ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၁)
*****************
ပါရာဇိကဏ် နံပါတ်(၃)စည်းမျဉ်း၌ ဝါကျခွဲခြင်းနှင့် စာစပ်ခြင်းကို မေးလေ့ရှိသည်။ ဝါကျခွဲကို မေးရာ၌လည်း အဋ္ဌကထာ၌ ရေးသားထားသော ဝါကျများကို ဋီကာနှင့် ဂန္ထာဘရဏကျမ်းလာ ဝါကျအမည်များဖြင့် ဖြေဆိုပြုရသည်။
************
ရာသီမနိုင် ဆေးမကိုင်နှင့် ဝါကျမနိုင် စာမကိုင်နှင့်-ဟူ၍ ရှေ့ဆရာမြတ်တို့ မိန့်ဆိုတော်မူကြသည်နှင့် အညီ ဝါကျအသွာအလာ၊ဝါကျအနေအထား၊ ဝါကျဂတိသည် ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို ကြည့်ရှုပို့ချ သင်ယူရာ၌ အလွန်အရေးပါလှသည်။
စာမေးပွဲဖြေဆိုရာ၌လည်း ဝါကျမပိုင်နိုင်က ကျမ်းတက်ရာ,အာဘော်သံဝဏ္ဏနာဖော်ရာတို့၌လည်း လွဲမှားတတ်ပါသည်။ ထို့ကြောင့် ဝါကျခွဲကို စနစ်တကျ ကျွမ်းကျင်အောင် ဆရာမြတ်တို့၏ စည်းမျဉ်းအဖြေထုတ်ထားသော စာအုပ်များပါ အဖြေများကို နည်းယူ၍ လေ့လာသင်ယူသင့်ပါသည်။
###################
ဝါကျကြီး (၁၈)မျိုး
*********
ဒုက(၅)စုံ (၁၀)ဝါကျ
ဧကက (၄)ဝါကျ
ကြွင်းသော အကြီး (၄)ဝါကျ
#############
ဝါကျကြီး (၁၈)မျိုးလင်္ကာ
*********
ဒုက(၅)စုံ (၁၀)ဝါကျလင်္ကာ
***********
(ဆောင်) ကျဉ်း-ကျယ်, ကြောင်း-ကျိုး၊ အရိုး-အထူး၊ ချီးကျူး-ပြစ်တင်၊ လျော်-ဆန့်ကျင်၊ ငါးအင် ဒုက်ဝါကျ။
ဧကက (၄)ဝါကျလင်္ကာ
**********
(ဆောင်)ဝါကျာရမ္ဘ, ပက္ခ-ဒဠှီ, ပါကဋီ, လေးလီ ဧကက။
ကြွင်းသော အကြီး (၄)ဝါကျလင်္ကာ
***********
(ဆောင်) ဥ-နိ-ဂုဏ,နောက် ဒေါသ, လေးဝ ကြွင်းဝါကျ။
#############
ဝါကျအမည်ရသော်လည်း အသုံးနည်းသော
အခြားဝါကျ(၅)စုံ
************
(ဆောင်) ပုစ္ဆာ+ဝိဿဇ်, အနိ+နိနှင့်၊
ပမာ+ပမေ, ထုဒ္ဓါ+ဒ္ဒေပါ၊
စော+ဟာရာ၊ ငါးဖြာ ခြားဝါကျ။
############
ဝါကျကြီး (၁၈)မျိုးလင်္ကာရှင်းချက်
*********
ဒုက(၅)စုံ (၁၀)ဝါကျရှင်ချက်
**********
(ဆောင်) ကျဉ်း-ကျယ်, ကြောင်း-ကျိုး၊ အရိုး-အထူး၊ ချီးကျူး-ပြစ်တင်၊ လျော်-ဆန့်ကျင်၊ ငါးအင် ဒုက်ဝါကျ။
၁။ ကျဉ်း= (သက္ခေပ)ဝါကျ
(ဝိတ္ထာရ)ဝါကျ၏ နောက်၌ရှိသည်။
၂။ ကျယ်= (ဝိတ္ထာရ)ဝါကျ
(သက္ခေပ)ဝါကျ၏ နောက်၌ရှိသည်။
၃။ ကြောင်း= (ကာရဏ)ဝါကျ
(ဖလ)ဝါကျ၏ နောက်၌ရှိသည်။
၎။ ကျိုး = (ဖလ)ဝါကျ
(ကာရဏ)ဝါကျ၏ နောက်၌ရှိသည်။
၅။ အရိုး= (သာမည)ဝါကျ
(ဝိသေသ)ဝါကျ၏ နောက်၌ရှိသည်။
၆။ အထူး= (ဝိသေသ)ဝါကျ
(သာမည)ဝါကျ၏ နောက်၌ရှိသည်။
၇။ ချီးကျူး= (သမ္ဘာဝနာ)ဝါကျ
(ဂရဟာ)ဝါကျ၏ နောက်၌ရှိသည်။
၈။ ပြစ်တင်= (ဂရဟာ)ဝါကျ
(သမ္ဘာဝနာ)ဝါကျ၏ နောက်၌ရှိသည်။
၉။ လျော်= (အနွယ)ဝါကျ
(ဗျတိရေက)ဝါကျ၏ နောက်၌ရှိသည်။
၁၀။ဆန့်ကျင်= (ဗျတိရေက)ဝါကျ
(အနွယ)ဝါကျ၏ နောက်၌ရှိသည်။
ဧကက (၄)ဝါကျလင်္ကာရှင်းချက်
**********
(ဆောင်)ဝါကျာရမ္ဘ, ပက္ခ-ဒဠှီ, ပါကဋီ, လေးလီ ဧကက။
၁။ ဝါကျာရမ္ဘ= (ဝါကျာရမ္ဘ)ဝါကျ
(အာရဒ္ဓ)ဝါကျ၏ နောက်၌ရှိသည်။
၂။ ပက္ခ= (ပက္ခန္တရ)ဝါကျ
(ပက္ခ)ဝါကျ၏ နောက်၌ရှိသည်။
၃။ ဒဠှီ= (ဒဠှီကရဏ)ဝါကျ
(ဒဠှီယ)ဝါကျ၏ နောက်၌ရှိသည်။
၎။ ပါကဋီ = (တပ္ပါကဋီကရဏ)ဝါကျ
(အပါကဋ)ဝါကျ၏ နောက်၌ရှိသည်။
ကြွင်းသော အကြီး (၄)ဝါကျလင်္ကာရှင်းချက်
***********
(ဆောင်) ဥ-နိ-ဂုဏ,နောက် ဒေါသ, လေးဝ ကြွင်းဝါကျ။
၁။ ဥ= (ဥပနျာသ)ဝါကျ
(ဥနျာသိတဗ္ဗ)ဝါကျ၏ နောက်၌ရှိသည်။
၂။ နိ= (နိဂမန)ဝါကျ
(နိဂမနီယ)ဝါကျ၏ နောက်၌ရှိသည်။
၃။ ဂုဏ= (လဒ္ဓဂုဏ)ဝါကျ
(လဒ္ဓဂုဏိယ/ယုတ္တိ)ဝါကျ၏ နောက်၌ရှိသည်။
၎။ ဒေါသ= (လဒ္ဓဒေါသ)ဝါကျ
(လဒ္ဓဒေါသိယ/အယုတ္တိ)ဝါကျ၏ နောက်၌ရှိသည်။
#############
ဝါကျကြီး (၁၈)မျိုး ဆိုရိုး
*********
ဒုက (၁၀)ဝါကျ ဆိုရိုး
*********
(ဆောင်)ကျဉ်း-ကျယ်, ကြောင်း-ကျိုး၊ အရိုး-အထူး၊ ချီးကျူး-ပြစ်တင်၊ လျော်-ဆန့်ကျင်၊ ငါးအင် ဒုက်ဝါကျ။
၁။ ကျဉ်း=(အကျဉ်းချုပ်ကား)
ရှေ့ဝါကျကို (ချဉ်း,ချုံး/အကျဉ်းချုံး)ပြသော ဝါကျသည် (သက္ခေပ)ဝါကျ မည်၏။
၂။ ကျယ်=(ချဲ့ဦးအံ့)
ရှေ့ဝါကျကို ( ဖော်ချဲ့/အကျယ်ချဲ့)ပြသော ဝါကျသည် (ဝိတ္ထာရ)ဝါကျ မည်၏။
၃။ ကြောင်း=(အကြင့်ကြောင့်)
ရှေ့ဝါကျ၏ (အကြောင်းကို)ပြသော ဝါကျသည် (ကာရဏ)ဝါကျ မည်၏။
၎။ ကျိုး=(ထို့ကြောင့်/အကျိုးကား/အကျိုးကိုဆိုဦးအံ့)
ရှေ့ဝါကျ၏ (အကျိုးကို)ပြသော ဝါကျသည် (ဖလ)ဝါကျ မည်၏။
၅။ အရိုး=(သာမညကား/သာမညကိုဆိုဦးအံ့)
(အများဆိုင်အနက်ကို)ပြသော ဝါကျသည် (သာမည)ဝါကျ မည်၏။
၆။ အထူး=(အထူးကား/အထူးကိုဆိုဦးအံ့)
(အလိုရှိသောအနက်ထူးကို)ပြသော ဝါကျသည် (ဝိသေသ)ဝါကျ မည်၏။
၇။ ချီးကျူး=(သို့သော်လည်း/ထို့သို့ပင်--သော်လည်း)
ရှေ့ဝါကျ၏(ချီးမွမ်းအပ်သော အနက်ကို)ပြသော ဝါကျသည် (သမ္ဘာဝနာ)ဝါကျ မည်၏။
၈။ ပြစ်တင်=(သို့သော်လည်း/ထို့သို့ပင်--သော်လည်း)
ရှေ့ဝါကျ၏(ကဲ့ရဲ့အပ်သော အနက်ကို)ပြသော ဝါကျသည် (ဂရဟာ)ဝါကျ မည်၏။
၉။ လျော်=(အနွယကား/အလျော်ကား/စင်စစ်သော်ကား)
(အလျော် အနက်ကို)ပြသော ဝါကျသည် (အနွယ)ဝါကျ မည်၏။
၁၀။ ဆန့်ကျင်=(ဗျတိရိပ်ကား/ဆန့်ကျင်ဘက်ကား)
(ဆန့်ကျင်ဘက် အနက်ကို)ပြသော ဝါကျသည် (ဗျတိရေက)ဝါကျ မည်၏။
ဧကက (၄)ဝါကျ ဆိုရိုး
****
(ဆောင်)ဝါကျာရမ္ဘ, ပက္ခ-ဒဠှီ, ပါကဋီ, လေးလီ ဧကက။
၁။ ဝါကျာရမ္ဘ=(ဆက်ဦးအံ့၊ ရှေ့စကားရပ်ကို ဆက်၍ဆို/ပြဦးအံ့)
ရှေ့ဝါကျ၏ စကားကို (ဆက်)ပြသော ဝါကျသည် (ဝါကျာရမ္ဘ)ဝါကျ မည်၏။
၂။ ပက္ခ=(အဖို့တပါးကား/သည်သာမကသေး/ပက္ခန္တရကိုဆို/ပြဦးအံ့)
ရှေ့ဝါကျမှ (တစ်ပါးသော အဖို့ကို)ပြသော ဝါကျသည် (ပက္ခန္တရ)ဝါကျ မည်၏။
၃။ ဒဠှီ=(မှန်၏/သင်၏/ဒဠှီကရဏကို ဆို/ပြဦးအံ့)
ရှေ့ဝါကျကို (ခိုင်မြဲအောင်) ပြုပေးသော ဝါကျသည် (ဒဠှီကရဏ)ဝါကျ မည်၏။
၎။ ပါကဋီ=(ထင်ရှားအောင်ဆို/ပြဦးအံ)
ရှေ့ဝါကျကို (ထင်ရှာအောင်) ပြုပေးသော ဝါကျသည် (တပ္ပါကဋီကရဏ)ဝါကျ မည်၏။
ကြွင်းသော အကြီး (၄)ဝါကျ ဆိုရိုး
**********
(ဆောင်) ဥ-နိ-ဂုဏ,နောက် ဒေါသ, လေးဝ ကြွင်းဝါကျ။
၁။ ဥပနျာသ=(ဆက်ဦးအံ/ထိုကြားဝင်စကားရပ်ကို ဆက်၍ဆို/ပြဦးအံ့)
ရှေ့ဝါကျ၏(ကြားဝင်စကားရပ်ကို) (ဆက်)ပြသော ဝါကျသည် (ဥပနျာသ)ဝါကျမည်၏။
၂။ နိဂမန=(နိဂုံးကို ဆို/ပြဦးအံ့)
ရှေ့ဝါကျ၏စကားရပ်ကို (ပြန်၍အုပ်ဖုံး)ပြသော ဝါကျသည် (နိဂမန)ဝါကျမည်၏။
၃။ လဒ္ဓဂုဏ=(အကျိုးကား)
ရှေ့ဝါကျ၏(ကျေးဇူးဂုဏ်ကို)ဖော်ပြသော ဝါကျသည် (လဒ္ဓဂုဏ)ဝါကျမည်၏။
၎။ လဒ္ဓဒေါသ=(အပြစ်ကား/လဒ္ဓဒေါသကို ထင်ရှားပြဦးအံ့)
ရှေ့ဝါကျ၏(အပြစ်ကို) ဖော်ပြသော ဝါကျသည် (လဒ္ဓဒေါသ)ဝါကျမည်၏။
#############
အခြားဝါကျ(၅)စုံ
************
(ဆောင်) ပုစ္ဆာ+ဝိဿဇ်, အနိ+နိနှင့်၊
ပမာ+ပမေ, ထုဒ္ဓါ+ဒ္ဒေပါ၊
စော+ဟာရာ၊ ငါးဖြာ ခြားဝါကျ။
၁။ ပုစ္ဆာဝါကျ+ဝိဿဇ္ဇနာဝါကျ
၂။ အနိယမဝါကျ+နိယမဝါကျ
၃။ ဥပမာနဝါက်+ဥပေမယ်ဝါက်
၄။ အတၳဳဒၶါရဝါက်+အတၳဳေဒၵသဝါက်
၅။ စောဒနာဝါကျ+ပရိဟာရဝါကျ
#################
အခြာဝါကျ(၅)စုံကို ဝါကျ (၁၈)မျိုး၌
သွင်းယူပုံ
****************
ပုစ္ဆာ+ဝိဿဇ်, အနိ+နိနှင့်,
ပမာ+ပမေ, စော+ဟာရေ၊
တူလေ ပက္ခ-ပက္ခန္တ။
အတ္ထုဒ္ဓါရ၊ ထုဒ္ဒေသ၊ တူရ ရိုး+ထူးပြ။
၁။ ပုစ္ဆာဝါကျ+ဝိဿဇ္ဇနာဝါကျ
၂။ အနိယမဝါကျ+နိယမဝါကျ
၃။ ဥပမာနဝါက်+ဥပေမယ်ဝါက်
၄။ စောဒနာဝါကျ+ပရိဟာရဝါကျ
လေးမျိုးတို့သည် ပက္ခဝါကျ-ပက္ခန္တရဝါကျမျိုးနှင့် တူ၏။
၁။ အတ္ထုဒ္ဓါရဝါကျ+အတ္ထုဒ္ဒေသဝါကျသည်
သာမညဝါကျ+ဝိသေသဝါကျနှင့် တူ၏။
#################
ဓမ္မာစရိယအလင်းအိမ်
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362
ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362
ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362
No comments:
Post a Comment