ပင္လယ္ေရ ျဖစ္သြားေသာ ျမစ္ေရ
သို႔မဟုတ္
ငါ ျပဳျပင္ခ်ိန္ တန္ၿပီ မဟုတ္လား
ဆက္မိုက္သင့္တယ္ထင္းေနတုန္းလား
*******
သာသနာအုပ္ျမစ္ျဖစ္တဲ့
မူ ငယ္ လတ္ ႀကီး
ငါးေသာင္း မျပည့္ဘူးတဲ့
ဒါငါနဲ႔ မဆိုင္ဘူးေလ(ငါ့ကပညာတတ္ႀကီးပဲ)
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
ဘြဲ႔တံဆိပ္မဲ့ ဆရာေတာ္မွတည္
ဘြဲ႔ရတပည့္မ်ားသည့္ ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
တိပိဋကဘြဲ႔မရ ဆရာေတာ္မွတည္
တိပိဋကဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
အဘိဝံသဘြဲ႔မရ ဆရာေတာ္မွတည္
အဘိဝံသဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
အဂၢမဟာေက်ာ္ဘြဲ႔မရ
ဆရာေတာ္မွတည္
အဂၢမဟာေက်ာ္ဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
ဓမၼာစရိယဘြဲ႔မရ
ဆရာေတာ္မွတည္
ဓမၼာစရိယဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
သာမေဏေက်ာ္ဘြဲ႔မရ
ဆရာေတာ္မွတည္
သာမေဏေက်ာ္ဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
ပထမေက်ာ္ဘြဲ႔မရ
ဆရာေတာ္မွတည္
ပထမေက်ာ္ဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
ေ႐ွးေ႐ွးက စီးဆင္းခဲ့ပါသည္
ပဋိယတ္မတတ္ ဆရာေတာ္မွတည္
ပဋိယတ္ဘြဲ႔ရ တပည့္မ်ားသည့္
ဆရာအျဖစ္သို႔
အဆင့္ဆင့္ စီးဆင္းခဲ့သည္
ငါကေတာ့
ဘြဲ႔တံဆိပ္ေတြထမ္း
နာမည္ေက်ာ္ေအာင္
သာသနာျပဳလမ္းသစ္ထြင္လ်က္
ဘယ္သူမွမသိလည္း
ငါကိုယ္တိုင္ေၾကာ္ျငာ
ငါကိုယ္တိုင္ေဖာ္ထုတ္
ပရဟိတဆရာေတာ္လို႔
အမည္တပ္ယူခဲ့
ငါကိုယ္တိုင္ေၾကာ္ျငာ
ငါကိုယ္တိုင္ေဖာ္ထုတ္
ျပည္တြင္းျပည္ပ သာသနာျပဳလို႔
အမည္ခံယူခဲ့
စာေမးပြဲ မေျဖရတဲ့
လူအထင္ႀကီးခံ
ေလ်ွာက္လႊာဘြဲ႔တံဆိပ္ေတြ
ငါကိုယ္တိုင္ ေတာင္းယူခဲ့
ပလႅင္ေပၚတက္ၿပီး
ကိုယ့္ေပါင္ ကိုယ္ျပန္ေထာင္ရင္း
သံဃာ့အျပစ္ ေျပာကာ
ျမတ္ဗုဒၶေနရာကို လုယူခဲ့
ေနရစဥ္ လူအထင္ႀကီးဖို႔
ပ်ံလြန္ခါ လူစီကားေစဖို႔
သာသနာေတာ္ႀကီးက
ငါ့ေၾကာင့္ တည္းေနခဲ့သလို ႂကြားခဲ့
ေၾသာ္ တယ္ဆိုးတဲ့ ငါပါလား
အျမစ္ျဖတ္ ပညာတတ္မွန္
ငါ့ကိုယ္ငါ နားမလည္းခဲ့
ငါမရေသးတဲ့ဘြဲ႔မ်ဳိး
ငါ့တပည့္ထံ ေရာက္ေအာင္
သာသနာအတြက္
အစြမ္းျပဖို႔ ငါမလုပ္ခဲ့
ငါ့ဆရာေတြက
ငါနဖူးေပၚ ဘြဲ႔တံဆိပ္ေတြ
အျပည့္တင္ေပးခဲ့သလို
ငါကေတာ့
ငါ့ဂုဏ္အတြက္ပဲ အမည္ခံ
သာသနာျပဳျပေနခဲ့
ငါမွာ
နဖူးေပၚ ဘြဲ႔ေၾကာ္ျငာတင္
မ်ဳိးဆက္ျပတ္ေလာက္ေအာင္
ထင္ေပၚႂကြားဝါဖို႔သာ ျပင္ေနခဲ့
ေခတ္အဆက္ဆက္
စီးဆင္းခဲ့တဲ့ ျမစ္ေရဟာ
ငါ့ေၾကာင့္
ငါ့အတၱေၾကာင့္
ေသာက္သုံးခြင့္မရတဲ့
ပင္လယ္ေရ ျဖစ္သြားရၿပီေပါ့
ခု ထိတ္လန္႔စရာသတင္း
သာသနာအုပ္ျမစ္
မူ ငယ္ လတ္ ႀကီး
ငါးေသာင္း မျပည့္ဘူးတဲ့
တပည့္ မ႐ွာျခင္း
တပည့္ မေမြးျခင္း
႐ွိတဲ့တပည့္ မျပဳျပင္ျခင္း
႐ွိတဲ့တပည့္ မထိန္းေၾကာင္းဘဲ
ေနသာသလိုသာ ေနေနတုန္း
တပည့္ေတြေပြ႐ႈတ္
ငါဆရာေရာ ဟုတ္ရဲ႕လား
ငါ ျပဳျပင္ခ်ိန္ တန္ၿပီ မဟုတ္လား
ဆက္မိုက္သင့္တယ္ထင္းေနတုန္းလား
######
ဓမၼာစရိယအလင္းအိမ္
Unicode
ပင်လယ်ရေ ဖြစ်သွားသော မြစ်ရေ
သို့မဟုတ်
ငါ ပြုပြင်ချိန် တန်ပြီ မဟုတ်လား
ဆက်မိုက်သင့်တယ်ထင်းနေတုန်းလား
*******
သာသနာအုပ်မြစ်ဖြစ်တဲ့
မူ ငယ် လတ် ကြီး
ငါးသောင်း မပြည့်ဘူးတဲ့
ဒါငါနဲ့ မဆိုင်ဘူးလေ(ငါ့ကပညာတတ်ကြီးပဲ)
ရှေးရှေးက စီးဆင်းခဲ့ပါသည်
ဘွဲ့တံဆိပ်မဲ့ ဆရာတော်မှတည်
ဘွဲ့ရတပည့်များသည့် ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
တိပိဋကဘွဲ့မရ ဆရာတော်မှတည်
တိပိဋကဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
အဘိဝံသဘွဲ့မရ ဆရာတော်မှတည်
အဘိဝံသဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
အဂ္ဂမဟာကျော်ဘွဲ့မရ
ဆရာတော်မှတည်
အဂ္ဂမဟာကျော်ဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
ဓမ္မာစရိယဘွဲ့မရ
ဆရာတော်မှတည်
ဓမ္မာစရိယဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
သာမဏေကျော်ဘွဲ့မရ
ဆရာတော်မှတည်
သာမဏေကျော်ဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
ပထမကျော်ဘွဲ့မရ
ဆရာတော်မှတည်
ပထမကျော်ဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
ရှေးရှေးက စီးဆင်းခဲ့ပါသည်
ပဋိယတ်မတတ် ဆရာတော်မှတည်
ပဋိယတ်ဘွဲ့ရ တပည့်များသည့်
ဆရာအဖြစ်သို့
အဆင့်ဆင့် စီးဆင်းခဲ့သည်
ငါကတော့
ဘွဲ့တံဆိပ်တွေထမ်း
နာမည်ကျော်အောင်
သာသနာပြုလမ်းသစ်ထွင်လျက်
ဘယ်သူမှမသိလည်း
ငါကိုယ်တိုင်ကြော်ငြာ
ငါကိုယ်တိုင်ဖော်ထုတ်
ပရဟိတဆရာတော်လို့
အမည်တပ်ယူခဲ့
ငါကိုယ်တိုင်ကြော်ငြာ
ငါကိုယ်တိုင်ဖော်ထုတ်
ပြည်တွင်းပြည်ပ သာသနာပြုလို့
အမည်ခံယူခဲ့
စာမေးပွဲ မဖြေရတဲ့
လူအထင်ကြီးခံ
လျှောက်လွှာဘွဲ့တံဆိပ်တွေ
ငါကိုယ်တိုင် တောင်းယူခဲ့
ပလ္လင်ပေါ်တက်ပြီး
ကိုယ့်ပေါင် ကိုယ်ပြန်ထောင်ရင်း
သံဃာ့အပြစ် ပြောကာ
မြတ်ဗုဒ္ဓနေရာကို လုယူခဲ့
နေရစဉ် လူအထင်ကြီးဖို့
ပျံလွန်ခါ လူစီကားစေဖို့
သာသနာတော်ကြီးက
ငါ့ကြောင့် တည်းနေခဲ့သလို ကြွားခဲ့
သြော် တယ်ဆိုးတဲ့ ငါပါလား
အမြစ်ဖြတ် ပညာတတ်မှန်
ငါ့ကိုယ်ငါ နားမလည်းခဲ့
ငါမရသေးတဲ့ဘွဲ့မျိုး
ငါ့တပည့်ထံ ရောက်အောင်
သာသနာအတွက်
အစွမ်းပြဖို့ ငါမလုပ်ခဲ့
ငါ့ဆရာတွေက
ငါနဖူးပေါ် ဘွဲ့တံဆိပ်တွေ
အပြည့်တင်ပေးခဲ့သလို
ငါကတော့
ငါ့ဂုဏ်အတွက်ပဲ အမည်ခံ
သာသနာပြုပြနေခဲ့
ငါမှာ
နဖူးပေါ် ဘွဲ့ကြော်ငြာတင်
မျိုးဆက်ပြတ်လောက်အောင်
ထင်ပေါ်ကြွားဝါဖို့သာ ပြင်နေခဲ့
ခေတ်အဆက်ဆက်
စီးဆင်းခဲ့တဲ့ မြစ်ရေဟာ
ငါ့ကြောင့်
ငါ့အတ္တကြောင့်
သောက်သုံးခွင့်မရတဲ့
ပင်လယ်ရေ ဖြစ်သွားရပြီပေါ့
ခု ထိတ်လန့်စရာသတင်း
သာသနာအုပ်မြစ်
မူ ငယ် လတ် ကြီး
ငါးသောင်း မပြည့်ဘူးတဲ့
တပည့် မရှာခြင်း
တပည့် မမွေးခြင်း
ရှိတဲ့တပည့် မပြုပြင်ခြင်း
ရှိတဲ့တပည့် မထိန်းကြောင်းဘဲ
နေသာသလိုသာ နေနေတုန်း
တပည့်တွေပွေရှုတ်
ငါဆရာရော ဟုတ်ရဲ့လား
ငါ ပြုပြင်ချိန် တန်ပြီ မဟုတ်လား
ဆက်မိုက်သင့်တယ်ထင်းနေတုန်းလား
######
ဓမ္မာစရိယအလင်းအိမ်
No comments:
Post a Comment