Thursday, September 20, 2018

ပါရာဇိကဏ်​လက်​စွဲ၊ နံပါတ်​(၂)စည်းမျဉ်းနိဂုံး

ပါရာဇိကဏ်​လက်​စွဲ၊ နံပါတ်​(၂)စည်းမျဉ်းနိဂုံး
************************
အာဂုံဆောင်ထားသင့်သော
ကျမ်းတက်အနှစ်ချုပ် (၁၁) ပုဒ်
************************

(ဆောင်) နု-စော-ပုစ္ဆာ, အဘိယာ, လေးဖြာ ကျမ်းတက်-ထွက်။

၁။ အနုသ​န္ဓေတက်​ (၁)မျိုး
၂။ ပုစ္ဆာတက် (၃)မျိုး
၃။ စောဒနာတက်​ (၆) မျိုး
၎။ အဘိယာစကတက် (၁)မျိုး

၁။ အနုသ​န္ဓေတက်
၂း၁။ (ရိုးရိုး)သဘောဂ ပုစ္ဆာတက်
၂း၂။ သဘောဂါယုတ္တပုစ္ဆာတက်
၃။လျဉ်းပါးသဘောဂ ပုစ္ဆာတက်
၎။ အနာ​ဘောဂ ပုစ္ဆာတက်
၅။ အဒေါသာရောပန စောဒနာတက်
၆။ ဒေါသာရောပန စောဒနာတက်
၇။ လီနန္တရ စောဒနာတက်
၈း၁။ အယုတ္တ  စောဒနာတက်
၈း၂။ သာဘောဂါယုတ္တစောဒနာတက်
၉။ ဗျတိရေက  စောဒနာတက်
၁၀။ အနွယ  စောဒနာတက်
၁၁။ အဘိယာစကတက်
#############

၁။ အနုသ​န္ဓေတက်
************
(က) အကျဉ်း​-သ​င်္ခေပ
(ခ) အကျယ်​-ဝိတ္ထာရ

ဤသို့ (က-ဝါကျ)ဖြင့်​(အကျဉ်း-​သ​င်္ခေပ)ကို ပြဆိုပြီး၍၊

ယခုအခါ၌,  (အကျဉ်း​-သ​င်္ခေပ)၏,    (အကျယ်​-ဝိတ္ထာရ)ကို, ပြဆိုခြင်းငှာ, အလိုရှိ​တော်​မူ​သော, (အဋ္ဌကထာဆရာ)သည်​, (ခ)ကို, မိန့်​​တော်​မူ၏။
############

၂း၁။ (ရိုးရိုး)သဘောဂ ပုစ္ဆာတက်
***********
(ဌ-ပုစ်-အာ-ပြန်)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ
        အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓာနတ္ထ) ကို, ပြဆိုတော်မူ၏။
       ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကား အဘယ်ပါနည်း။
      ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကို မပြဆိုတော့ပြီလော။
       ဤသို့,  မေးဖွယ်ရှိသောကြောင့်, ထိုအမေးကို, ဖြေကြားတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
       အဓိပ္ပာယ်ကား--ထို၏ (အဘိဓေယျတ္ထ)ကို မပြဆိုသည်မဟုတ်၊ ပြဆိုပါ၏။
ထို၏ (အဘိဓေယျတ္ထ)ကား (ဘဂဝါ) ဖြစ်၏-ဟူလိုသော်ဝ်။
############

၂း၂။ သဘောဂါယုတ္တပုစ္ဆာတက်
*********
(ဌ-အာ-ပုစ်-ပြန်)
(1) ဌပနာ
(2) အာဘော်
(3) ပုစ္ဆာ
(4) ပြန်

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

        အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓာနတ္ထ) ကို, ပြဆိုတော်မူ၏။
      ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကို မပြဆိုတော့ပြီလော။
       ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကား အဘယ်ပါနည်း။
       ဤသို့,  မေးဖွယ်ရှိသောကြောင့်, ထိုအမေးကို, ဖြေကြားတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
       အဓိပ္ပာယ်ကား--ထို၏ (အဘိဓေယျတ္ထ)ကို မပြဆိုသည်မဟုတ်၊ ပြဆိုပါ၏။
ထို၏ (အဘိဓေယျတ္ထ)ကား (ဘဂဝါ) ဖြစ်၏-ဟူလိုသော်ဝ်။
###############

၃။ လျဉ်းပါးသဘောဂ ပုစ္ဆာတက်
****************
(ဌ-ပုစ်-လျဉ်းအာ-ပြန်)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

        အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (သိတတ်သောကြောင့် ဗုဒ္ဓမည်သည်၏)အဖြစ်ကို, ပြဆိုတော်မူ၏။
       ထို(ဗုဒ္ဓ)၏ (အရ)ကား အဘယ်ပါနည်း။
      ထို(ဗုဒ္ဓ)၏ အရကား (ပစ္စေကဗုဒ္ဓ) ဖြစ်ပါသလော။
       ဤသို့,  မေးဖွယ်ရှိသောကြောင့်, ထိုအမေးကို, ဖြေကြားတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
        အဓိပ္ပါယ်​ကား-ထို(ဗုဒ္ဓ)၏ အရကား (ပစ္စေကဗုဒ္ဓ)မဟုတ်၊ (ဘဂဝါ-မြတ်စွာဘုရား) ဖြစ်ပါ၏။-ဟူလိုသော်ဝ်။
®®®®®®®®®

၎။ အနာ​ဘောဂ ပုစ္ဆာတက်
************
(ဌ-ပုစ်-ပြန်)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

        အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓာနတ္ထ) ကို, ပြဆိုတော်မူ၏။
       ထို(ဗုဒ္ဓေါ)ပုဒ်၏ (အဘိဓေယျတ္ထ)ကား အဘယ်ပါနည်း။
       ဤသို့,  မေးဖွယ်ရှိသောကြောင့်, ထိုအမေးကို, ဖြေကြားတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
      အဓိပ္ပါယ်ကား
ထို၏  (အဘိဓေယျတ္ထ)ကား (ဘဂဝါ)ဖြစ်၏-ဟူလိုသော်ဝ်။
###########

စောဒနာတက်​အင်္ဂါ (၅) ပါး
*******
(​ဆောင်​) ဌ-ပုစ်-အာ-ဒေါ, ဓိပ္ပါယ်နှော, ထုတ်လော စောဒနာ။
****************
၅။ အဒေါသာရောပန စောဒနာတက်
********
(ဌ-ပုစ်-အာ-ပြန် အင်္ဂါလေးတန်)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

(ဝါကျတက်ဖြင့်)
        အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (ပက္ခ)ဝါကျကို, ပြဆိုတော်မူ၏။
       ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကား အဘယ်ပါနည်း။
      ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကို ပြဆိုသင့်သည် မဟုတ်ပါလော။
       ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
       အဓိပ္ပာယ်ကား--ထို၏ (ပက္ခန္တရ)ဝါကျကို ပြဆိုသင့်သည် အားလျော်စွာ ပြဆိုထားပါ၏။ ထို၏ (ပက္ခန္တရ)ဝါကျကား (ခ)ဝါကျ ဖြစ်၏-ဟူလိုသော်ဝ်။
*************
၆။ ဒေါသာရောပန စောဒနာတက်
********
(ဌ-ပုစ်-အာ-ဒေါ-ပြန်)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

(ဝါကျတက်ဖြင့်)
        အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (ပက္ခ)ဝါကျကို, ပြဆိုတော်မူ၏။
       ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကား အဘယ်ပါနည်း။
      ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကို ပြဆိုသင့်သည် မဟုတ်ပါလော။
      ထို(ပက္ခ)၏ (ပက္ခန္တရ)ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (စကားအလွန်ပျံ့နှံ့သော အတိဗျာပိတ)ဒေါသသင့်ရောက်ရာ၏။
       ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
      
       အဓိပ္ပာယ်ကား--ထို၏ (ပက္ခန္တရ)သည် {ခ-အမှတ်ပြ)ဝါကျ ဖြစ်၏ဟု (ပက္ခန္တရ)ကို ပြဆိုသင့်သည် အားလျော်စွာ ပြဆိုထားသည်သာ ဖြစ်သောကြောင့် သင်တင်အပ်သော (အတိဗျာပိတ)ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက်ပါ၏-ဟူလိုသော်ဝ်။
***********
၇။ လီနန္တရ စောဒနာတက်
***********
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ် တက်သာ ရနိုင်)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ

       အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျဖြင့်, (သိတတ်သောကြောင့် ဗုဒ္ဓမည်သည်၏)အဖြစ်ကို, ပြဆိုတော်မူ၏။
       ထို(ဗုဒ္ဓ)ဟူသောအမည်သည် အဘယ်၏အမည် ဖြစ်ပါသနည်း။
      ထို(ဗုဒ္ဓ)၏ အရကို ပြဆိုသင့်သည် မဟုတ်ပါလော။
      ထို(ဗုဒ္ဓ)ပုဒ်၏ (အရ)ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (စကားအလွန်ပျံ့နှံ့သော အတိဗျာပိတ)ဒေါသသင့်ရောက်ရာ၏။
       ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။
       အဓိပ္ပာယ်ကား--ထို(ဗုဒ္ဓ)၏ အရကား {ဘဂဝါ-သဗ္ဗညူမြတ်စွာဘုရား)ဖြစ်၏ဟု
ထို(ဗုဒ္ဓ)၏ အရကိုလည်း ပြဆိုသင့်သည် အားလျော်စွာ ပြဆိုထားသည်သာ ဖြစ်သောကြောင့် သင်တင်အပ်သော (အတိဗျာပိတ)ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက်ပါ၏-ဟူလိုသော်ဝ်။
****************
၈း၁။။ အယုတ္တ စောဒနာတက်
*****************
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)

(၁၃၁၇-ခုနှစ်မေး အယုတ္တသာဘောဂစောဒနာတက်)

(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ခ)  တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)

(ဒဠှီယ ဒဠှီကရဏ)

အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
ဆရာ၏စကားသည် အဘယ်သို့ သင်ပါအံ့နည်း။
မင်းတို့သိမ်းယူအပ်သော ပစ္စည်း ဝတ္ထု မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရပုံဒဠှီ စကားရပ်ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဒဠှီယ ဒဠှီကရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ)သင့်ရောက်ရာ၏။
ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏ ဒဠှီစကားရပ်ကို ငါပြ ဆိုသည်သာ ဖြစ်သောကြောင့် သင်တင် အပ်သော ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။

မှတ်ချက်။ ဒေါသတင်ဖွယ်မလိုဟု အထူးပြုစကားရပ်ပါရာ၌ ဒေါသတင်ဖြုတ်၍ အဓိပ္ပါယ်ပြန်ရာ၌လည်း ဒေါသတင်အဖြေ စကားရပ် ဖြုတ်ထားပါ။
အဓိပ္ပာယ်ကား--(ခ)၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာဂေါ ဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ် ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု မြို့ကို ယူရခြင်း၏ ဒဠှီစကားရပ်ကို ပြဆိုထားသောကြောင့် သင့်ပါ ၏-ဟူလိုသော်ဝ်။
*****************
၈း၂။ (တနည်း)သာဘောဂါယုတ္တစောဒနာတက်
*****************
(ဌ-အာ-ပုစ်-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)
(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ခ)  တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)

အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
မင်းတို့သိမ်းယူအပ်သော ပစ္စည်း ဝတ္ထု မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ဆရာ၏စကားသည် အဘယ်သို့ သင်ပါအံ့နည်း။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရပုံဒဠှီ စကားရပ်ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဒဠှီယ ဒဠှီကရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ)သင့်ရောက်ရာ၏။
ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏ ဒဠှီစကားရပ်ကို ငါပြ ဆိုသည်သာ ဖြစ်သောကြောင့် သင်တင် အပ်သော ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
*****************
၉။ ဗျတိရေက  စောဒနာတက်
*****************
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)

(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ခ)  တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)

အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
ထိုသို့ဖြစ်ပါလျှင် ဆရာ၏စကားသည် အဘယ်သို့ သင်ပါအံ့နည်း။
(တနည်း)ယင်းသို့ဆိုသည်ရှိသော် ဆရာ၏စကား သည် အဘယ်သို့ သင်ပါအံ့နည်း။
မင်းတို့သိမ်းယူအပ်သော ပစ္စည်း ဝတ္ထု မှန်သမျှကို ရာဇဂဟ-၏ အရယူသင့်သည် မဟုတ်ပါလော။
ထို(ရာဇဂဟ)၏ အရ ရာဇဂြိုဟ်မြို့ကို ယူရပုံဒဠှီ စကားရပ်ကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (ဒဠှီယ ဒဠှီကရဏ ဆန့်ကျင်သော ၀ိရောဓိဒေါသ)သင့်ရောက်ရာ၏။
ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် မင်းနေပြည်တော် အဖြစ်ဖြင့် သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ-ဟူ၍ ဆိုအပ်၏ဟု (ရာဇဂဟ၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရခြင်း၏)ဒဠှီစကားရပ်ကို ငါပြ ဆိုသည်သာ ဖြစ်သောကြောင့် သင်တင်အပ်သော ဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင်လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
******** ******** ********

၁၀။ အနွယ  စောဒနာတက်
*****************
(ဌ-ပုစ်-အာ-ဒေါ-ပြန်) အဓိပ္ပါယ်တက်ဖြင့်သာ ရနိုင်)

(က) တေနသမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေတိ တတ္ထ ရာဇဂဟေတိ ဧဝံနာမကေ နဂရေ။
(ဃ)  တဉှိ မန္ဓာတု-မဟာဂေါဝိန္ဒာဒီဟိ ပရိဂ္ဂဟိတတ္တာ ‘‘ရာဇဂဟန္တိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊ ၁၊၂၄၇)

အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ရဇဂဟ-၏အရ ရာဇဂြိုဟ် အမည်ရှိသော မြို့ကို ယူရ မည်၏) အဖြစ်ကို, ပြဆိုတော်မူ၏။
အဘယ်အကြောင်းကြောင့် ရာဇဂြိုဟ်မြို့ဟူ၍ ခေါ်ဆိုအပ်ပါနည်း။
ရာဇဂြိုဟ်မြို့ဟူ၍ ခေါ်ဆိုရခြင်း၏ အကြောင်းကို လည်း ပြဆိုသင့်သည် မဟုတ်ပါလော။
ရာဇဂြိုဟ်မြို့ဟူ၍ ခေါ်ဆိုရခြင်း၏ အကြောင်းကို မပြဆိုချေသော် ဆရာ၏အပေါ်၌ (၀ိရောဓိဒေါသ) သင့် ရောက်ရာ၏။
ဤသို့,  စောဒနာဖွယ်ရှိသောကြောင့်, ထိုစောဒနာ ကို, သောဓနာတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ) ဝါကျကို, မိန်တော်မူ၏။
အဓိပ္ပာယ်ကား-(ခ) ၀ါကျဖြင့် မန္ဓာတုစကြာမင်း, မဟာ ဂေါဝိန္ဒပုဏ္ဏား အစရှိသူတို့သည် (မင်းနေပြည်တော် အဖြစ် ဖြင့်) သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ထိုမြို့ကို ရာဇဂဟ -ဟူ၍ ဆိုအပ်၏ဟု ငါပြဆိုသည်သာ ဖြစ်သော ကြောင့် သင်တင်အပ်သောဒေါသ ငါ၏အပေါ်၌ မရောက် ကင်စင် လွင့်ပျောက် ပါ၏-ဟူလိုသော်ဝ်။
စောဒနာတက်ပြီးပြီ
0000000000000000000000000
၁၁။အဘိယာစကတက်
*****************
(ဆောင်)ဌ-ပုစ်-အာဘော်၊ တောင်ပန်နော်၊ လေဖော် အဘိယာ။

(ဌ-ပုစ်-အာ-အဘိယာစက)

(က) ဗုဇ္ဈတီတိ ဗုဒ္ဓေါ
(ခ) ဘဂဝါ
(ဝါကျတက်ဖြင့်)
အရှင်အဋ္ဌကထာဆရာ, ဆရာသည်, (က)ဝါကျ ဖြင့်, (ပက္ခ)ဝါကျကို, ပြဆိုတော်မူ၏။
ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကား အဘယ်ပါ နည်း။
ထို(ပက္ခ)ဝါကျ၏ (ပက္ခန္တရ)ဝါကျကို မပြရသေး သည် မဟုတ်ပါလော။
ထို(ပက္ခ)၏ (ပက္ခန္တရ)ကို ပြဆိုတော်မူပါဦး။
ဤသို့, တောင်းပန်ဖွယ်ရှိသောကြောင့်, ထိုတောင်း ပန်ခြင်းကို, ဖြေဆိုတော်မူလိုသော, အဋ္ဌကထာဆရာသည်, (ခ)အမှတ်ပြ ဝါကျကို, မိန်တော်မူ၏။

ကျမ်းတက်မှန်ကန်ရန် ဝါကျခွဲနည်းကျွမ်းကျင်ဖို့ လိုပါတယ်။

ကျမ်းတက်အနှစ်ချုပ် (၁၁)ပုဒ်ပြီး၏

#################
ဓမ္မာစရိယအလင်းအိမ်

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=587287551646480&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=604937986548103&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=606285053080063&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=611315162577052&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=619437351764833&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၂)စည်းမျဉ်း အနှစ်ချုပ်နိဂုံး
https://m.facebook.com/story.php?story_fbid=619496668425568&id=555132068195362

ကျမ်းတက်လေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632410990467469&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=621575621551006&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=624184124623489&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=632340523807849&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=650984218610146&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=651050638603504&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၃)စည်းမျဉ်း အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=660523964322838&id=555132068195362

ဝါကျခွဲလေ့ကျင့်ရန် မေးခွန်းဟောင်းများ
https://m.facebook.com/story.php?story_fbid=632398920468676&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၁)
****************
https://m.facebook.com/story.php?story_fbid=635626733479228&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၂)
****************
https://m.facebook.com/story.php?story_fbid=638238753218026&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၈)စည်းမျဉ်း အပိုင်း(၃)
****************
https://m.facebook.com/story.php?story_fbid=641429032898998&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=654972974877937&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=666903390351562&id=555132068195362

ပါရာဇိကဏ်​လက်​စွဲ
နံပါတ်​(၆)စည်းမျဉ်း အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=671050119936889&id=555132068195362

No comments:

Post a Comment