Thursday, September 20, 2018

ပါရာဇိကဏ်လက်စွဲ နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)
*****************

စောဒနာတက်/ထွက် ရှေ့ဦးမှတ်ဖွယ်
**********
အနုသန္ဓေတက်၌ပါသော ပုဗ္ဗာနုသန္ဓေထိုက်သော အရာကိုပင် အာလုပ်ပုဒ်,ကတ္တားပုဒ်ထည့်ကာ ဌပနာ ဖြစ်၏။
အပရာနုသန္ဓေထိုက်သော အရာသည်
ပုစ္ဆာ,အာဘော်,အဓိပ္ပါယ်ပြန်ရာ၌ အသုံးပြုမည်။
(ပုစ္ဆာတက်ထက် ပိုထူးခြားသော အချက်မှာ အာဘော်သည် အပြစ်တင်သံပါရခြင်း၊ အဒေါသရောပနစောဒနာတက်မှ တစ်ပါး စောဒနာတက်မှန်သမျှ ဒေါသတင်ရခြင်း တို့ဖြစ်သည်။)
အထူးသဖြင့် အပရာနုသန္ဓေထိုက်သော အရာကို စောဒနာတက်၏ နိဂုံးအဖြစ် အသုံးပြုသည်။

မှတ်ချက်။
အဒေါသရောပနစောဒနာတက်၌ ဒေါသတင် မပါသော်လည်း အာဘော်ကို အပြစ်တင်သံဖြင့် ထားရမည်ကို သတိပြုပါ။
###########

စောဒနာတက်အင်္ဂါ (၅) ပါး
*******
(ဆောင်) ၏+ဌပနာ, နည်း+ပုစ္ဆာနှင့်,
လောမှာ အာဘော်, ဒေါသဖော်၍, နောက်သော် ဓိပ္ပါယ်, ဤငါးသွယ်, မှတ်ဖွယ် စောဒနာ။

(ဆောင်) ဌ-ပုစ်-အာ-ဒေါ, ဓိပ္ပါယ်နှော, ထုတ်လော စောဒနာ။

၁။ ၏- - -- - - -- -  -- -(ဌပနာ)
၂။ နည်း- - - -  - - - -(ပုစ္ဆာ)
၃။ ပြဆိုသင့်သည် မဟုတ်ပါလော- - - - - - - -(အာဘောဂ)
၄။ မပြဆိုဘဲနေချေသော် ဆရာ၏အပေါ်၌ (- - -)ဒေါသ သင့်ရောက်ရာ၏။(ဒေါသတင်)
၅။ အဓိပ္ပါယ်ပြန်- - -(ဓိပ္ပါယ်)

မှတ်ချက်။
အဒေါသာရောပနစောဒနာတက်မှ တပါး စောဒနာတက်မှန်သမျှ ဤအင်္ဂါငါးချက်နှင့် ပြည့်စုံရသည်။ အာဘော်နှင့် ပုစ္ဆာ သည် ရှေ့နောက် မမြဲသည်ကိုလည်း သတိပြုပါ။

###########

စောဒနာတက်ဟူသည်
**********
ပရေသံ ဒေါသံ စောဒေတိ အာရောပေတိ ဧတာယာတိ စေဒနာ-ဟူသည်နှင့် အညီ သူတစ်ပါးတို့အား အပြစ်တင်သံဖြင့် မေးမြန်း၍ တက်ခြင်းကို စောဒနာတက်ဟု ခေါ်သည်။

မှတ်ချက်။ ။
စောဒနာတက်ဟူသည် ပုစ္ဆာတက်ကိုပင်
၁။အာဘော်၌ အပြစ်တင်သံပါရခြင်း၊
၂။ ဒေါသတင်ရခြင်းတို့ အပိုထက်တိုး လာခြင်းဖြစ်သည်။
###############

စောဒနာအာဘော်
**********
ထို၏ (အကျယ်-ဝိတ္ထာရ)ကို  ပြဆိုသင့်သည်မဟုတ်ပါလော။ (အပြစ်တင်သံဖြင့် ဆန္ဒပြုဟန်)

မှတ်ချက်။
(အပြစ်တင်သံဖြင့် ဆန္ဒပြုဟန်) ဖြစ်သည်။ စောဒနာအမျိုးအစားအလိုက် အပြစ်တင်သံပြောင်းလဲပုံကို အထူးသတိထားလေ့လာပါ။ ဒေါသတင်ပုံကို ပြပါမည်။
###########

ဒေါသတင်ဟူသည်
*******
(ဆောင်) ဒေါသတင်ရာ, ရှေ့ဝါကျာ, ပယ်တာ နောက်ဝါကျ။

ရှေ့ဝါကျကိုသာ ဆို၍ နောက်ဝါကျကို မဆိုပါက ထိုရှေ့ဝါကျ၌ စောဒကပုဂ္ဂိုလ်တို့က အပြစ်ဒေါသတင်ရာ၏။ ထိုသို့ အပြစ်ဒေါသတင်ခြင်းကို ဒေါသတင်ဟုခေါ်သည်။
ဒေါသတင်ရာ၌လည်း ရှေ့ဝါကျကိုသာ တင်ရခြင်းဖြစ်သည်။ ထိုတင်ထားသောဒေါသကို နောက်ဝါကျဖြင့် ပယ်ရှားစေရ၏။

မှတ်ချက်။ ။
ပါရာဇိကဏ် ဒုတိယနေ့၌ ဒေါသတင်ကို မေးသည်။
အဋ္ဌသာလိနီ ဒုတိယနေ့၌ ဒေါသပယ်ကို မေးသည်။

ဒေါသတင်ရာ၌ ရှေ့ဝါကျကိုသာ တင်ရသောကြောင့် ပါရာဇိကဏ် ဒုတိယနေ့ ဒေါသတင် စည်းမျဉ်းသည် ရှေ့ဝါကျကို မေးခြင်းဖြစ်၍၊
ထိုတင်ထားသော ဒေါသကိုလည်း နောက်ဝါကျဖြင့် ပယ်ရှားရသောကြောင့် အဋ္ဌသာလိနီ ဒုတိယနေ့ စည်းမျဉ်းသည် နောက်ဝါကျကို မေးခြင်းဖြစ်သည်ကို သတိပြုပါ။ ဒေါသတင်ရန်အတွက် ဒေါသ(၉)မျိုးကို သိသင်၏။
###########

ဒေါသ (၉)မျို
*********
(ဆောင်)ဗျာ-တိ-ပု-ဝိ၊ ဧ-သြ-နိ၊ ဂန်-ပုဏ် ဒေါကိုးရှိ။

၁။ ဗျာ=       =အဗျာပိတ ဒေါသ
(မပျံနှံ့သည်ထင်၍ တင်ခြင်း)
၂။ တိ=       =အတိဗျာပိတ ဒေါသ
(အလွန်ပျံနှံ့နေသည်ထင်၍ တင်ခြင်း)
၃။ ပု=        =ပုနရုတ္တိ ဒေါသ
(ဆိုပြီးသည်ကို ထပ်ဆိုသည်ထင်၍ တင်ခြင်း)
၄။ ဝိ=        =ဝိရောဓိ  ဒေါသ
(ဆန့်ကျင်ဘက်ဖြစ်နေသည်ထင်၍ တင်ခြင်း)

၅။ ဧ=        =ဧကတ္ထ ဒေါသ
သဒ္ဒါကနှစ်ခုဖြစ်လျက် အနက်တစ်ခုတည်း ဖြစ်နေသည်ထင်၍ တင်ခြင်း)
၆။ သြ=     =သြစိတျဟီန  ဒေါသ
(ဆန့်ကျင်ဘက်ဖြစ်နေသည်ထင်၍ တင်ခြင်း)
၇။ နိ=        =နိရတ္ထက  ဒေါသ
(အကျိုးမရှိ ဖြစ်နေသည်ထင်၍ တင်ခြင်း)

၈။ ဂန်=     =ဂန္ထဂရု  ဒေါသ
(ကျမ်းလေးဖွယ်ရှိသည်ထင်၍ တင်ခြင်း)
၉။ ပုဏ်=   =အပရိပုဏ္ဏ  ဒေါသ
(မပြည့်စုံသည်ထင်၍ တင်ခြင်း)

မှတ်ချက်။ ။ သြစိတျဟီနဒေါသ, ဧကတ္ထဒေါသ, ဂန္ထဂရုဒေါသတို့သည် အသုံးနည်း၏။
ဝိရောဓိနှင့် သြစိတျဟီနဒေါသ တူ၏။
ပုနရုတ္တိနှင့် ဧကတ္ထ, ဂန္ထဂရုဒေါသတို့ တူ၏-ဟူ၍  ယေဘုယျအားဖြင့် အလွယ်မှတ်သားထားပါ။
ဟိနတ္ထဒေါသ ထပ်ထည့်၍ ဒေါသ(၁၀)ပါး ရှိသည်ဟုလည်း ဆရာတို့ မိန့်တော်မူကြသေး၏။
####################

ဒေါသတင် ပုံသေနည်း
***********
ဒေါသတင်ရာ၌ အကျဉ်းမှတ်လွယ်စေရန် အသုံးပြုနေသော ဝါကျများကို ပဓာနထား၍ ယေဘုယျ ဒေါသတင်နည်းကို ပြဆိုပေးပါမည်။ အကျယ်ကို သိလိုပါက ဆိုင်ရာ စည်းမျဉ်းစာအုပ်ကို လေ့လာကြည့်ပါ။

ဝါကျ(၂၅)မျိုး ဒေါသတင်လင်္ကာ(၆)ပုဒ်
*****************
လင်္ကာတစ်၊ (၇) ဝါကျ ဒေါသတင်
*************
(ဆောင်) ဥ-ပက်-သမ္ဘာ, ဂရဟာနှင့်, နွယ်-ဗျ-ဝါကျာ, ခုနှစ်ဖြာ, တင်ပါ ဗျာ-ပုဏ္ဏ။

လင်္ကာနှစ်၊ (၅) ဝါကျ ဒေါသတင်
*************
(ဆောင်) ဝိတ္ထာ-သံခိပ်၊ ဥဒ်-နိဒ်-နိဂမ၊ ပါကဋ၊ ပုန-ဝိရောတင်။

လင်္ကာသုံး၊ (၅)ဝါကျ ဒေါသတင်
*************
(ဆောင်) ပုစ္ဆာ-အနိ, ပမာ-စောနှင့်, စောဟာတစ်ဖြာ, ငါးစုံမှာ ထုတ်ပါ ဗျာ-ပုဏ္ဏ။

လင်္ကာလေး၊ (၃)ဝါကျ ဒေါသတင်
*************
(ဆောင်) ကြောင်း-ဂုဏ်-ဒေါသ, သုံးဝါကျ, တင်ရ နိရတ္ထ။

လင်္ကာငါး၊ (၃)ဝါကျ ဒေါသတင်
*************
(ဆောင်) သာမံ-ဝိသေ, အတ္ထုဒ္ဓေ, သုံးထွေ အတိဗျာ။

လင်္ကာခြောက်၊ (၂)ဝါကျ ဒေါသတင်
*************
(ဆောင်) ဒဠှီ-ဖလ, နှစ်ဝါကျ, တင်ရ ဝိရောဓိ။
##################

ဒေါသတင်လင်္ကာရှင်းချက်
************

လင်္ကာတစ်၊ (၇) ဝါကျ ဒေါသတင်
*****************
(ဆောင်) ဥ-ပက်-သမ္ဘာ, ဂရဟာနှင့်, နွယ်-ဗျ-ဝါကျာ, ခုနှစ်ဖြာ, တင်ပါ ဗျာ-ပုဏ္ဏ။

၁။ ဥပနျာသိတဗ္ဗ+ဥပနျာသ=အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၂။ ပက္ခ+ပက္ခန္တရ=အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ (ရံခါ အတိဗျာပိတဒေါသ)
၃။ သမ္ဘာဝနာ+ဂရဟာ=အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၄။ ဂရဟာ+သမ္ဘာဝနာ=အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၅။ အနွယ+ဗျတိရေက=အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၆။ဗျတိရေက+အနွယ= အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၇။ အာရဒ္ဓ+ဝါကျာရမ္ဘ =အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ(ရံခါ အတိဗျာပိတဒေါသ)

လင်္ကာနှစ်၊ (၅) ဝါကျ ဒေါသတင်
****************
(ဆောင်) ဝိတ္ထာ-သံခိပ်၊ ဥဒ်-နိဒ်-နိဂမ၊ ပါကဋ၊ ပုန-ဝိရောတင်။

၁။ ဝိတ္ထာရ+သငေ်္ခပ=ဝိရောဓိဒေါသ၊ ပုနရုတ္တိဒေါသ
၂။ သငေ်္ခပ+ဝိတ္ထာရ=ဝိရောဓိဒေါသ၊ ပုနရုတ္တိဒေါသ
၃။ ဥဒ္ဒေသ+နိဒ္ဒေသ=ဝိရောဓိဒေါသ၊ ပုနရုတ္တိဒေါသ
၄။ နိဂမနိယ+နိဂမန=ဝိရောဓိဒေါသ၊ ပုနရုတ္တိဒေါသ
၅။ အပါကဋ+တပ္ပါကဋီကရဏ=ဝိရောဓိဒေါသ၊ ပုနရုတ္တိဒေါသ
#############

လင်္ကာသုံး၊ (၅)ဝါကျ ဒေါသတင်
*****************
(ဆောင်) ပုစ္ဆာ-အနိ, ပမာ-စောနှင့်, စောဟာတစ်ဖြာ, ငါးစုံမှာ ထုတ်ပါ ဗျာ-ပုဏ္ဏ။

၁။ ပုစ္ဆာ+ဝိဿဇ္ဇနာ      =အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၂။ အနိယမ+နိယမ      =အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၃။ ဥပမာန+ဥပမေယျ  =အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၄။ စောဒနာ+ပရိဟာရ  =အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
၅။ စောဒနာဘောဂ+ပရိဟာရဘောဂ      =အဗျာပိတဒေါသ၊ အပရိပုဏ္ဏဒေါသ
##############

လင်္ကာလေး၊ (၃)ဝါကျ ဒေါသတင်
*****************
(ဆောင်) ကြောင်း-ဂုဏ်-ဒေါသ, သုံးဝါကျ, တင်ရ နိရတ္ထ။

၁။ ကာရဏ+ဖလ=နိရတ္ထကဒေါသ
၂။ လဒ္ဓဂုဏိယ(ယုတ္တိ)+လဒ္ဓဂုဏ=နိရတ္ထကဒေါသ
၃။ လဒ္ဓဒေါသိယ(အယုတ္တိ)+လဒ္ဓဒေါသ=နိရတ္ထကဒေါသ
##########

လင်္ကာငါး၊ (၃)ဝါကျ ဒေါသတင်
*****************
(ဆောင်) သာမံ-ဝိသေ, အတ္ထုဒ္ဓေ, သုံးထွေ အတိဗျာ။

၁။ သာမည+ဝိသေသ=အတိဗျာပိတဒေါသ
၂။ ဝိသေသ+သာမည=အတိဗျာပိတဒေါသ
၃။ အတ္ထုဒ္ဓါရ+အတ္ထုဒ္ဒေသ=အတိဗျာပိတဒေါသ
##############

လင်္ကာခြောက်၊ (၂)ဝါကျ ဒေါသတင်
***********
(ဆောင်)ဒဠှီ-ဖလ, နှစ်ဝါကျ, တင်ရ ဝိရောဓိ။

၁။ ဒဠှီယ+ဒဠှီကရဏ=ဝိရောဓိဒေါသ
၂။ ဖလ+ကာရဏ=ဝိရောဓိဒေါသ

မှတ်ချက်။ ဒေါသတင်ဟူသည် ရှေ့ဝါကျကိုသာ တင်ရသည်ကို သတိထား၍ မိမိတင်ရမည့် ဝါကျ၏နောက်၌ ရှိသောဝါကျကို ထောက်ဆ၍ ရှေ့ဝါကျကို ဒေါသ အမည်ပေးပါ။
############

အသုံးများသော ဆရာမြတ်တို့၏
ဒေါသတင်လင်္ကာများ
***********
၁။ ပက္ခန္တရ ဟူလတ်က အဗျာပိတတင်။
၂။ ဥပနျာသ,ယင်ဝါကျ, အဗျာပိတတင်။
၃။ နုသန္ဓေပြ, ယင်းဝါကျ, ပုနရုတ္တိတင်။
၄။ ဝိတ္ထာ-သံခိပ်၊ ဥဒ်-နိဒ်-နိဂမ၊ စုဏ္ဏိယ၊ ပုနရုတ္တိတင်။
၅။ လဒ္ဓဂုဏ, ယင်းဝါကျ, နိရတ္ထကတင်။
၆။ အတ္ထုဒ္ဓါရ, ဟူလတ်က, နိရတ္ထကတင်။
၇။ အတ္ထုဒ္ဒေသ, ဟူတုံက, တင်ကြဝိရောဓိ။
၈။ ဒဠှီမည်ရှိ, ဝိရောဓိ, သတိ မြဲမဲယှဉ်။
၉။ အတိဗျာပိ, ပယ်တုံဘိ, မှတ်သိ ဝိရောပင်။
၁၀။ ချဲ့-ထင်-မြဲထ, သုံးဝါကျ, တင်ကြဝိရောဓိ။
၁၁။ လဒ္ဓပြစ်-ဂုဏ်, နှစ်ပါးကြုံ, တင်တုံ နိရတ်သိ။
၁၂။ ဝိတ္ထာ-သံခိပ်၊ ဥဒ်-နိဒ်-နိဂမ၊ ပါကဋ၊ တင်ရ-ဝိရောဓိ။
၁၃။ အနက်တူစွ, သဒ္ဒါဒွ, ဧကတ္ထကတင်။
############

စောဒနာတက်နိဂုံးအုပ်စကား
********
၁။ ဤသို့                             (နိဒဿန)
၂။ စောဒနာဖွယ်ရှိသောကြောင့်  (ကာရဏ)
၃။ ထိုစောဒနာကို                    (ကမ္မ)
၄။ သောဓနာတော်မူလိုသော(တုလျာဓိကရဏဝိသေသန)
၅။ အဋ္ဌကထာဆရာသည်   (ကတ္တား)
၆။ (- - -)ကို                          (ကမ္မ)
၇။ မိန်တော်မူ၏။                 (ကြိယာ)
###########

စောဒနာတက်အဓိပ္ပါယ်ပြန်နည်း
********
၁။ အဒေါသာရောပနစောဒနာအဓိပ္ပါယ်ပြန်ပုံ
ထို၏ (အကျယ်-ဝိတ္ထာရ)ကိုလည်း  ပြဆိုသင့်သည်အားလျော်စွာ ပြဆိုထားပါ။
ထို၏ (အကျယ်-ဝိတ္ထာရ)ကား (- - -)ဖြစ်၏-ဟူလိုသော်ဝ်။ ဟူ၍နှစ်ပိုင်း ပြန်ဆိုရသည်။

၁။ ဒေါသာရောပနစောဒနာအဓိပ္ပါယ်ပြန်ပုံ
ထို၏ (အကျယ်-ဝိတ္ထာရ)ကိုလည်း  ပြဆိုသင့်သည်အားလျော်စွာ ပြဆိုထားသည်သာ ဖြစ်သောကြောင့် သင်တင်သော (အဗျာပိတ)ဒေါသ ငါ၏အပေါ်၌(ပါဠိတော်၌) မရောက် ကင်စင်လွင့်ပျောက်ပါ၏။-ဟူလိုသော်ဝ်။  ပြန်ဆိုရသည်။
#################
ဓမ္မာစရိယအလင်းအိမ်

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362

ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362

ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362

ပါရာဇိကဏ်လက်စွဲ
နံပါတ်(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362

No comments:

Post a Comment