်ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဒဠှီယ ဒဠှီကရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ)သင့်ရောက်ရာ၏။
ဤသို့, စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏ ဒဠှီစကားရပ်ကို ငါပြ ဆိုသည်သာ ဖြစ်သောကြောင့် သင်တင် အပ်သော ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
ဗျတိရေက စောဒနာတက်ဟူသည်
*****************
ဗျတိရေကော ယဒျာဒိနာ-ဟူသည်နှင့် အညီ အဖြေ စကား၏ ဆန်ကျင်ဘက်အားဖြင့် အာဘော်ထား၍ ယဒိ, သစေ-စသော ပုဒ်တို့၏အမှတ်အသားဖြစ်သော ယင်းသို့ဖြစ် သည်ရှိသော်၊ ယင်းသို့ဆိုသည်ရှိသော်၊ ယင်းသို့ဖြစ်ပါလျှင်၊ ထိုသို့ ဖြစ်ပါလျှင်-အစရှိသောစကားပါဝင်အောင် မေးလျက် တက် ခြင်းကို ဗျတိရေက စောဒနာ ဟုခေါ်သည်။
၅။ ဗျတိရေက စောဒနာတက်/ထွက်အင်္ဂါ
*****************
(ဆောင်) ၏+ဌပနာ, နည်း+ပုစ္ဆာနှင့်, လောမှာ အာဘော်, ဒေါသဖော်၍, နောက်သော် ဓိပ္ပါယ်, ဤငါးသွယ်, မှတ်ဖွယ် စောဒနာ။
(ဆောင်) ဌ-ပုစ်-အာ-ဒေါ, ဓိပ္ပါယ်နှော, ထုတ်လော စောဒနာ။
(ဌ-ပုစ်-အာ-ဒေါ-ပြန်)
၁။ ဌပနာ
၂။ ဗျတိရေကစောဒနာသံပါသောပုစ္ဆာ (ယဒိ၊ သစေ)
၃။ အာဘော်
၎။ ဒေါသတင်
၅။ အဓိပ္ပါယ်ပြန်ဟူသော အင်္ဂါငါးပါး ပါရှိ၍ အဓိပ္ပါယ်တက် နည်း တစ်မျိုးတည်းဖြင့်သာ တက်နိုင်ပါသည်။
၅။ ဗျတိရေက စောဒနာတက်
*****************
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)
(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ခ) တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
ထိုသို့ဖြစ်ပါလျှင် ဆရာ၏စကားသည် အဘယ်သို့ သင်ပါအံ့နည်း။
(တနည်း)ယင်းသို့ဆိုသည်ရှိသော် ဆရာ၏စကား သည် အဘယ်သို့ သင်ပါအံ့နည်း။
မင်းတို့သိမ်းယူအပ်သော ပစ္စည်း ဝတ္ထု မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရပုံဒဠှီ စကားရပ်ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဒဠှီယ ဒဠှီကရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ)သင့်ရောက်ရာ၏။
ဤသို့, စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု (ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏)ဒဠှီစကားရပ်ကို ငါပြ ဆိုသည်သာ ဖြစ်သောကြောင့် သင်တင်အပ်သော ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
******** ******** ********
အနွယ စောဒနာ ဟူသည်
*****************
ကေန ကသ္မာတိ လက္ချာဝ၊ အနွယစောဒနာ ဘဝေ-ဟူသည်နှင်အညီ အဖြေစကားရပ်နှင့် အလျှော်အားဖြင့် အာဘော်ထား၍ ကေန-ကသ္မာ-ပုဒ်တို့၏ အမှတ်အသားဖြစ် သော အဘယ်အကြောင်းကြောင့်-အစရှိသော စကားပါဝင် အောင် မေးလျက်တက်ခြင်းကို အနွယစောဒနာ ဟုခေါ် သည်။
မှတ်ချက်။ ။အကြောင်းပြဖြစ်သော ကာရဏဝါကျတိုင်း၌ ရနိုင်၏ဟုမှတ်ပါ။
၆။ အနွယ စောဒနာတက်/ထွက်အင်္ဂါ
*****************
(ဆောင်) ၏+ဌပနာ, နည်း+ပုစ္ဆာနှင့်, လောမှာ အာဘော်, ဒေါသဖော်၍, နောက်သော် ဓိပ္ပါယ်, ဤငါးသွယ်, မှတ်ဖွယ် စောဒနာ။
(ဆောင်) ဌ-ပုစ်-အာ-ဒေါ, ဓိပ္ပါယ်နှော, ထုတ်လော စောဒနာ။
(ဌ-ပုစ်-အာ-ဒေါ-ပြန်)
၁။ ဌပနာ
၂။ အနွယစောဒနာသံပါသောပုစ္ဆာ (ကေန၊ ကသ္မာ)
၃။ အာဘော်
၎။ ဒေါသတင်
၅။ အဓိပ္ပါယ်ပြန်ဟူသော အင်္ဂါငါးပါး ပါရှိ၍ အဓိပ္ပါယ်တက် နည်း တစ်မျိုးတည်းဖြင့်သာ တက်နိုင်ပါသည်။
၆။ အနွယ စောဒနာတက်
*****************
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)
(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ဃ) တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
အဘယ်အကြောင်းကြောင့် ရာဇဂြိုဟ်မြို့ဟူ၍ ခေါ်ဆိုအပ်ပါနည်း။
ရာဇဂြိုဟ်မြို့ဟူ၍ ခေါ်ဆိုရခြင်း၏ အကြောင်းကို လည်း ပြဆိုသင့်သည် မဟုတ်ပါလော။
ရာဇဂြိုဟ်မြို့ဟူ၍ ခေါ်ဆိုရခြင်း၏ အကြောင်းကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (၀ိရောဓိဒေါသ) သင့် ရောက်ရာ၏။
ဤသို့, စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် (မင်းနေပြည်တော် အဖြစ် ဖြင့်) သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ -ဟူ၍ ဆိုအပ်၏ဟု ငါပြဆိုသည်သာ ဖြစ်သော ကြောင့် သင်တင်အပ်သောဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင် လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
စောဒနာတက်ပြီးပြီ
0000000000000000000000000000000
အဘိယာစကတက် ဟူသည်
*****************
ဌပနာတိကပုစ္ဆာတက်ပါ စကားရပ်ကိုပင် တောင်းပန် မေးမြန်းလိုဟန်းရှိသော အဘိယာစကပုဂ္ဂိုလ်၏ တောင်ပန်း စကားရပ်ပါဝင်အောင် တက်ခြင်းကို အဘိယာစက တက်ဟု ခေါ်သည်။
အဘိယာစကတက်/ထွက်အင်္ဂါ
*****************
(ဆောင်)ဌ-ပုစ်-အာဘော်၊ တောင်ပန်နော်၊ လေဖော် အဘိယာ။
(ဌ-ပုစ်-အာ-အဘိယာစက)
၁။ ဌပနာ
၂။ ပုစ္ဆာ(မသိလို့မေးဟန်)
၃။ တောင်းပန်အာဘော်
၎။ အထူးတောင်းပန်စကား(အဘိယာစက)
အဘိယာစကတက်
*****************
(ဌ-ပုစ်-အာ-အဘိယာစက)
(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ
(ဝါကျတက်ဖြင့်)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ပက္ခ)ဝါကျကို, ပြဆိုတော်မူ၏။
ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကား အဘယ်ပါ နည်း။
ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကို မပြရသေး သည် မဟုတ်ပါလော။
ထို(ပက္ခ)၏ (ပက္ခန္တရ)ကို ပြဆိုတော်မူပါဦး။
ဤသို့, တောင်းပန်ဖွယ်ရှိသောကြောင့်, ထိုတောင်း ပန်ခြင်းကို, ဖြေဆိုတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
မှတ်ချက်။ နုသန္ဓေပါ၊ အဘိယာ၊ ဓိပ္ပါ မပြန်ရ-ဟူသည်နှင့်အညီ အနုသန္ဓေတက်/ထွက်၊ နှင့် အဘိယာစက တက်/ထွက်တို့၌ အဓိပ္ပါယ် မပြန်ရပါ။
(ပိဏ္ဍတ္ထတက်ဖြင့်)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓာနတ္ထ) ကို, ပြဆိုတော်မူ၏။
ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကား အဘယ်ပါ နည်း။
ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကို မပြရသေး သည် မဟုတ်ပါလော။
ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကို ပြဆိုတော် မူပါဦး။
ဤသို့, တောင်းပန်ဖွယ်ရှိသောကြောင့်, ထိုတောင်း ပန်ခြင်းကို, ဖြေဆိုတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
(အဓိပ္ပါယ်တက်ဖြင့်)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (သိတတ်သောကြောင့် ဗုဒ္ဓမည်သည်၏)အဖြစ်ကို, ပြဆိုတော်မူ၏။
ထို(ဗုဒ္ဓ)၏ (အရ)ကား အဘယ်ပါနည်း။
ထို(ဗုဒ္ဓ)၏အရကိုမပြရသေးသည် မဟုတ်ပါလော။
ထို(ဗုဒ္ဓ)၏ အရကို ပြဆိုတော်မူပါဦး။
ဤသို့, တောင်းပန်ဖွယ်ရှိသောကြောင့်, ထိုတောင်း ပန်ခြင်းကို, ဖြေဆိုတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
ကျမ်းတက်နည်းပြီး၏။
#################
ဓမ္မာစရိယအလင်းအိမ်
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362
ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362
ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362
No comments:
Post a Comment