"ဓမၼာစရိယစာေမးပြဲ ခက္ရျခင္း၏ အေၾကာင္းႏွင့္ သတိျပဳဖို႔ အခ်ိန္တန္ၿပီ"
******
ဓမၼာစရိယစာေမးပြဲသည္ ျပ႒ာန္းစာေၾကာင့္ မခက္ပါ။ ဓမၼာစရိယ စာေမးပြဲ ျပဌာန္းစာမ်ားထက္ မဟနအဖြဲ႔ အသိအမွတ္ျပဳထားသည့္ ပုစၦက ဆရာေတာ္မ်ားေၾကာင့္သာ ခက္ေနျခင္း ျဖစ္သည္။
ဓမၼာစရိယ စာေမးပြဲသည္ ႏုိင္ငံေတာ္အစိုးရက က်င္းပေသာေၾကာင့္ ႏိုင္ငံတကာႏွင့္ ျမန္မာႏိုင္ငံတြင္ အလြန္ထင္႐ွားေက်ာ္ၾကားေသာ စာေမးပြဲျဖစ္သည္။
မဟာယာနဗုဒၶဘာသာ ရဟန္းေတာ္မ်ားကပင္ ေထရဝါဒဗုဒၶဘာသာ ရဟန္းေတာ္မ်ားကို ဗုဒၶျမတ္စြာ၏ တရားေတာ္မ်ားႏွင့္ကို သင့္ယူရာတြင္ အေလးဂ႐ုျပဳၾကေၾကာင္း၊ ေထရဝါဒရဟန္းေတာ္ အခ်င္းခ်င္းပင္ ျမန္မာႏိုင္ငံ ရဟန္းေတာ္မ်ားကို ေလးစားၾကေၾကာင္းကို အျပည္ျပည္ဆိုင္ရာ ပါခ်ဳပ္ဆရာေတာ္ ဘုရား၏ မိန္႔ဆိုထားသည္ကို သတိျပဳျခင္းျဖင့္ ျမန္မာရဟန္းေတာ္မ်ား ပညာေရးသည္ မႏွိပ္က်ေပ။
ထိုဓမၼာစရိယစာေမးပြဲ ဝင္ခြင့္အတြက္ မူလတန္း အငယ္တန္း အလတ္တန္း အၾကီးတန္းဟူေသာ အဆင့္ေလးဆင့္ကို ေက်ာ္ျဖတ္ေအာင္ျမင္ရမည္ ျဖစ္သည္။
ထိုအဆင့္ေလးဆင့္တြင္ ႐ွင္ရဟန္းတို႔လိုက္နာက်င့္ဖြယ္ ဝိနယပိဋကတ္ အႏွစ္ခ်ဳပ္ ႐ွင္က်င့္ဝတ္ရဟန္းက်င့္ဝတ္ ဘိကၡဳနီက်င့္ဝတ္မ်ားကိုလည္းေကာင္း၊
ပိဋကတ္သုံးပုံ (သို႔)ပါဠိစာေပးသို႔ ခ်ဥ္းကပ္နည္း ျဖစ္ေသာ အ႒ကထာ,ဋီကာ အယူအဆ ေယဘုယ် ပုံေသနည္းျဖစ္သည့္ သဒၵါဘာသာရပ္ကိုလည္းေကာင္း၊
အဘိဓမၼာဘာသာရပ္၏ အႏွစ္ခ်ဳပ္ အရေကာက္ပုံေသနည္းျဖစ္သည့္ သျဂႋဳဟ္က်မ္းႏွင့္ အဘိဓမၼာပိဋကတ္၏ အႏွစ္ခ်ဳပ္ အရေကာက္ပုံမ်ားကို တတ္ကြၽမ္းရန္ ဓာတုကထာ ယမိုက္ ပ႒ာန္း စေသာအႏွစ္သာရမ်ားကို လည္းေကာင္း၊
ပါဠိေဝါဟာရ ပါဠိကဗ်ာ စကားအလကၤာ ကြၽမ္းက်င္ရန္ အဘိဓာန္ အလကၤာဆန္းတို႔ကိုလည္းေကာင္း၊
သုတၱႏၲပိဋကတ္၌ ေ႐ွ႕ကေျပာခဲ့ေသာ သဒၵါ အဘိဓမၼာ အဘိဓာန္ အလကၤာ ဂါထာတို႔ျဖင့္ တန္ဆာ ဆင္ထားေၾကာင္း သက္ေသျပေသာ အေနအားျဖင့္ သုတၱာန္လာ ဇာတ္ဝတၱဳ အခ်ဳိ႕ကို အနက္ေပး ဘာသာျပန္ဟန္ ပါဠိသဒၵါဝါက်ဖြဲ႔စည္းဟန္ သခၤန္းစာယူဖြင့္ ဝတၳဳအက်ဥ္းခ်ဳပ္ဟန္အျဖစ္ အတန္းလိုက္ျပ႒ာန္း ထားသည္။
ထိုအဆင့္ေလးဆင့္ကို ေအာင္ျမင္ေအာင္ ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ဓမၼာစရိယတန္းသို႔ ေရာက္လာၾကသည္။
ထိုဓမၼာစရိယတန္းကို ေအာင္ျမင္ပါက ႏိုင္ငံေတာ္အဆင့္ အသိအမွတ္ျပဳ သာသနဓဇဓမၼာစရိယ ဘြဲ႔တံဆိပ္ ဆက္ကပ္ျခင့္ခံရမည္။
ထိုဓမၼာစရိယတန္းတြင္ ဝိနယပိဋကတ္၏ အစက်မ္း ပါရာဇိကက႑ပါဠိ အ႒ကထာတို႔ကိုလည္းေကာင္း၊
သုတၱာန္ပိဋကတ္လာ ဒီဃနိကာယ္၏ အစက်မ္း သီလကၡႏၶဝဂၢပါဠိ အ႒ကထာတို႔ကိုလည္းေကာင္း၊
အဘိဓမၼာပိဋကတ္၏ အစက်မ္း ပါဠိ အ႒ကထာတို႔ကိုလည္းေကာင္း ပထမေန႔ ဒုတိယေန႔ ႏွစ္ရက္စီ ေျဖဆိုရစည္။ ဒုတိယေန႔ အာစရိယဝါဒ နာနာဝါဒ အယူအဆ အကြဲအလြဲမ်ားေသာ ေနျဖစ္သည္။
ဓမၼာစရိယ စာေမးပြဲသည္ သမာ႐ိုက်ေအာင္ျမင္ေအာင္ ေျဖဆိုႏုိင္တာနဲ႔ ဗုဒၶဘာသာဆိုင္ရာ အရည္အခ်င္းရွိတဲ့ ဘြဲ႔တံဆိပ္အျဖစ္ ကမၻာ့အလယ္မွာလည္း ရပ္တည္ႏိုင္ပါတယ္။ (MA,PhD ဂုဏ္ကို တပ္မက္ေမာေနၾကလို႔သာ ဓမၼာစရိယဘြဲ႔တံဆိပ္က အႏွိမ္ခံဘဝျဖင့္ MA,PhDေအာက္ ေရာက္သြားျခင္း ျဖစ္သည္။ လိုင္းမတူတာကို လိုင္းညႇိယူခ်င္ရင္ေတာ့ အျမင္အႏွိမ့္ဒဏ္ေတာ့ ခံရမည္သာ။
ပထမႀကီးတန္းေအာင္ ဒီပလိုမာတန္းေအာင္ျဖင့္ BA, MA,PhD ဘြဲ႔မ်ားကို ရယူႏိုင္ၾကသည့္ အ႐ွင္မ်ား ျမန္မာႏိုင္ငံတြင္ အမ်ားႀကီး ေပၚထြက္ေနၾကသည့္ သို႔ေသာ္ ပထမႀကီးတန္းျဖင့္သာ ဓမၼာစရိယဘြဲ႔ေျဖဆိုခြင့္ ရႏိုင္၍ ဒီပလိုမာတန္းျဖင့္ ဓမၼာစရိယတန္းေျဖဆိုခြင့္ မရတာေတာ့ ဓမၼာစရိယဘြဲ႔ရဲ႕ မတူတဲ့ စြမ္းရည္လို႔ဆိုႏိုင္တယ္။
သာမေဏေက်ာ္ဘြဲ႔ရေအာင္ ႀကိဳးစားခဲ့ၾကတဲ့ အရွင္ေတြဟာ ပထမႀကီးတန္းေအာင္ၿပီးေနာက္ ဓမၼာစရိယစာေမးပြဲကို ေအာင္ျမင္ရန္ အခက္အခဲသိက္မ႐ွိ ေအာင္ျမင္ၾကသည္ကို ေထာက္ဆ၍ ဓမၼာစရိယစာေမးပြဲသည္ ငယ္လတ္ႀကီး ေအာက္သက္မေက်ခဲ့က ေအာက္စာေတြ မပုိင္သျဖင့္ ေအာင္ျမင္ဖို႔ မလြယ္ပါ။ ရုိးရုိးသာမန္ ငယ္ လတ္ ၾကီးေအာင္ျပီး တက္လာတဲ့ အရွင္ေတြ အတြက္ ဆယ္စုႏွစ္တစ္ခုေလာက္အထိ ေျဖဆိုေနၾကရသည္။
ဓမၼာစရိယတန္း ခက္ခဲ့ရျခင္းမွာ စာသင္သားဘက္က ေအာက္သက္မေက်ၾကျခင္းထက္ ဓမၼာစရိယတန္းဆိုင္ရာ ပညာေရးအဖြဲ႔တြင္ တာဝန္း႐ွိၾကသည့္ မဟနဆရာေတာ္မ်ားႏွင့္ ထိုမဟနဆရာေတာ္မ်ားအဖြဲ႔က အသိအမွတ္ျပဳထားသည့္ ပုစၦက ဆရာေတာ္မ်ားေၾကာင့္သာ ဓမၼာစရိယတန္း စာေမးပြဲ ပိုခက္ေနရျခင္းျဖစ္သည္။
စာသင္သားဘက္က ေအာက္သက္မေက်ၾကျခင္းက ေအာက္သက္မေက်ၾကေသာ စာသင္သားအခ်ဳိ႕အတြက္သာ ထိခိုက္ နစ္နာရသည္။ ဓမၼာစရိယတန္းဆိုင္ရာ ပညာေရးအဖြဲ႔တြင္ တာဝန္း႐ွိၾကသည့္ မဟနဆရာေတာ္မ်ားႏွင့္ ထိုမဟနဆရာေတာ္မ်ားအဖြဲ႔က အသိအမွတ္ျပဳထားသည့္ ပုစၦက ဆရာေတာ္မ်ားေၾကာင့္ ခက္ခဲေနရျခင္းသည္ကား စာေျဖအ႐ွင္မ်ား နစ္နာၾကသည့္အျပင္ သာသနာေတာ္လည္း နစ္နာရလို ႏိုင္ငံေတာ္ႀကီးလည္း နစ္ရေပသည္။
သာသနာေတာ္နစ္နာျခင္းမွာ ဓမၼာစရိယတန္း က်႐ုံးသျဖင့္ သာသနာေတာ္မ်ား ထြက္သြားၾကျခင္း၊ သာသနာေတာ္တြင္ ေယာင္ေတာင္ေတာင္ ေနျဖစ္သြားၿပီ အေပ်ာ္အပါးဘက္ ယိုင္သြားၾကျခင္း၊ သမဏသာ႐ုပၸ ကင္းေပ်ာက္ေနၾကျခင္း၊ ဂုဏ္မ႐ွိသျဖင့္ ခပ္ေပါ့ေပါ့ေနကာ သာသနာေရးလုပ္ငန္းမ်ား အားမထုတ္ၾကျခင္းတို႔ျဖင့္ သာသနာအတြက္ နစ္နာရေလသည္။
ႏိုင္ငံေနာ္အတြက္ နစ္နာရျခင္းမွာ ဓမၼာစရိယက်႐ႈံးသျဖင့္ သာသနာေတာ္တြင္ ေယာင္ေတာင္ေတာင္ ေနျဖစ္သြားၿပီ အေပ်ာ္အပါးဘက္ ယိုင္သြားၾကျခင္း၊ သမဏသာ႐ုပၸ ကင္းေပ်ာက္ေနၾကျခင္း၊ ဂုဏ္မ႐ွိသျဖင့္ ခပ္ေပါ့ေပါ့ေနကာ သာသနာေရးလုပ္ငန္းမ်ား အားမထုတ္ၾကျခင္းတို႔ေၾကာင့္ ႏိုင္ငံအက်ဳိးျပဳ လုပ္ငန္းမ်ားႏွင့္ ႏိုင္ငံေတာ္ ဂုဏ္႐ွိေစေသာ ေနထိုင္က်င့္သုံးနည္းမ်ား မေပၚထြက္လာျခင္း၊ ႏိုင္ငံအတြင္ ေငြေၾကးမ်ားကို ေဒၚလာအျဖစ္လဲလွယ္ကာ BA,MA,PhDဘြဲ႔တို႔အတြက္ ျပည္ပထြက္ၾကေသာ အ႐ွင္မ်ား မ်ားျပားလာျခင္းတို႔ျဖင့္ ႏိုင္ငံေတာ္ႀကီး နစ္နာေနရသည္။
ထို႔ေၾကာင့္ ဓမၼာစရိယတန္းဆိုင္ရာ ပညာေရးအဖြဲ႔တြင္ တာဝန္း႐ွိၾကသည့္ မဟနဆရာေတာ္မ်ားႏွင့္ ထိုမဟနဆရာေတာ္မ်ားအဖြဲ႔က အသိအမွတ္ျပဳထားသည့္ ပုစၦက ဆရာေတာ္မ်ားေၾကာင့္ ခက္ခဲေနရျခင္းသည္ သာသနာႏွင့္ ႏိုင္ငံေတာ္ နစ္နာမႈ ျပဳေစေသာေၾကာင့္ အထူးသတိျပဳ စဥ္းစားကာ ဓမၼာစရိယစာေမးပြဲ အတြက္ အေလ့ဂ႐ုထားသင့္ပါသည္။
ျပ႒ာန္းခ်က္ႏွင့္အညီ ေမးခြန္းထုတ္ၾကေသာ္လည္း စာသင္သားမ်ား နည္းစုံမေလ့လာျဖစ္ခ်ိန္ၾကမွ တစ္ေရးႏိုး ထ၍ နည္းအစုံေမးျခင္းကို ေ႐ွာင္ၾကဥ္ရန္ မဟနဆရာေတာ္မ်ား ဂ႐ုစိုက္သင္ေပသည္။
ဓမၼာစရိယစာေမးပြဲေမးခြန္းတြင္ ေ႐ွ႕ေ႐ွ႕ဆရာေတာ္မ်ား ခ်မွတ္ခဲ့သည့္ နည္းစနစ္မ်ား မေပ်ာက္ပ်က္ရန္ႏွင့္ ႏွစ္စဥ္ နည္းအစုံ ပါဝင္ေအာင္ ေမးခြန္းထုတ္သင့္ေပသည္။
ကမၻာက အသိအမွတ္ျပဳရသည့္ ရဟန္းေတာ္တို႔အတြက္ ျမန္မာႏိုင္ငံ၏ ဓမၼာစရိယတန္း စာေမးပြဲအတြက္ ႏိုင္ငံေတာ္အဆင့္ နည္းစနစ္ စာအုပ္မ်ား ထုတ္ေဝႏိုင္မ႐ွိေသးျခင္းက ဓမၼာစရိယစာေမးပြဲရဲ႕အခက္အခဲ့တစ္ခု ျဖစ္သည္။
နည္းစနစ္မ်ားကို က်မ္းစာအုပ္အျဖစ္ ထုတ္ေဝရင္ေတာ့ ပ႒ာန္းက်မ္းကို အက်ယ္စာအုပ္ထုတ္ေဝသေလာက္ မ်ားျပားသြားႏိုင္ေသာေၾကာင့္ အစုံထုတ္ေဝရန္ မတိုက္တြန္းပါ။
သို႔ေသာ္ မဟနဆဏာေတာ္မ်ား အေနျဖင့္ ဆရာေတာ္အသီးထုတ္ေဝၾကသည္ျဖစ္ေစ တပည့္မ်ားက ကူယူထုတ္ေဝသည္ျဖစ္ေစ ထိုစာအုပ္မ်ားကို က်မ္းတိုက္စာေပစီးစစ္ၿပီး တိက်မွန္ကန္မႈ ႐ွိမွသာ တရားဝင္ ခြင့္ျပဳသင့္သည္။
ပုစၦက ဆရာေတာ္မ်ားကိုလည္း ထိုကဲ့သို႔တရားဝင္ ပြဲလယ္ပညာကို ခ်ျပႏိုင္စြမ္း႐ွိေသာ ခ်ျပႏိုင္စြမ္း႐ွိေအာင္ ငါ့တပည့္သူ႔တပည့္ မခြဲျခားပဲ မည္သူမဆို ေလ့လာခြင့္႐ွိေအာင္ အားအစြမ္းျပၾကသည့္ ထိုကဲ့သို႔ ဆရာမ်ဳိးကိုသာ ပုစၦကအျဖစ္ ေရႊခ်ယ္သင္ေပသည္။
ႏိုင္ငံေတာ္အဆင့္ စာေပစီးစစ္ျခင္း မခံေသးေသာ အေျဖ႐ွင္ စာအုပ္မ်ားပါ အမွာကို က်က္မွတ္ၿပီး ေျဖဆိုေလ့႐ွိေသာ စာသင္သား၏အေျဖ မွားပါက မဟနဆရာေတာ္မ်ားႏွင့္ ပုစၦက ဆရာေတာ္တို႔အား အျပစ္ဆိုဖြယ္မ႐ွိေတာ့ေပ။
ယခုမူ မဟနဆရာေတာ္မ်ား ေရြးခ်ယ္ထားေသာ ပုစၦက ဆရာေတာ္မ်ားသည္ မည္သူမဆို ၾကည့္႐ႈႏိုင္ေအာင္ ထုတ္ေဝးထားသည့္ စာအုပ္႐ွင္မ်ား၏ သတိေမ့ေလ်ာ့မႈကို ေခ်ာင္းေျမာင္း အမွား႐ွာ၍ ပညာျပ ေမးခြန္းျပဳကာ ပုစၦာထုတ္ေနသည္ကာ သာသနာျပဳရမေရာက္၊ သာသနာဖ်က္သကဲ့သို႔ပင္ ျဖစ္ေနေပသည္။
ထြက္ၿပီးသားစာအုပ္ေတြပါအတိုင္း က်က္မွတ္ေလ့ ႐ွိၾကေသာ စာသင္သားမ်ား မေတြးတာကို ေအာက္သက္မေက်ဟု အျပစ္တင္၍ မရေပ၊
အဂၢသာဝက ႏွစ္ပါး အတူရဟန္းျပဳၾကေသာ္လည္း
ပညာအရာ ဧတဒဂ္ဘြဲ႔႐ွင္ အ႐ွင္သာရိပုတၱရာမေထရ္က ဘုရားေဟာေသာတရားကို ဉာဏ္ျဖင့္ စဥ္းစားေန၍ ရဟႏၱာျဖစ္ေနာက္က်ရပုံႏွင့္ ေလးစားထိုက္တဲ့ ျမတ္စြာဘုရား၏ တရားပဲ အမွားမ႐ွိႏိုင္ဘူးလို႔ ယူဆၿပီး ဘုရားေဟာသည့္အတိုင္း ဉာဏ္မကစားဘဲ ေလ့က်င့္ခဲ့အ႐ွင္ေမာဂၢလာန္မေထရ္က ရဟႏၱာအရင္ ျဖစ္ခြင့္ ရခဲ့သည္ကိုေထာက္၍ စာအုပ္မ်ားတကယ္အားကိုထိုက္ေအာင္ ႏိုင္ငံေတာ္အဆင့္ စံနမူနာပို႔ခ်ခ်က္ မျဖစ္ခ်င္းက မဟနဆရာေတာ္မ်ားတြင္သာ တာဝန္႐ွိေပသည္။
မဟနဆရာေတာ္မ်ား အျပစ္လြတ္ကင္း၍ ဓမၼာစရိယစာေမးပြဲ အဆင့္မီေစရန္
၁။ ယခုႏွစ္ကဲ့ တေရးႏိုး ထေမး ေမးခြန္းမ်ဳိး မေမးဘဲ ႏွစ္ျခား(သို႔မဟုတ္) ႏွစ္စဥ္ စည္းမ်ဥ္စုံေအာင္ေမးသင့္သည္
၂။ ႏိုင္ငံေတာ္အဆင့္ ဓမၼာစရိယ
စည္းမ်ဥ္းအစုံ ပုံေသနည္းစာအုပ္ ထုတ္ေဝျခင္း
၃။ ဓမၼာစရိယဝါက်စဥ္ စည္းမ်ဥ္းအို႔ခ်ခ်က္မ်ား စာရြက္အခက္အခဲအတြက္ မထုတ္ႏိုင္ရင္ထား ထုတ္ေဝေနၾကသည့္ ဝါက်စဥ္ ပိုခ်ခ်က္ စာအုပ္မ်ားကို စာေပစီးစစ္၍ သတိေမ့ေလ်ာ့ခ်က္မ်ားကို ျပင္ဆင္ကာ ႏိုင္ငံေတာ္အဆင့္ အသိအမွတ္ျပဳ စာအုပ္အျဖစ္ အသိအမွတ္ျပဳသင့္ေပသည္
၃။ မိမိတပည့္ သူ႔တပည့္မခြဲျခားဘဲ ထိုကဲ့သို႔ ဝာက်စဥ္ပို႔ခ်ခ်က္ စာအုပ္မ်ဳိး ထုတ္ေဝႏိုင္စြမ္း႐ွိေသာ ပို႔ခ်ထုတ္ေဝေနေသာ ဆရာမ်ဳိးကိုသာ ႏိုင္ငံအသိအမွတ္ျပဳ ဓမၼာစရိယ ပုစၦက ဆရာေတာ္မ်ားအျဖစ္ အလွည့္က် ေရြးခ်ယ္၍ ပုစၦကခန္႔သင့္သည္ဟု ယူဆမိပါသည္
ေအာက္သက္မေက်ၾကေသာ စာသင္သားမ်ားေၾကာင့္ ဓမၼာစရိယတန္းစာေမးပြဲ႔ ခက္ခဲ့ေနရျခင္းသည္
ေအာက္သက္မေက်ေသာ စာသင္သားအတြက္သာ နစ္နာ၏။
ဓမၼာစရိယတန္းဆိုင္ရာ ပညာေရးအဖြဲ႔တြင္ တာဝန္း႐ွိၾကသည့္ မဟနဆရာေတာ္မ်ားႏွင့္ ထိုမဟနဆရာေတာ္မ်ားအဖြဲ႔က အသိအမွတ္ျပဳထားသည့္ ပုစၦက ဆရာေတာ္မ်ား က်မ္းမွားက်မ္းေခ်ာင္း ပုစၦကမ်ားကို ေရြခ်ယ္ ေနျခင္းေၾကာင့္ စာေမးပြဲက်ျခင္းသည္ သာသနာေတာ္ႏွင့္ ႏိုင္ငံပါ နစ္နာေစသည္ကို "ဓမၼာစရိယစာေမးပြဲ
ခက္ရျခင္း၏ အေၾကာင္းႏွင့္ သတိျပဳဖို႔ အခ်ိန္တန္ၿပီ" ေခါင္းစဥ္ေပးကာ
သတိျပဳ စဥ္းစားဆင္ျခင္ေတာ္မူႏိုင္ၾကေစရန္ ေရးသာရျခင္း ျဖစ္ပါသည္။
မွတ္ခ်က္။ အနီးအနားႏွင့္ အြန္လိုင္းေပၚတြင္ ဓမၼာစရိယတန္း ၁၃၈၀-ျပည့္ႏွစ္ သီလကၡန္ဒုတိယေန႔ ေမးခြန္းေၾကာင့္ ညဥ္းညဴၿပီး မေက်မနပ္ျဖစ္ေနၾကေသာ ညီေတာ္ေနာင္ေတာ္မ်ားကို ျမင္ေနရ၍ မိမိအေတြးအျမင္ကို ဖုန္းျဖင့္ မွတ္ခ်က္ျပဳ ေရးသားရျခင္းျဖစ္သည္ အမွားပါက ခြင့္လႊတ္၍သာ ႐ႈေတာ္မူၾကပါဘုရား။
#########
#ဓမၼာစရိယအလင္းအိမ္
Unicode
"ဓမ္မာစရိယစာမေးပွဲ ခက်ရခြင်း၏ အကြောင်းနှင့် သတိပြုဖို့ အချိန်တန်ပြီ"
******
ဓမ္မာစရိယစာမေးပွဲသည် ပြဋ္ဌာန်းစာကြောင့် မခက်ပါ။ ဓမ္မာစရိယ စာမေးပွဲ ပြဌာန်းစာများထက် မဟနအဖွဲ့ အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့်သာ ခက်နေခြင်း ဖြစ်သည်။
ဓမ္မာစရိယ စာမေးပွဲသည် နိုင်ငံတော်အစိုးရက ကျင်းပသောကြောင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် အလွန်ထင်ရှားကျော်ကြားသော စာမေးပွဲဖြစ်သည်။
မဟာယာနဗုဒ္ဓဘာသာ ရဟန်းတော်များကပင် ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်များကို ဗုဒ္ဓမြတ်စွာ၏ တရားတော်များနှင့်ကို သင့်ယူရာတွင် အလေးဂရုပြုကြကြောင်း၊ ထေရဝါဒရဟန်းတော် အချင်းချင်းပင် မြန်မာနိုင်ငံ ရဟန်းတော်များကို လေးစားကြကြောင်းကို အပြည်ပြည်ဆိုင်ရာ ပါချုပ်ဆရာတော် ဘုရား၏ မိန့်ဆိုထားသည်ကို သတိပြုခြင်းဖြင့် မြန်မာရဟန်းတော်များ ပညာရေးသည် မနှိပ်ကျပေ။
ထိုဓမ္မာစရိယစာမေးပွဲ ဝင်ခွင့်အတွက် မူလတန်း အငယ်တန်း အလတ်တန်း အကြီးတန်းဟူသော အဆင့်လေးဆင့်ကို ကျော်ဖြတ်အောင်မြင်ရမည် ဖြစ်သည်။
ထိုအဆင့်လေးဆင့်တွင် ရှင်ရဟန်းတို့လိုက်နာကျင့်ဖွယ် ဝိနယပိဋကတ် အနှစ်ချုပ် ရှင်ကျင့်ဝတ်ရဟန်းကျင့်ဝတ် ဘိက္ခုနီကျင့်ဝတ်များကိုလည်းကောင်း၊
ပိဋကတ်သုံးပုံ (သို့)ပါဠိစာပေးသို့ ချဉ်းကပ်နည်း ဖြစ်သော အဋ္ဌကထာ,ဋီကာ အယူအဆ ယေဘုယျ ပုံသေနည်းဖြစ်သည့် သဒ္ဒါဘာသာရပ်ကိုလည်းကောင်း၊
အဘိဓမ္မာဘာသာရပ်၏ အနှစ်ချုပ် အရကောက်ပုံသေနည်းဖြစ်သည့် သင်္ဂြိုဟ်ကျမ်းနှင့် အဘိဓမ္မာပိဋကတ်၏ အနှစ်ချုပ် အရကောက်ပုံများကို တတ်ကျွမ်းရန် ဓာတုကထာ ယမိုက် ပဋ္ဌာန်း စသောအနှစ်သာရများကို လည်းကောင်း၊
ပါဠိဝေါဟာရ ပါဠိကဗျာ စကားအလင်္ကာ ကျွမ်းကျင်ရန် အဘိဓာန် အလင်္ကာဆန်းတို့ကိုလည်းကောင်း၊
သုတ္တန္တပိဋကတ်၌ ရှေ့ကပြောခဲ့သော သဒ္ဒါ အဘိဓမ္မာ အဘိဓာန် အလင်္ကာ ဂါထာတို့ဖြင့် တန်ဆာ ဆင်ထားကြောင်း သက်သေပြသော အနေအားဖြင့် သုတ္တာန်လာ ဇာတ်ဝတ္တု အချို့ကို အနက်ပေး ဘာသာပြန်ဟန် ပါဠိသဒ္ဒါဝါကျဖွဲ့စည်းဟန် သင်္ခန်းစာယူဖွင့် ဝတ္ထုအကျဉ်းချုပ်ဟန်အဖြစ် အတန်းလိုက်ပြဋ္ဌာန်း ထားသည်။
ထိုအဆင့်လေးဆင့်ကို အောင်မြင်အောင် ကျော်ဖြတ်ခဲ့ပြီးနောက် ဓမ္မာစရိယတန်းသို့ ရောက်လာကြသည်။
ထိုဓမ္မာစရိယတန်းကို အောင်မြင်ပါက နိုင်ငံတော်အဆင့် အသိအမှတ်ပြု သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ် ဆက်ကပ်ခြင့်ခံရမည်။
ထိုဓမ္မာစရိယတန်းတွင် ဝိနယပိဋကတ်၏ အစကျမ်း ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာတို့ကိုလည်းကောင်း၊
သုတ္တာန်ပိဋကတ်လာ ဒီဃနိကာယ်၏ အစကျမ်း သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာတို့ကိုလည်းကောင်း၊
အဘိဓမ္မာပိဋကတ်၏ အစကျမ်း ပါဠိ အဋ္ဌကထာတို့ကိုလည်းကောင်း ပထမနေ့ ဒုတိယနေ့ နှစ်ရက်စီ ဖြေဆိုရစည်။ ဒုတိယနေ့ အာစရိယဝါဒ နာနာဝါဒ အယူအဆ အကွဲအလွဲများသော နေဖြစ်သည်။
ဓမ္မာစရိယ စာမေးပွဲသည် သမာရိုကျအောင်မြင်အောင် ဖြေဆိုနိုင်တာနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အရည်အချင်းရှိတဲ့ ဘွဲ့တံဆိပ်အဖြစ် ကမ္ဘာ့အလယ်မှာလည်း ရပ်တည်နိုင်ပါတယ်။ (MA,PhD ဂုဏ်ကို တပ်မက်မောနေကြလို့သာ ဓမ္မာစရိယဘွဲ့တံဆိပ်က အနှိမ်ခံဘဝဖြင့် MA,PhDအောက် ရောက်သွားခြင်း ဖြစ်သည်။ လိုင်းမတူတာကို လိုင်းညှိယူချင်ရင်တော့ အမြင်အနှိမ့်ဒဏ်တော့ ခံရမည်သာ။
ပထမကြီးတန်းအောင် ဒီပလိုမာတန်းအောင်ဖြင့် BA, MA,PhD ဘွဲ့များကို ရယူနိုင်ကြသည့် အရှင်များ မြန်မာနိုင်ငံတွင် အများကြီး ပေါ်ထွက်နေကြသည့် သို့သော် ပထမကြီးတန်းဖြင့်သာ ဓမ္မာစရိယဘွဲ့ဖြေဆိုခွင့် ရနိုင်၍ ဒီပလိုမာတန်းဖြင့် ဓမ္မာစရိယတန်းဖြေဆိုခွင့် မရတာတော့ ဓမ္မာစရိယဘွဲ့ရဲ့ မတူတဲ့ စွမ်းရည်လို့ဆိုနိုင်တယ်။
သာမဏေကျော်ဘွဲ့ရအောင် ကြိုးစားခဲ့ကြတဲ့ အရှင်တွေဟာ ပထမကြီးတန်းအောင်ပြီးနောက် ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ရန် အခက်အခဲသိက်မရှိ အောင်မြင်ကြသည်ကို ထောက်ဆ၍ ဓမ္မာစရိယစာမေးပွဲသည် ငယ်လတ်ကြီး အောက်သက်မကျေခဲ့က အောက်စာတွေ မပိုင်သဖြင့် အောင်မြင်ဖို့ မလွယ်ပါ။ ရိုးရိုးသာမန် ငယ် လတ် ကြီးအောင်ပြီး တက်လာတဲ့ အရှင်တွေ အတွက် ဆယ်စုနှစ်တစ်ခုလောက်အထိ ဖြေဆိုနေကြရသည်။
ဓမ္မာစရိယတန်း ခက်ခဲ့ရခြင်းမှာ စာသင်သားဘက်က အောက်သက်မကျေကြခြင်းထက် ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့်သာ ဓမ္မာစရိယတန်း စာမေးပွဲ ပိုခက်နေရခြင်းဖြစ်သည်။
စာသင်သားဘက်က အောက်သက်မကျေကြခြင်းက အောက်သက်မကျေကြသော စာသင်သားအချို့အတွက်သာ ထိခိုက် နစ်နာရသည်။ ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့် ခက်ခဲနေရခြင်းသည်ကား စာဖြေအရှင်များ နစ်နာကြသည့်အပြင် သာသနာတော်လည်း နစ်နာရလို နိုင်ငံတော်ကြီးလည်း နစ်ရပေသည်။
သာသနာတော်နစ်နာခြင်းမှာ ဓမ္မာစရိယတန်း ကျရုံးသဖြင့် သာသနာတော်များ ထွက်သွားကြခြင်း၊ သာသနာတော်တွင် ယောင်တောင်တောင် နေဖြစ်သွားပြီ အပျော်အပါးဘက် ယိုင်သွားကြခြင်း၊ သမဏသာရုပ္ပ ကင်းပျောက်နေကြခြင်း၊ ဂုဏ်မရှိသဖြင့် ခပ်ပေါ့ပေါ့နေကာ သာသနာရေးလုပ်ငန်းများ အားမထုတ်ကြခြင်းတို့ဖြင့် သာသနာအတွက် နစ်နာရလေသည်။
နိုင်ငံနော်အတွက် နစ်နာရခြင်းမှာ ဓမ္မာစရိယကျရှုံးသဖြင့် သာသနာတော်တွင် ယောင်တောင်တောင် နေဖြစ်သွားပြီ အပျော်အပါးဘက် ယိုင်သွားကြခြင်း၊ သမဏသာရုပ္ပ ကင်းပျောက်နေကြခြင်း၊ ဂုဏ်မရှိသဖြင့် ခပ်ပေါ့ပေါ့နေကာ သာသနာရေးလုပ်ငန်းများ အားမထုတ်ကြခြင်းတို့ကြောင့် နိုင်ငံအကျိုးပြု လုပ်ငန်းများနှင့် နိုင်ငံတော် ဂုဏ်ရှိစေသော နေထိုင်ကျင့်သုံးနည်းများ မပေါ်ထွက်လာခြင်း၊ နိုင်ငံအတွင် ငွေကြေးများကို ဒေါ်လာအဖြစ်လဲလှယ်ကာ BA,MA,PhDဘွဲ့တို့အတွက် ပြည်ပထွက်ကြသော အရှင်များ များပြားလာခြင်းတို့ဖြင့် နိုင်ငံတော်ကြီး နစ်နာနေရသည်။
ထို့ကြောင့် ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့် ခက်ခဲနေရခြင်းသည် သာသနာနှင့် နိုင်ငံတော် နစ်နာမှု ပြုစေသောကြောင့် အထူးသတိပြု စဉ်းစားကာ ဓမ္မာစရိယစာမေးပွဲ အတွက် အလေ့ဂရုထားသင့်ပါသည်။
ပြဋ္ဌာန်းချက်နှင့်အညီ မေးခွန်းထုတ်ကြသော်လည်း စာသင်သားများ နည်းစုံမလေ့လာဖြစ်ချိန်ကြမှ တစ်ရေးနိုး ထ၍ နည်းအစုံမေးခြင်းကို ရှောင်ကြဉ်ရန် မဟနဆရာတော်များ ဂရုစိုက်သင်ပေသည်။
ဓမ္မာစရိယစာမေးပွဲမေးခွန်းတွင် ရှေ့ရှေ့ဆရာတော်များ ချမှတ်ခဲ့သည့် နည်းစနစ်များ မပျောက်ပျက်ရန်နှင့် နှစ်စဉ် နည်းအစုံ ပါဝင်အောင် မေးခွန်းထုတ်သင့်ပေသည်။
ကမ္ဘာက အသိအမှတ်ပြုရသည့် ရဟန်းတော်တို့အတွက် မြန်မာနိုင်ငံ၏ ဓမ္မာစရိယတန်း စာမေးပွဲအတွက် နိုင်ငံတော်အဆင့် နည်းစနစ် စာအုပ်များ ထုတ်ဝေနိုင်မရှိသေးခြင်းက ဓမ္မာစရိယစာမေးပွဲရဲ့အခက်အခဲ့တစ်ခု ဖြစ်သည်။
နည်းစနစ်များကို ကျမ်းစာအုပ်အဖြစ် ထုတ်ဝေရင်တော့ ပဋ္ဌာန်းကျမ်းကို အကျယ်စာအုပ်ထုတ်ဝေသလောက် များပြားသွားနိုင်သောကြောင့် အစုံထုတ်ဝေရန် မတိုက်တွန်းပါ။
သို့သော် မဟနဆဏာတော်များ အနေဖြင့် ဆရာတော်အသီးထုတ်ဝေကြသည်ဖြစ်စေ တပည့်များက ကူယူထုတ်ဝေသည်ဖြစ်စေ ထိုစာအုပ်များကို ကျမ်းတိုက်စာပေစီးစစ်ပြီး တိကျမှန်ကန်မှု ရှိမှသာ တရားဝင် ခွင့်ပြုသင့်သည်။
ပုစ္ဆက ဆရာတော်များကိုလည်း ထိုကဲ့သို့တရားဝင် ပွဲလယ်ပညာကို ချပြနိုင်စွမ်းရှိသော ချပြနိုင်စွမ်းရှိအောင် ငါ့တပည့်သူ့တပည့် မခွဲခြားပဲ မည်သူမဆို လေ့လာခွင့်ရှိအောင် အားအစွမ်းပြကြသည့် ထိုကဲ့သို့ ဆရာမျိုးကိုသာ ပုစ္ဆကအဖြစ် ရွှေချယ်သင်ပေသည်။
နိုင်ငံတော်အဆင့် စာပေစီးစစ်ခြင်း မခံသေးသော အဖြေရှင် စာအုပ်များပါ အမှာကို ကျက်မှတ်ပြီး ဖြေဆိုလေ့ရှိသော စာသင်သား၏အဖြေ မှားပါက မဟနဆရာတော်များနှင့် ပုစ္ဆက ဆရာတော်တို့အား အပြစ်ဆိုဖွယ်မရှိတော့ပေ။
ယခုမူ မဟနဆရာတော်များ ရွေးချယ်ထားသော ပုစ္ဆက ဆရာတော်များသည် မည်သူမဆို ကြည့်ရှုနိုင်အောင် ထုတ်ဝေးထားသည့် စာအုပ်ရှင်များ၏ သတိမေ့လျော့မှုကို ချောင်းမြောင်း အမှားရှာ၍ ပညာပြ မေးခွန်းပြုကာ ပုစ္ဆာထုတ်နေသည်ကာ သာသနာပြုရမရောက်၊ သာသနာဖျက်သကဲ့သို့ပင် ဖြစ်နေပေသည်။
ထွက်ပြီးသားစာအုပ်တွေပါအတိုင်း ကျက်မှတ်လေ့ ရှိကြသော စာသင်သားများ မတွေးတာကို အောက်သက်မကျေဟု အပြစ်တင်၍ မရပေ၊
အဂ္ဂသာဝက နှစ်ပါး အတူရဟန်းပြုကြသော်လည်း
ပညာအရာ ဧတဒဂ်ဘွဲ့ရှင် အရှင်သာရိပုတ္တရာမထေရ်က ဘုရားဟောသောတရားကို ဉာဏ်ဖြင့် စဉ်းစားနေ၍ ရဟန္တာဖြစ်နောက်ကျရပုံနှင့် လေးစားထိုက်တဲ့ မြတ်စွာဘုရား၏ တရားပဲ အမှားမရှိနိုင်ဘူးလို့ ယူဆပြီး ဘုရားဟောသည့်အတိုင်း ဉာဏ်မကစားဘဲ လေ့ကျင့်ခဲ့အရှင်မောဂ္ဂလာန်မထေရ်က ရဟန္တာအရင် ဖြစ်ခွင့် ရခဲ့သည်ကိုထောက်၍ စာအုပ်များတကယ်အားကိုထိုက်အောင် နိုင်ငံတော်အဆင့် စံနမူနာပို့ချချက် မဖြစ်ချင်းက မဟနဆရာတော်များတွင်သာ တာဝန်ရှိပေသည်။
မဟနဆရာတော်များ အပြစ်လွတ်ကင်း၍ ဓမ္မာစရိယစာမေးပွဲ အဆင့်မီစေရန်
၁။ ယခုနှစ်ကဲ့ တရေးနိုး ထမေး မေးခွန်းမျိုး မမေးဘဲ နှစ်ခြား(သို့မဟုတ်) နှစ်စဉ် စည်းမျဉ်စုံအောင်မေးသင့်သည်
၂။ နိုင်ငံတော်အဆင့် ဓမ္မာစရိယ
စည်းမျဉ်းအစုံ ပုံသေနည်းစာအုပ် ထုတ်ဝေခြင်း
၃။ ဓမ္မာစရိယဝါကျစဉ် စည်းမျဉ်းအို့ချချက်များ စာရွက်အခက်အခဲအတွက် မထုတ်နိုင်ရင်ထား ထုတ်ဝေနေကြသည့် ဝါကျစဉ် ပိုချချက် စာအုပ်များကို စာပေစီးစစ်၍ သတိမေ့လျော့ချက်များကို ပြင်ဆင်ကာ နိုင်ငံတော်အဆင့် အသိအမှတ်ပြု စာအုပ်အဖြစ် အသိအမှတ်ပြုသင့်ပေသည်
၃။ မိမိတပည့် သူ့တပည့်မခွဲခြားဘဲ ထိုကဲ့သို့ ဝာကျစဉ်ပို့ချချက် စာအုပ်မျိုး ထုတ်ဝေနိုင်စွမ်းရှိသော ပို့ချထုတ်ဝေနေသော ဆရာမျိုးကိုသာ နိုင်ငံအသိအမှတ်ပြု ဓမ္မာစရိယ ပုစ္ဆက ဆရာတော်များအဖြစ် အလှည့်ကျ ရွေးချယ်၍ ပုစ္ဆကခန့်သင့်သည်ဟု ယူဆမိပါသည်
အောက်သက်မကျေကြသော စာသင်သားများကြောင့် ဓမ္မာစရိယတန်းစာမေးပွဲ့ ခက်ခဲ့နေရခြင်းသည်
အောက်သက်မကျေသော စာသင်သားအတွက်သာ နစ်နာ၏။
ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များ ကျမ်းမှားကျမ်းချောင်း ပုစ္ဆကများကို ရွေချယ် နေခြင်းကြောင့် စာမေးပွဲကျခြင်းသည် သာသနာတော်နှင့် နိုင်ငံပါ နစ်နာစေသည်ကို "ဓမ္မာစရိယစာမေးပွဲ
ခက်ရခြင်း၏ အကြောင်းနှင့် သတိပြုဖို့ အချိန်တန်ပြီ" ခေါင်းစဉ်ပေးကာ
သတိပြု စဉ်းစားဆင်ခြင်တော်မူနိုင်ကြစေရန် ရေးသာရခြင်း ဖြစ်ပါသည်။
မှတ်ချက်။ အနီးအနားနှင့် အွန်လိုင်းပေါ်တွင် ဓမ္မာစရိယတန်း ၁၃၈၀-ပြည့်နှစ် သီလက္ခန်ဒုတိယနေ့ မေးခွန်းကြောင့် ညဉ်းညူပြီး မကျေမနပ်ဖြစ်နေကြသော ညီတော်နောင်တော်များကို မြင်နေရ၍ မိမိအတွေးအမြင်ကို ဖုန်းဖြင့် မှတ်ချက်ပြု ရေးသားရခြင်းဖြစ်သည် အမှားပါက ခွင့်လွှတ်၍သာ ရှုတော်မူကြပါဘုရား။
#########
#ဓမ္မာစရိယအလင်းအိမ်
No comments:
Post a Comment