ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၂)
***************
ဝါကျကြီး(၁၈)မျိုး တူ,စပ်,နွယ်(၃)အုပ်စု
*******
(ဆောင်) တူ+ငါး-စပ်+လေး, နွယ်+ကိုးရေး, ခွဲတွေး တတ်ပါစေ။
အုပ်စု(၁) အတူ (၅)ဝါကျ
အုပ်စု(၂) အစပ် (၄)ဝါကျ
အုပ်စု(၃) အနွယ် (၉)ဝါကျ
#########
အုပ်စု(၁) အတူ (၅)ဝါကျလင်္ကာ
*************
(ဆောင်) ဝိတ်-သင်-နိ-တပ်, ဒဠှီမှတ်,
ငါးရပ် အတူမျိုး။
အုပ်စု(၂) အစပ် (၄)ဝါကျလင်္ကာ
*************
(ဆောင်) ကြောင်း-ကျိုး-ဂုဏ, နောက်ဒေါသ, လေးဝ အစပ်မျိုး။
အုပ်စု(၃) အနွယ် (၉)ဝါကျလင်္ကာ
*************
(ဆောင်)
ပက်-ဥ-ဝါကျံ, ဝိ-သာမံနှင့်၊
ဗျ-နွယ်-ဂ-သမ်၊ ဤကိုးတန်၊ မှတ်ရန် အနွယ်မျိုး။
###############
အုပ်စု(၁) အတူ (၅)ဝါကျလင်္ကာရှင်းချက်
*************
(ဆောင်) ဝိတ်-သင်-နိ-တပ်, ဒဠှီမှတ်,
ငါးရပ် အစပ်မျိုး။
၁။ ဝိတ်= (ဝိတ္ထာရ)ဝါကျ
၂။ သင်= (သက္ခေပ)ဝါကျ
၃။ နိ= (နိဂမန)ဝါကျ
၎။ တပ် = (တပ္ပါကဋီကရဏ)ဝါကျ
၅။ ဒဠှီ= (ဒဠှီကရဏ)ဝါကျ
############
အုပ်စု(၂) အစပ် (၄)ဝါကျလင်္ကာရှင်းချက်
*************
(ဆောင်) ကြောင်း-ကျိုး-ဂုဏ, နောက်ဒေါသ, လေးဝ အစပ်မျိုး။
၁။ ကြောင်း= (ကာရဏ)ဝါကျ
၂။ ကျိုး = (ဖလ)ဝါကျ
၃။ ဂုဏ= (လဒ္ဓဂုဏ)ဝါကျ
၎။ ဒေါသ= (လဒ္ဓဒေါသ)ဝါကျ
###########
အုပ်စု(၃) အနွယ် (၉)ဝါကျလင်္ကာ
*************
(ဆောင်)
ပက်-ဥ-ဝါကျံ, ဝိ-သာမံနှင့်၊
ဗျ-နွယ်-ဂ-သမ်၊ ဤကိုးတန်၊ မှတ်ရန် အနွယ်မျိုး။
၁။ ပက်= (ပက္ခန္တရ)ဝါကျ
၂။ ဥ= (ဥပနျာသ)ဝါကျ
၃။ ဝါကျံ= (ဝါကျာရမ္ဘ)ဝါကျ
၎။ ဝိ= (ဝိသေသ)ဝါကျ
၅။ သာမံ= (သာမည)ဝါကျ
၆။ ဗျ= (ဗျတိရေက)ဝါကျ
၇။ နွယ်= (အနွယ)ဝါကျ
၈။ ဂ= (ဂရဟာ)ဝါကျ
၉။ သမ်= (သမ္ဘာဝနာ)ဝါကျ
မှတ်ချက်။ အလွယ်တကူ ဝါကျခွဲနိုင်ရန်
ဝါကျ (၁၈)မျိုးကို အုပ်စု(၃)စု ခွဲခြားနည်းကို ကြိုတင် သိထားဖို့လိုပါသည်။
###########
ဝါကျခွဲ စဉ်းစားနည်း
********
(ဆောင်) ထွက်ရာမူလ, ဝါကျကိုရှာ၊
ပိဏ္ဍတ္ထကောက်, ထိုနောက်သေချာ။
တူလော-စပ်လော, နွယ်လောရှုပါ၊
ထိုနောက်ခွဲ, မလွဲနိုင်တော့ပါ။ ။
၁။ ထွက်ရာမူလဝါကျနှင့် ထွက်လာသောမူလီဝါကျကို နားလည်ပါ။
အမေးခံရသော ဝါကျခွဲရမည့် ဝါကျကို ထွက်လာသော(မူလီ) ဝါကျ ဟု မှတ်၍
ရှေ့ဝါကျကို ထွက်ရာဖြစ်သော(မူလ)ဝါကျဟု သာမညအားဖြင့် မှတ်ထားပါ။
၂။ ထွက်ရာမူလဝါကျကိုရှာပါ။
ဝါကျခွဲရန် အမေးခံရသော ထွက်လာသော(မူလီ) ဝါကျသည် ရှေ့၌ရှိသော ဝါကျများတွင် မည်သည့် ဝါကျကနေ ထွက်သနည်းဟု ထွက်ရာမူလဝါကျကိုရှာပါ။
၃။ အနက်,အဓိပ္ပါယ်ဆိုလိုရင်းပိဏ္ဍတ္ထ ကောက်ပါ။
၎င်းဝါကျသည် ရှေ့ဝါကျကနေ ဘယ်လိုထွက်လာသလဲ၊ ရှေ့ဝါကျပါ စကားရပ်များနှင့် အနက်,အဓိပ္ပါယ်,ဆိုလိုရင်း(ပိဏ္ဍတ္ထ)အားဖြင့်
(၁) အတူသဘောရှိသလား
(၂)အစပ်သဘောရှိသလား
(၃) အနွယ်လသဘောရှိသလား စဉ်းစားရမည်။
၎။ တူစပ်နွယ် ရွေးချယ်ပါ။
အတူသဘောရှိလျှင် အတူ(၅)ဝါကျထဲမှ ဝါကျတစ်မျိုးမျိုးဖြင့်ဖြေပါ။
အစပ်သဘောရှိလျှင် အစပ်(၄)ဝါကျထဲမှ ဝါကျတစ်မျိုးမျိုးဖြင့်ဖြေပါ။
အနွယ်သဘောရှိလျှင် အနွယ်(၉)ဝါကျထဲမှ ဝါကျတစ်မျိုးမျိုးဖြင့်ဖြေပါ။
မှတ်ချက်။ ။ ဝါကျ အမည်ပေးရာ၌ ရှေ့ကပြခဲ့သော ဝါကျ(၁၈)မျိုး၏ အနက်သင်္ကေတများကို မှတ်သား၍ အမည်ပေးနိုင်ပါသည်။
တနည်း= ဟိ-စ-ပန=နိပါတ်ညွှန်ပြဝါကျများဖြင့် ဝါကျအုပ်စုဖွဲ့၍ ဝါကျခွဲအလွယ်ဆုံးဖြတ်နိုင်သေးသည်။ ဟိ-စ-ပန=နိပါတ်ညွှန်းပြ ဝါကျများကို ဆရာမြတ်တို့၏ အဋ္ဌသာလိနီစည်းမျဉ်းစာအုပ်များ၌ ကြည့်ရှုမှတ်သားနိုင်ပါသည်။
############
ဝါကျကြီး(၁၈)မျိုးရှင်းချက်
************
(ဆောင်) ဝိတ်-သင်-နိ-တပ်, ဒဠှီမှတ်,
ငါးရပ် အတူမျိုး။
၁။ ဝိတ်= (ဝိတ္ထာရ)ဝါကျဟူသည်
*******
(ဆောင်) ပိဏ္ဍတ္ထတူ, ရှေ့နောက်ဟူ, ကျဉ်းမူကျယ်ပြ, ဝိတ္ထာရ။
ဟေတု-သရူပ, အာကာရ, သုံးဝ ဝိတ္ထာရ။
ရှေ့ဝါကျဖြင့် အကျဉ်းသင်္ခေပကို ပြပြီး၍ ထိုငုပ်နေ ကျဉ်းနေသော စကားရပ်ကို
ဖော်ထုတ်အကျယ်ချဲ့ ပြသော နောက်ဝါကျကို (ဝိတ္ထာရ)ဝါကျဟု ခေါ်ပါသည်။
##########
(ဝိတ္ထာရ)ဝါကျအင်္ဂါ
**********
၁။ ရှေ့ဝါကျနှင့် နောက်ဝါကျ ဆိုလိုရင် အဓိပ္ပာယ် တူခြင်း
၂။ အကျဉ်းနှင့် အကျယ်မျှသာ ကွာခြားခြင်း
၃။ ရှေ့မူလဝါကျသည် ငုပ်နေ,ကျဉ်းနေခြင်း
၎။ နောက်မူလီဝါကျသည် အဓိပ္ပါယ် ပေါ်လွင်အောင် ဟိတ်ပုဒ်ဖြင့်လည်းကောင်း၊ သရုပ်ဖြင့်လည်းကောင်း၊ အာကာရဖြင့်လည်းကောင်း တမျိုးမျိုးဖြင့် အကျယ်ချဲ့ပြခြင်း
########
ဝိတ္ထာရဝါကျ(၃)မျိုး
*********
(ဆောင်) ဟေတု-သရူပ, အာကာရ, သုံးဝ ဝိတ္ထာရ။
ဟိတ်ပုဒ်ဖြင့် ချဲ့သော ဝိတ္ထာရ
သရုပ်ဖြင့် ချဲ့သော ဝိတ္ထာရ
အာကာရဖြင့် ချဲ့သော ဝိတ္ထာရ
############
၂။ သင်= (သက္ခေပ)ဝါကျဟူသည်
**********
ရှေ့ဝါကျဖြင့် အကျယ်ဝိတ္ထာရကို ပြပြီး၍ ထိုအကျယ်ဖြစ်နေသော စကားရပ်ကို
အကျဉ်းချုံး ပြသော နောက်ဝါကျကို (သင်္ခေပ)ဝါကျဟု ခေါ်ပါသည်။
#########
(သက္ခေပ)ဝါကျအင်္ဂါ
**********
၁။ ရှေ့ဝါကျနှင့် နောက်ဝါကျ ဆိုလိုရင် အဓိပ္ပာယ် တူခြင်း
၂။ အကျယ်နှင့် အကျဉ်းမျှသာ ကွာခြားခြင်း
၃။ ရှေ့မူလဝါကျသည် အလွန်ကျယ်နေခြင်း
၎။ နောက်မူလီဝါကျသည် အကျဉ်းချုံးပြခြင်း
(ဆောင်) ဟောတိ စေတ္ထ, စနက်ရ, သင်္ခေပဟု စွဲ။
##############
၃။ နိ= (နိဂမန)ဝါကျဟူသည်
*********
ရှေ့ဝါကျဖြင့် အကျဉ်း အကျယ်တို့ကို ပြပြီး၍ ထိုစကားရပ်တို့ကို နိဂုံးအုပ် ပြသော နောက်ဝါကျကို (နိဂမန)ဝါကျဟု ခေါ်ပါသည်။
###########
၎။ တပ် =(တပ္ပါကဋီကရဏ)ဝါကျဟူသည်
***********
ရှေ့ဝါကျ၌ ပြဆိုခဲ့သောစကားသည် မထင်ရှား မပေါ်လွင်၍ ထိုစကားရပ်ကို (ဥပမာ+ဥပမေယျဝါကျအစုံဖြင့်လည်းကောင်း၊ အနိယမ+နိယမဝါကျ အစုံဖြင့်လည်းကောင်း) ထင်ရှားပေါ်လွင်အောင် ပြသော နောက်ဝါကျကို (တပ္ပါကဋီကရဏ)ဝါကျ ဟုခေါ်ပါသည်။
မှတ်ချက်။ ။ဝါကျတို့ကို (က)(ခ)ထိုးမေးရာ၌ (က)ဝါကျ၌ ဥပမာ (ခ)ဝါကျ၌ ဥပမေယျ (သို့မဟုတ်) (က)ဝါကျ၌ ဥပမေယျ (ခ)ဝါကျ၌ ဥပမာ ရှိသော်လည်းကောင်း။
(က)ဝါကျ၌ အနိယမ (ခ)ဝါကျ၌ နိယမ (သို့မဟုတ်) (က)ဝါကျ၌ နိယမ (ခ)ဝါကျ၌ အနိယမ ရှိသော်လည်းကောင်း ပက္ခ+ပက္ခန္တရဝါကျမျိုး ဖြစ်သော်လည်း
(ခ)ဝါကျအတွင်း၌ ဥပမာ+ဥပမေယျအစုံဖြင့်သော်လည်းကောင်း၊ အနိယမ+နိယမအစုံဖြင့်လည်းကောင်း ဖွင့်ဆိုပြရာ၌
ရှေ့မူလ(က)ဝါကျစကားရပ်သည် (မထင်ရှာ မပေါ်လွင်ခြင်း) သဘောရှိက
(အပါကဋ+တပ္ပါကဋီကရဏ)ဝါကျ ဖြစ်သည်။
ရှေ့မူလ(က)ဝါကျစကားရပ်သည် (အကြောင်းပြ) သဘောရှိက
(ကာရဏ+ဖလ)ဝါကျ ဖြစ်သည်။
ရှေ့မူလ(က)ဝါကျသည် (မြဲမြံခိုင်ခံခြင်း) သဘောရှိက
(ဒဠှီယ+ဒဠှီကရဏ)ဝါကျ ဖြစ်သည်ဟူ၍ သတိပြုပါ။
###########
(တပ္ပါကဋီကရဏ)ဝါကျအင်္ဂါ
***********
၁။ ရှေ့နောက်နှစ်ဝါကျသည် ဆိုလိုရင် အနက်အဓိပ္ပာယ် တူခြင်း
၂။ ရှေ့မူလဝါကျသည် အနက်အဓိပ္ပာယ် မပေါ်လွင် မထင်ရှားခြင်း
၃။ နောက်မူလီဝါကျသည်
(ဥပမာ+ဥပမေယျဝါကျအစုံဖြင့်လည်းကောင်း၊ အနိယမ+နိယမဝါကျ အစုံဖြင့်လည်းကောင်း) အနက်အဓိပ္ပာယ် ပေါ်လွင် ထင်ရှားအောင် ဖွင့်ဆိုပြခြင်း
##############
၅။ ဒဠှီ= (ဒဠှီကရဏ)ဝါကျဟူသည်
**********
ရှေ့ဝါကျ၌ ပြဆိုခဲ့သောစကားသည် မြဲမြံခိုင်ခံခြင်း မရှိ၍ ထိုစကားရပ်ကို (အာဂုံပါဠိဖြင့် လည်းကောင်း၊ အသင်ယုတ္တိဖြင့် လည်းကောင်း) မြဲမြံခိုင်ခံ့အောင် ပြသော နောက်ဝါကျကို (ဒဠှီကရဏ)ဝါကျ ဟုခေါ်ပါသည်။
#############
(ဒဠှီကရဏ)ဝါကျအင်္ဂါ
**********
၁။ ရှေ့မူလဝါကျသည် အနက်အဓိပ္ပာယ် မခိုင်မြဲခြင်း
၂။ နောက်မူလီဝါကျသည်
(အာဂုံပါဠိဖြင့်လည်းကောင်း၊ အသင့်ယုတ္တိဖြင့်လည်းကောင်း၊
(တနည်း)ဥပမာ+ဥပမေယျဝါကျအစုံဖြင့်လည်းကောင်း၊ အနိယမ+နိယမဝါကျ အစုံဖြင့်လည်းကောင်း) အနက်အဓိပ္ပာယ် ခိုင်မြဲအောင် ဖွင့်ဆိုပြခြင်း
##########
(ဒဠှီကရဏ)ဝါကျ(၂)မျိုး
********
၁။ ဘုရားဟောပါဠိစသော အာဂုံပါဠိတို့ဖြင့် ခိုင်မြဲစေသော အာဂမဒဠှီကရဏ
၂။ အသင့်ယုတ္တိ သဘောအားဖြင့် ခိုင်မြဲစေသော ယုတ္တဒဠှီကရဏ
##########
(ဆောင်) ကြောင်း-ကျိုး-ဂုဏ, နောက်ဒေါသ, လေးဝ အစပ်မျိုး။
၆။ ကြောင်း= (ကာရဏ)ဝါကျဟူသည်
******
ရှေ့ဝါကျ၌ ပြဆိုခဲ့သောစကားသည် အကျိုး ဖြစ်နေ၍ ထိုအကျိုးဖြစ်သော စကားရပ်၏ အကြောင်းကို ပြသော နောက်ဝါကျကို (ကာရဏ)ဝါကျ ဟုခေါ်ပါသည်။
###########
(ကာရဏ)ဝါကျအင်္ဂါ
*********
၁။ ရှေ့မူလဝါကျသည် အကျိုးကိုပြခြင်း
၂။ နောက်မူလီဝါကျသည်
(ဥပမာ+ဥပမေယျဝါကျအစုံဖြင့်လည်းကောင်း၊ အနိယမ+နိယမဝါကျ အစုံဖြင့်လည်းကောင်း) ယင်း၏အကြောင်းကိုပြခြင်း
##########
၇။ ကျိုး = (ဖလ)ဝါကျဟူသည်
*******
ရှေ့ဝါကျ၌ ပြဆိုခဲ့သောစကားသည် အကြောင်း ဖြစ်နေ၍ ထိုအကြောင်းဖြစ်သော စကားရပ်၏ အကျိုးကို ပြသော နောက်ဝါကျကို (ဖလ)ဝါကျ ဟုခေါ်ပါသည်။
##########
(ဖလ)ဝါကျအင်္ဂါ
*********
၁။ ရှေ့မူလဝါကျသည် အကြောင်းကိုပြခြင်း
၂။ နောက်မူလီဝါကျသည် ယင်း၏အကျိုးကိုပြခြင်း
##########
၈။ ဂုဏ= (လဒ္ဓဂုဏ)ဝါကျဟူသည်
***********
ရှေ့ဝါကျ၌ ပြဆိုခဲ့သော စကားရပ်၏(ရှေ့ဝါကျ၌ ပြခဲ့သော အကျိုး၏) ရရှိအပ်သော အကျိုးဂုဏ်ကို ပြသော နောက်ဝါကျကို (လဒ္ဓဂုဏ)ဝါကျ ဟုခေါ်ပါသည်။
မှတ်ချက်။ ။ဖလဝါကျ၏ အကျိုးကို ပြသော ဝါကျကို (လဒ္ဓဂုဏ)ဝါကျ ဟုခေါ်ပါသည်။ ၄င်းကို ရည်ရွယ်၍ အလွယ်မှတ်နိုင်ရန် ရှေ့မူလဝါကျသည် အကျိုးဖြစ်၍ နောက်မူလီဝါကျက အကြောင်းဖြစ်လျှင် (လဒ္ဓဂုဏ)ဝါကျ မည်၏ဟု မိန့်တော်မူကြသည်။
#########
ရွှေညဝါဆရာသုန်၏
(လဒ္ဓဂုဏ)ဝါကျဆုံးဖြတ်နည်း
***********
၁။ ရှေ့နောက်ဝါကျတို့၌ ယသ္မာ မပါဘဲ တသ္မာဖြင့်သာ အစချီ၍ တက်လာသော ဝါကျဖြစ်ခြင်း
၂။ ဒေဿတိ, ဒီပေတိဟူသော ကြိယာများအဆုံးသတ်သည့် အကျိုးဝါကျဖြစ်ခြင်း
၃။ ဒဋ္ဌဗ္ဗော, ဝေဒိတဗ္ဗော,ဝုစ္စတိ, ဝုတ္တံ စသော ကံဟောကြိယာများအဆုံးသတ်သည့် အကျိုးဝါကျဖြစ်ခြင်း
၎။ အကျိုးဝါကျနှစ်ဆင့်လာရာ၌ ဒုတိယအကျိုးဝါကျဖြစ်ခြင်း ဤလေးချက်တို့ တစ်ချက်ချက်ညီသော် (လဒ္ဓဂုဏ)ဝါကျဟု ဆုံးဖြတ်နိုင်သည်။
##########
၉။ ဒေါသ= (လဒ္ဓဒေါသ)ဝါကျဟူသည်
**********
ရှေ့ဝါကျ၌ ပြဆိုခဲ့သော စကားရပ်၏ အပြစ်ဒေါသကို ပြသော နောက်ဝါကျကို (လဒ္ဓဒေါသ)ဝါကျ ဟုခေါ်ပါသည်။
##########
(လဒ္ဓဒေါသ)ဝါကျအင်္ဂါ
**********
၁။ ရှေ့မူလဝါကျသည် အပြစ်တင်ဖွယ် အယုတ္တိဖြစ်နေခြင်း
၂။ နောက်မူလီဝါကျသည် ယင်း၏အပြစ်ဒေါသကိုပြခြင်း
###########
(ဆောင်) ပက်-ဥ-ဝါကျံ, ဝိ-သာမံနှင့်၊
ဗျ-နွယ်-ဂ-သမ်၊ ဤကိုးတန်၊ မှတ်ရန် အနွယ်မျိုး။
၁၀။ ပက်= (ပက္ခန္တရ)ဝါကျဟူသည်
************
ရှေ့ဝါကျ၌ ပြဆိုခဲ့သော စကားရပ်မှ တစ်ပါးသောအဖို့ကို ပြသော နောက်ဝါကျကို (ပက္ခန္တရ)ဝါကျ ဟုခေါ်ပါသည်။
##########
(ပက္ခန္တရ)ဝါကျအင်္ဂါ
*********
၁။ ရှေ့မူလဝါကျနှင့် နောက်မူလီဝါကျသည် မတူညီ နွယ်ရုံသဘောသာရှိခြင်း
#######
(ပက္ခန္တရ)ဝါကျ အလွယ်ဆုံးဖြတ်နည်း
*********
၁။ ရှေ့မူလဝါကျသည် စကားတစ်ရပ်ကို ပြဆိုပြီးနောက် နောက်မူလီဝါကျသည် အခြားစကားတစ်ရပ်ကို ပြဆိုခြင်း
၂။ ရှေ့မူလဝါကျသည် သံဝဏ္ဏေတဗ္ဗတစ်မျိုးကို ပြဆိုပြီးနောက် နောက်မူလီဝါကျသည် သံဝဏ္ဏေတဗ္ဗတစ်မျိုးကို ပြဆိုခြင်း
၃။ ရှေ့မူလဝါကျက ပြဆိုသည့် သံဝဏ္ဏေတဗ္ဗတစ်မျိုးတည်းကိုပင် နောက်မူလီဝါကျသည် ဝါ,အထဝါ အပိ စ အပရော နယောပုဒ်တို့ဖြင့် တနည်းကို ပြဆိုခြင်း
၎။ ရှေ့မူလဝါကျသည် အပေါင်းပုဒ်များကို ဖွင့်ဆိုပြီးနောက် နောက်မူလီဝါကျသည် အစိတ်ပုဒ်ကို ဖွင့်ဆိုခြင်း
၅။ ရှေ့မူလဝါကျသည် ဝိဂြိုဟ်ကို ပြဆိုပြီးနောက် နောက်မူလီဝါကျသည် အရကောက်ကို ပြဆိုခြင်း
###########
၁၁။ ဥ= (ဥပနျာသ)ဝါကျဟူသည်
************
ရှေ့ဝါကျ၌ ပြဆိုခဲ့သော စကားရပ်သည် အပြစ်တင်ဖွယ်, စောဒနာဖွယ် ရှိ၍ ထိုအပြစ်တင်ဖွယ်, စောဒနာဖွယ်ကို ပယ်ဖျက်ရန် ဆက်လက်(အားထုတ်) ပြသာ နောက်ဝါကျကို (ဥပနျာသ)ဝါကျ ဟုခေါ်ပါသည်။
#########
(ဥပနျာသ)ဝါကျအင်္ဂါ
၁။ ရှေ့မူလဝါကျ၌ ကြားဝင် စကားရပ် ပါရှိခြင်း
၂။ နောက်မူလီဝါကျက ထိုကြားဝင်စကားရပ်ကို ဆက်၍ပြခြင်း
၃။ ရှေ့မူလဝါကျနှင့် နောက်မူလီဝါကျသည် ဝါကျမခြား, ကြားစကားမခြားဘဲ ဆက်၍ပြခြင်း
မှတ်ချက်။ ။ ဝါကျာရမ္ဘောတိ စ ဥပနျာသော အစရှိသော ဂန္ထာဘရဏဋီကာနှင့် အညီ ဝါကျာရမ္ဘဝါကျနှင့် ဥပနျာသဝါကျသည် မထူးခြား အတူပင်ဟု ဆိုသည်ကို ထောက်၍ ယခုအခါ စာမေးပွဲ အဖြေမှန်ထုတ်ရာတွင် ဥပနျာသဝါကျနှင့် ဝါကျာရမ္ဘဝါကျမခွဲခြားဘဲ ဝါကျာရမ္ဘဝါကျဟူ၍သာ အဖြေမှန်ထုတ်တော့သည်ဟု ဆရာမြတ်များမိန့်လေ့ ရှိသောကြောင့် အစိုးရ စာမေးပွဲအတွက် ဥပနျာသဝါကျကို ကြောင်းကြစိုက်ရန်မလို အသင်းစားမေးပွဲ ဖြေဆိုမည့် ပုဂ္ဂိုလ်များသာ အထူးဂရုစိုက်သင့်ပါသည်။
#############
၁၂။ ဝါကျံ= (ဝါကျာရမ္ဘ)ဝါကျဟူသည်
************
ရှေ့ဝါကျ၌ ဆိုအပ်ခဲ့ပြီးသော စကားရပ်သည် အပြစ်တင်ဖွယ် စောဒနာဖွယ်ရှိ၍ ထိုအပြင်တင်ဖွယ်စောဒနာဖွယ်ကို ပယ်ဖျက်လို၍ ဆက်လက်တက်လာသော ဝါကျကို (ဝါကျာရမ္ဘ)ဝါကျ ဟုခေါ်သည်။
(တနည်း) ရှေ့မူလဝါကျ၌ ဆိုသင့်ဆိုထိုက်သော စကားကျန်ကို ပြလို၍ ဆက်လက်တက်လာသော နောက်မူလီဝါကျကို
(ဝါကျာရမ္ဘ)ဝါကျ ဟုခေါ်ပါသည်။
##########
(ဝါကျာရမ္ဘ)ဝါကျအင်္ဂါ
***********
(ဆောင်) စောဒနာတို့, စောဒနာချက်ကို, ပယ်ဖျက်လိုတွက်, ဤအချက်ကြောင့်, ဆက်၍တစ်ဖန်, အားထုတ်ပြန်, မှတ်ရန် အာရမ္ဘ။
(တနည်း)မူလဝါကျံ, စကားကျန်၍, တစ်ဖန်မြွက်ဟ, ဆက်၍ပြ, ဝါကျ အာရမ္ဘ။
၁။ ရှေ့မူလဝါကျ၌ အပြစ်တင်ဖွယ်, စောဒနာဖွယ်ရှိခြင်း
၂။ ရှေ့မူလဝါကျ၌ စကားကျန်ရှိနေခြင်း
၃။ နောက်မူလီဝါကျသည် ရှေ့စကားကျန်ကို ဆက်၍ပြခြင်း
မှတ်ချက်။ ဥပနျာသဝါကျ ထုတ်ရသည့် ဝါကျတိုင်း၌လည်း (ဝါကျာရမ္ဘ)ဝါကျ အမည်ပေးနိုင်ပါသည်။
##########
၁၃။ ဝိ= (ဝိသေသ)ဝါကျဟူသည်
************
ရှေ့ဝါကျ၌ (သာမည)အများဆိုင်အနက်ကို ပြဆိုပြီး၍၊
ထိုစကားရပ်၏ (ဝိသေသ) အနက်ထူးကို ပြဆိုသော နောက်ဝါကျကို (သာမည)ဝါကျဟုခေါ်သည်။
#########
(ဝိသေသ)ဝါကျအင်္ဂါ
*********
၁။ ရှေ့မူလဝါကျသည် ပုဒ်တစ်ပုဒ် စသည်၏ အများဆိုင်အနက်ကို ပြခြင်း
၂။ နောက်မူလီဝါကျသည် ရှေ့မူလဝါကျကို အထူးပြုသော ဝါကျဖြစ်ခြင်း
၃။ နောက်မူလီဝါကျသည် ရှေ့မူလဝါကျပါ စကားရပ်များမှ ဤနေရာ၌ အလိုရှိအပ်သော အနက်ထူးကိုပြခြင်း
############
၁၄။ သာမံ= (သာမည)ဝါကျဟူသည်
*********
ရှေ့ဝါကျ၌ (ဝိသေသ) အနက်ထူးကို ပြဆိုပြီး၍၊
ထိုစကားရပ်၏ (သာမည)အများဆိုင်အနက်ကို ပြဆိုသော နောက်ဝါကျကို (သာမည)ဝါကျဟုခေါ်သည်။
#########
(သာမည)ဝါကျအင်္ဂါ
**********
၁။ ရှေ့မူလဝါကျသည် ပုဒ်တစ်ပုဒ်၏ ဤနေရာ၌ အလိုရှိအပ်သော အနက်ထူးကိုပြခြင်း
၂။ နောက်မူလီဝါကျသည် ရှေ့မူလဝါကျ၏ အများဆိုင်အနက်ကို ပြခြင်း
၃။ နောက်မူလီဝါကျသည် ရှေ့မူလဝါကျပါ ဤနေရာ၌ အလိုရှိအပ်သော အနက်ထူးဟော ပုဒ်တစ်ပုဒ်၏ ဟောနိုင်သမျှအနက်ကိုပြခြင်း
############
၁၅။ ဗျ= (ဗျတိရေက)ဝါကျဟူသည်
**********
ရှေ့ဝါကျ၌ အလျော်အနက်ကို ပြဆိုပြီး၍၊ ထိုအလျော်အနက်၏ ဆန့်ကျင်ဘက် အနက်ကို ပြသော နောက်ဝါကျကို (ဗျတိရေက)ဝါကျဟုခေါ်သည်။
#########
(ဗျတိရေက)ဝါကျအင်္ဂါ
**********
၁။ ရှေ့မူလဝါကျသည် အလျော်ကိုပြခြင်း
၂။ နောက်မူလီဝါကျသည် ယင်း၏ဆန့်ကျင်ဘက်ကိုပြခြင်း
##########
၁၆။ နွယ်= (အနွယ)ဝါကျဟူသည်
**********
ရှေ့ဝါကျ၌ ဆန့်ကျင်ဘက် အနက်ကို ပြဆိုပြီး၍
ထိုရှေ့ဝါကျ၏ အလျော် အနက်ကို ပြဆေိုသော နောက်ဝါကျကို (အနွယ)ဝါကျဟုခေါ်သည်။
#########
(အနွယ)ဝါကျအင်္ဂါ
**********
၁။ ရှေ့မူလဝါကျသည် အကြောင်းကိုပြခြင်း
၂။ နောက်မူလီဝါကျသည် ယင်း၏အကျိုးကိုပြခြင်း
############
၁၇။ ဂ= (ဂရဟာ)ဝါကျဟူသည်
*************
ရှေ့ဝါကျ၌ ချီးမွမ်းအပ်,နှစ်သက်အပ်, မြတ်နိုးအပ်သော မြင့်မြတ်သောအနက်ထူးကို ပြပြီး၍၊
ကဲ့ရဲ့အပ်,မနှစ်သက်အပ်,မမြတ်နိုးအပ်,ယုတ်ညံသော အနက်ကို ပြသော နောက်ဝါကျကို (ဂရဟာ)ဝါကျဟုခေါ်သည်။
#########
(ဂရဟာ)ဝါကျအင်္ဂါ
*********
၁။ ရှေ့မူလဝါကျသည် ချီးမွမ်းဖွယ်ကိုပြခြင်း
၂။ နောက်မူလီဝါကျသည် ကဲ့ရဲ့ဖွယ်ကို ပြခြင်း
###########
၁၈။ သမ်= (သမ္ဘာဝနာ)ဝါကျဟူသည်
************
ရှေ့ဝါကျ၌ ကဲ့ရဲ့အပ်,မနှစ်သက်အပ်,မမြတ်နိုးအပ်,ယုတ်ညံသော အနက်ကို ပြပြီး၍၊
ချီးမွမ်းအပ်,နှစ်သက်အပ်, မြတ်နိုးအပ်သော မြင့်မြတ်သောအနက်ထူးကို ပြသော နောက်ဝါကျကို (သမ္ဘာဝနာ)ဝါကျဟုခေါ်သည်။
#########
(သမ္ဘာဝနာ)ဝါကျအင်္ဂါ
**********
၁။ ရှေ့ဝါကျ၌ ကဲ့ရဲ့ဖွယ်(မနှစ်သက်အပ်,မမြတ်နိုးအပ်,ယုတ်ညံသော အနက်)ကို ပြခြင်း
၂။ နောက်ဝါကျ၌ ချီးမွမ်းဖွယ်(,နှစ်သက်အပ်, မြတ်နိုးအပ်သော မြင့်မြတ်သောအနက်ထူး)ကို ပြခြင်း
#################
ဓမ္မာစရိယအလင်းအိမ်
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၃)
****************
ဥပစာ နှင့် နည်း အနှစ်ချုပ်
***********
ရှေ့က ပြခဲ့သော ဥပစာနှင့် နည်းဆိုရိုးများကို နှုတ်တက်ရပြီးပါက အောက်ပါတို့ ကြည့်၍ နေ့စဉ် လေ့ကျင့်ပါက ဉာဏ်လေးသူပင် ဖြစ်သော်လည်း တစ်လအတွင်း၌ ဥပစာနှင့်နည်းကို ကျွမ်းကျင်မည်။
############
ဥပစာ(၁၃)ပါး
***********
(ဆောင်) ကာ-ဖ-န-နီ, ဒေသ-သီနှင့်,
သမီပူ-ပျူ, သဒိသူ, ဂုဏူ တဒ္ဓမ်ထား၊
အဘေဒမှာ, ဘေဒဖြာ, ပစာ ဆယ့်သုံးပါး။
#############
ဥပစာ(၁၃)ပါးဆိုရိုးလင်္ကာ
********
၁။ (ဆောင်) အကြောင်းကိုပြ, အကျိုးရ, ကာရဏ ဥပစာ။
၂။ (ဆောင်) အကျိုးကိုပြ, အကြောင်းရ, ဖလ ဥပစာ။
၃။ (ဆောင်) ဌာနကိုပြ, ဌာနီရ, ဌာန ဥပစာ။
၎။ (ဆောင်) ဌာနီကိုပြ, ဌာနရ, မှတ်ကြ ဌာနျူပစာ။
၅။ (ဆောင်) အစိတ်နည်းပြ, ပေါင်းများရ, ဧကဒေသူပစာ။
၆။ (ဆောင်) ပေါင်းများကိုပြ, စိတ်နည်းရ, ဧကဒေသျူပစာ။
၇။ (ဆောင်) အနီးဖြစ်ပြ, နီးရှိရ, မှတ်ကြ သမီပူပစာ။
၈။ (ဆောင်) အနီးရှိပြ, နီးဖြစ်ရ, မှတ်ကြ သမီပျူပစာ။
၉။ (ဆောင်) အတူဖြစ်ပြ, တူရှိရ, မှတ်ကြ သဒိသူပစာ။
၁၀။ (ဆောင်) ဂုဏ်မည်ကိုပြ, ဂုဏေးရ, မှတ်ကြ ဂုဏူပစာ။
၁၁။ (ဆောင်) ထင်ရှားရှိပြ, မရှိရ, မှတ်ကြ တဒ္ဓမ္မူပစာ။
၁၂။ (ဆောင်) ကွဲပြားသော်လည်း, မကွဲစွဲ, မှတ်စွဲ အဘေဒူပစာ။(ဘေဒါဘေဒူပစာ)(ဘေဒ+အဘေဒူပစာ)
၁၃။ (ဆောင်) မကွဲပြားဘဲ, ကွဲပြားစွဲ, မှတ်ဖွယ် ဘေဒူပစာ။(အဘေဒဘေဒူပစာ)
###############
အသုံးပြုများသော နည်း(၁၃)မျိုးဆိုရိုးလင်္ကာ
***********
၁။ အကြောင်းဆိုက+အကျိုးရ, မှတ်ကြ နာနန္တ။
၂။ အကျိုးဆိုက+အကြောင်းရ, မှတ်ကြ အဝိန။
၃။ ပြဌာန်းဆိုက, မပြရ, မှတ်ကြ ပဓာန။
၎။ အစိတ်ဆိုက, အပေါင်းရ, ဥပလက္ခဏ။
၅။ အထင်ဆိုက+လုံးစုံရ, မှတ်ကြ နိဒဿန။
၆။ ထို၌ထင်ရာ+ဤရလာ, မှတ်ပါ ရုဠှီထား။
(ထင်နှင့်-တွင်-တင်, ဤသုံးအင်, မည်တွင် ရုဠှီပြား)
၇။ ဆောင်ယူအပ်ရာ, အနက်မှာ, ယူပါ နေယျတ္ထ။
၈။ အပြားမဲအား, ဆိုအပ်ငြား, မှတ်သား အဘေဒ။
၉/၁၀။ ယှဉ်ဖက်သဒ္ဒါ, နက်ချန်ကာ, ဟောရာ ဂေါ-ပုညာ။
၁၁။ ဆိုခဲ့-ဆိုရန်, မှကြွင်းကျန်, ယူပြန် ပါရိနည်း။
၁၂။ စဉ်တိုင်းမဆို, နီးစဆို, မည်ကို ဒုသတ္တိ။
၁၃။ ပြီးပြီး+လွန်ဆို, ထိုနည်းကို, ခေါ်ဆို ဥက္ကဋ္ဌ။
###########
ဥပစာ(၁၃)ပါး နှင့် နည်း(၁၃)ပါးတွဲလင်္ကာ
*********
၁။ (ဆောင်) နာနန္တရိက, ကာရဏ, ဌာန ဥပစာ။
၂။ (ဆောင်) ဂုဏူ-ဖလူ, ဌာနယူ, နည်းမူ အဝိနာ။ (ဌနယူ>ဌာနျူ)
၃။ (ဆောင်) ဧကဒေသျူ, သမီပူ, သဒိသူ ရုဠှီသာ။
၎။ (ဆောင်) ပုဉ်-ဂေါ-တ္တိ-ပါ, လေးနည်းမှာ, တစ်ဖြာ ဧကဒေသျူပစာ။
၅။ (ဆောင်) ပ-ဥ-နိဒသ်, ယင်းသုံးရပ်, မှတ်အပ် ဧကဒေသူပစာ။
ပစ်-ယေ-တဗ္ဗ, ရံခါရ, မှတ်ကြ ဧကဒေသူပစာ။
၆။ (ဆောင်) အဘေဒမူ, ဥက္ကဌ်ယူ, တဒ္ဓမ္မူ ရုဠှီသာ။
၇။ (ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။
၈။ (ဆောင်) ဒဠှီ-အာဂမ, နည်းယူက, အမ္ဗသိဉ္ဇနာ။
၉။ (ဆောင်) ဗဟုဗ္ဗီဟိ, အဿတ္ထိ, ထုတ်ဘိ ဂုဏူပစာ။
၁၀။ (ဆောင်) ဗဟုဗ္ဗီဟိ, အဿတ္ထိ, မှတ်ဘိ နာနန္တာ။
##########
ဥပစာ(၁၃)ပါး နှင့် နည်း(၁၃)ပါးတွဲနည်း
**********
၁။ (အကြောင်းကို+အကျိုး၌တင်)
(ဆောင်) အကြောင်းကိုပြ, အကျိုးရ, ကာရဏ ဥပစာ။
(ဆောင်) နာနန္တရိက, ကာရဏ, ဌာန ဥပစာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( စက္ခုနာ ရူပံ ပဿတိ )
##########
၂။ (အကျိုးကို+အကြောင်း၌တင်)
(ဆောင်) အကျိုးကိုပြ, အကြောင်းရ, ဖလ ဥပစာ။
(ဆောင်) ဂုဏူ-ဖလူ, ဌာနယူ, နည်းမူ အဝိနာ။ (ဌနယူ>ဌာနျူ)
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( သြဒနော ပစ္စတေ )
၃။ (ဌာနကို+နာနီ၌တင်)
(ဆောင်) ဌာနကိုပြ, ဌာနီရ, ဌာန ဥပစာ။
(ဆောင်) နာနန္တရိက, ကာရဏ, ဌာန ဥပစာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( မဉ္စာ ဃောသန္တိ )
##########
၎။ (ဌာနီကို+ဌာန၌တင်)
(ဆောင်) ဌာနီကိုပြ, ဌာနရ, မှတ်ကြ ဌာနျူပစာ။
(ဆောင်) ဂုဏူ-ဖလူ, ဌာနယူ, နည်းမူ အဝိနာ။ (ဌနယူ>ဌာနျူ)
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( ကုန္တာ ပစာရန္တိ )
##########
၅။ (အစိတ်ကို+အပေါင်း၌တင်)
(ဆောင်) အစိတ်နည်းပြ, ပေါင်းများရ, ဧကဒေသူပစာ။
(ဆောင်) ပ-ဥ-နိဒသ်, ယင်းသုံးရပ်, မှတ်အပ် ဧကဒေသူပစာ။
(ဆောင်) ပစ်-ယေ-တဗ္ဗ, ရံခါရ, မှတ်ကြ ဧကဒေသူပစာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( ရာဇာ အာဂစ္ဆတိ )
##########
၆။ (အပေါင်းကို+အစိတ်၌တင်)
(ဆောင်) ပေါင်းများကိုပြ, စိတ်နည်းရ, ဧကဒေသျူပစာ။
(ဆောင်) ဂုဏူ-ဖလူ, ဌာနယူ, နည်းမူ အဝိနာ။ (ဌနယူ>ဌာနျူ)
(ဆောင်) ဧကဒေသျူ, သမီပူ, သဒိသူ ရုဠှီသာ။
(ဆောင်) ပုဉ်-ဂေါ-တ္တိ-ပါ, လေးနည်းမှာ, တစ်ဖြာ ဧကဒေသျူပစာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( သမုဒ္ဒေါ မယာ ဒိဋ္ဌော )
၇။ (အနီးဖြစ်ကို+အနီးရှိ၌တင်)
(ဆောင်) အနီးဖြစ်ပြ, နီးရှိရ, မှတ်ကြ သမီပူပစာ။
(ဆောင်) ဧကဒေသျူ, သမီပူ, သဒိသူ ရုဠှီသာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( နာဝါ တီရေန ဂစ္ဆတိ )
##########
၈။ (အနီးရှိကို+အနီးဖြစ်၌တင်)
(ဆောင်) အနီးရှိပြ, နီးဖြစ်ရ, မှတ်ကြ သမီပျူပစာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( ဂင်္ဂါယံ သဿံ တိဋ္ဌတိ )
##########
၉။ (အတူဖြစ်ကို+အတူရှိ၌တင်)
(ဆောင်) အတူဖြစ်ပြ, တူရှိရ, မှတ်ကြ သဒိသူပစာ။
(ဆောင်) ဧကဒေသျူ, သမီပူ, သဒိသူ ရုဠှီသာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( သီဟော ဂါယတိ )
##########
၁၀။ (ဂုဏ်ကို+ဂုဏေး၌တင်)
(ဆောင်) ဂုဏ်မည်ကိုပြ, ဂုဏေးရ, မှတ်ကြဂုဏူပစာ။
(ဆောင်) ဂုဏူ-ဖလူ, ဌာနယူ, နည်းမူ အဝိနာ။ (ဌနယူ>ဌာနျူ)
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။
(ဆောင်) ဗဟုဗ္ဗီဟိ, အဿတ္ထိ, ထုတ်ဘိ ဂုဏူပစာ။
(ဆောင်) ဗဟုဗ္ဗီဟိ, အဿတ္ထိ, မှတ်ဘိ နာနန္တာ။ ( နီလော ပဋော )
##########
၁၁။ (ထင်ရှားရှိကို+ထင်ရှားမရှိ၌တင်)
(ဆောင်) ထင်ရှားရှိပြ, မရှိရ, မှတ်ကြ တဒ္ဓမ္မူပစာ။
(ဆောင်) အဘေဒမူ, ဥက္ကဌ်ယူ, တဒ္ဓမ္မူ ရုဠှီသာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( သသဝိသာဏံ )
##########
၁၂။ (ကွဲပြားတာကို+မကွဲပြားသလို)
(ဆောင်) ကွဲပြားသော်လည်း, မကွဲစွဲ, မှတ်စွဲ အဘေဒူပစာ။ (ဘေဒါဘေဒူပစာ)(ဘေဒ+အဘေဒူပစာ)
(ဆောင်) အဘေဒမူ, ဥက္ကဌ်ယူ, တဒ္ဓမ္မူ ရုဠှီသာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( ဂါမဓမ္မော )
##########
၁၃။ (မကွဲပြာတာကို+ကွဲပြားသလို)
(ဆောင်) မကွဲပြားဘဲ, ကွဲပြားစွဲ, မှတ်ဖွယ် ဘေဒူပစာ။ (အဘေဒဘေဒူပစာ)
(ဆောင်) အဘေဒမူ, ဥက္ကဌ်ယူ, တဒ္ဓမ္မူ ရုဠှီသာ။
(ဆောင်) ရုဠှီ-နေယျ, အဘေဒ, သုံးဝ ခပ်သိမ်းမှာ။ ( ဘိက္ခုသံဃော )
##########
မှတ်ချက်။ နိဗ္ဗာန်ဧကေ, ဒွေပညေ, လေးထွေ ဝါဏိဇ္ဇာ-ဟူ၍ နိဗ္ဗာန်ရလိုက တစ်ယောက်တည်းကျင့်၊ ပညာရေးအတွက် နှစ်ယောက် တိုင်တိုင်ပင်ပင်လေ့ကျင့်၊ စီးပွားရေး၌ လေးယောက် တိုင်တိုင်ပင်ပင်ပြုရမည်ဟု ရှေ့ဆရာမြတ်တို့ မိန့်ဆိုချက်အတိုင်း လင်္ကာဆောင်ပုဒ်နှင့်ပုံသေးနည်းစာများကို နေ့စဉ်နှစ်ပါး အတူပြန်ဆိုလေ့ကျင့်က စာအုပ်ကို ပြန်လှန်ကြည့်ရန်ပင် မလိုတော့ပါ။
##########
နည်း(၅၅)ပါးအမည်စဉ်ပြ လင်္ကာ(၁၁)ပုဒ်
***********
၁။ (ဆောင်) ပစ္စာနှစ်ဝ, ပဓာန, ဥပ-နိပါ ပ=ငါးဝ။
၂။ (ဆောင်) ယေဘု-တဗ္ဗ, နာနန္တ, ဝိနာ-အသာ ဒု=ငါးဝ။(ဝိန>ဟု အကာရန် ဆိုနိုင်)
၃။ (ဆောင်) မိဂ-ဘိန္န, သိလေ-ပ, တန္တနည်းပါ တ=ငါးဝ။
၎။ (ဆောင်) ဧက-သာမ, မဟီရ, စန္ဒြ သူငါး စတုတ္ထ။
၅။ (ဆောင်) အမ်-ဂေါဗလိ, ပုညာ-ဓိ, စဉ်ညှိ အာဝုတ္တိ ငါး=ပဉ္စိ။
၆။ (ဆောင်) အာဝဋ်-နာဝါ, ထာသင်္ချာ, က္ကမာ လာဘ ငါး=ဆဋ္ဌ။
၇။ (ဆောင်) ဒီ-ပါရိသ, ဂေါဂဏှ, ကာက ရုက္ခ ငါး=သတ္တ။
၈။ (ဆောင်) ဒန္တစ်-ဒန်သော, တစော-ဘိက္ခာ, တိသယာ, စဉ်လာ ငါး=အဋ္ဌ။
၉။ (ဆောင်) ရုက္ခ-မဂ္ဂ, အဝုတ္တ, ဗျတိ-အတ္တာ ငါး=နဝ။
၁၀။ (ဆောင်) နီတတ်-နေယျတ်, အနွတ်မှတ်, ရုဠှတ်-ဘူတ ငါး=ဒသ။
၁၁။ (ဆောင်) ဥက္ကဋ္ဌ်-အဘေ, ဧကဒေ, နိရေ-ဝိပ္ပလ် ငါးဆုံးကြံ။
(ဆောင်) ဒီပကသုံး၊ ရုဠှီသုံနှင့်၊ နိရုတ်ငါးတန်, ခြောက်ဝိပ္ပလ်, ပွားဟန်အထူးကြံ။
(ဆောင်) လာ-ပြု-ချေ-ပြန်, နက်ပိုကြံ, ငါးတန် နိရုတ္တိ။
တနည်း။ဝဏ္ဏာဂမ, ဝိကာရနှင့်, လောပ-ဝိပရိ, အတ္ထာတိ, ငါးရှိ နိရုတ္တိ။
(ဆောင်) လိင်-ဝိဘတ္တ, ဝစနနှင့်၊ ကာလ-ပုရိသံ, အက္ခရံ, ခြောက်တန် ဝိပလ္လ။
############
ဓမ္မာစရိယအလင်အိမ်
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362
ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362
ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362
ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362
No comments:
Post a Comment